ရာဖင်ညာ ကို ချိန်ရွယ်ခြင်း၊ မန်ယူ ချယ်ဆီးတို့နဲ့ ပြိုင်ရမယ့် ပစ်မှတ်များ၊ ဂန်းနားတွေ အဆင့် ၃ ဆိုတဲ့ နဗီးလ်နဲ့ အာဆင်နယ် သတင်းတိုများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ အာဆင်နယ် ဟာ လန်ဒန် မြို့ခံပြိုင်ဘက် တော့တင်ဟမ် ဟော့စပါး အသင်းကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင် ကစားပြီး အမှတ်ပေး ဇယား အဆင့် ၁ ကနေ ဒုတိယ နေရာက မန်စီးတီး ကို ၈ မှတ်အထိ ဖြတ်ထား နိုင်ခဲ့ ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာက စပါးကို အနိုင်ယူပြီးနောက် နောက်အပတ် မန်ချက်စတာ ယူနိုက်တက်ကိုလည်း အနိုင် ကစားမယ်လို့ ကြွေးကြော်သွားပါတယ်။

မူဒရစ်ခ် ကို ချဲလ်ဆီး ထံ လက်လွှတ် ခဲ့ရတဲ့ အာဆင်နယ် ဟာ ဘာစီလိုနာ မှာ ကစားနေတဲ့ ဘရာဇီး တောင်ပံ ကစားသမား ရာဖင်ညာ ကို ခေါ်ယူဖို့ စိတ်ဝင်စား လာတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ်။ ရာဖင်ညာက နွေတုန်းကမှ လိဒ်စ်ကနေ ပြောင်းရွှေ့သွားသူပါ။

သရဲနီဟောင်းကြီး ဂယ်ရီ နဗီးလ် က အာဆင်နယ် ဇယား ထိပ်မှာ ၈ မှတ် ဖြတ်ထားပေမယ့် ရာသီကုန်ရင် မန်ချက်စတာ ယူနိုက်တက် နောက် အဆင့် ၃ နေရာမှာပဲ ရပ်တည်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် အသင်းတို့ဟာ ရီးရဲလ်ဘက်တစ် တောင်ပံ တိုက်စစ်သမား Luiz Henrique ကို အပြိုင် စိတ်ဝင်စားနေကြောင်း သတင်းထွက်လာပါတယ်။

အာဆင်နယ်အသင်းဟာ ရီးရဲလ် ဗယ်လာဒိုလစ် ညာစွန် နောက်ခံလူ အိုင်ဗန် ဖရက်စ်နီဒါ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြောင်း တယ်လီဂရပ်ဖ် သတင်းဌာနက ဖော်ပြလာပါတယ်။ အသက် ၁၈ နှစ် အရွယ် ကစားသမားလေး ကို ဥရောပ ကလပ်အသင်း တော်တော်များများ စောင့်ကြည့်နေကြပြီး နယူးကာဆယ်လည်း ပါဝင်ပါတယ်။

ချယ်ဆီး၊ အာဆင်နယ်နဲ့ အင်တာမီလန် အသင်းတို့ဟာ ဗလင်စီယာ ကွင်းလယ် ကစားသမား Yunus Musah ကို အပြိုင် စောင့်ကြည့်နေကြောင်း သတင်းထောက် ရိုမန်နို က ဖော်ထုတ်ထားပါတယ်။