ရိုနယ်ဒိုရဲ့ ရင်ခုန်စရာ ပွဲဦးထွက်၊ မူဒရစ်ကြောင့် ထောက်ပံ့ငွေ ရတဲ့ ယူကရိန်း၊ ပြန်လာတဲ့ ဒီယာ့ဇ်နဲ့ နံနက်ခင်း ဘောလုံး သတင်းများ
လီဗာပူး နည်းပြ ကလော့ ကတော့ အသင်းရဲ့ ရလဒ်တွေ ဆိုးရွား နေသည့်တိုင် အန်ဖီးလ် ကနေ ထွက်ခွာဖို့ စိတ်ကူး မရှိကြောင်း ၊ ဘယ်သူမှလည်း သူ့ကို ထွက်သွားဖို့ စကားပင် မစကြကြောင်း ဖြေကြား သွားခဲ့ ပါတယ် ။
PSG ရဲ့ စပိန် လက်ရွေးစင် ပါဘလို ဆာရာဘီယာ ဟာ ဒီကနေ့ မှာ ဝုဗ် အသင်းနဲ့ ဆေးစစ်မှု ပြုလုပ်ဖို့ ချိန်းဆို ထားပြီ ဖြစ်ကာ အခု အပတ်ထဲမှာ အသင်းသားသစ်အဖြစ် ကြေညာဖွယ် ရှိတယ်လို့ ကြားသိရ ပါတယ် ။
ခရစ္စတီယာနို ရိုနယ်ဒို ဟာ လာမယ့် ဇန်နဝါရီ ၁၉ ရက်နေ့မှာ PSG အသင်းနဲ့ ခြေစမ်းပွဲ ကစားမယ့် ဆော်ဒီ All-Star အသင်းကို အသင်းခေါင်းဆောင် အဖြစ် ပါဝင်လာမယ်လို့ သတင်းတွေ ထွက်လာခဲ့ ပါတယ် ။

ဂျာမန်ကလပ် ဒေါ့မွန် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် လူငယ် တိုက်စစ်သမားလေး အန်တိုနီ အီလန်ဂါ ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ်။ အဲဗာတန် ကလည်း အီလန်ဂါ ကို ခေါ်ယူဖို့ စိတ်ကူး ရှိနေပါတယ် ။
ယူနိုက်တက် ကွင်းလယ်လူ စကော့ မက်တော်မီနေး ဟာလည်း အသင်းမှာ ကစားခွင့် နည်းပါး နေတာကြောင့် အနာဂါတ် ကို စဉ်းစားနေပြီ ဖြစ်ကာ နယူးကာဆယ် က တော်မီနေး ရဲ့ အခြေအနေကို စောင့်ကြည့် နေတယ်လို့ သိရပါတယ် ။
စပါး တိုက်စစ်မှူး ရစ်ချလီဆင် ကတော့ မြောက်လန်ဒန် ဒါဘီ က သူ့ရဲ့ လုပ်ရပ် အတွက် ဖြေရှင်းချက် ပေးခဲ့ပြီး အာဆင်နယ် ဂိုးသမား ရမ်းစဒေး က စပါး ပရိသတ်တွေရှေ့မှာ အောင်ပွဲခံ နေမှုဟာ လေးစားမှု မရှိတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ယူဆတာကြောင့် သွားရောက် ပြောဆိုရာကနေ အချင်းများခဲ့တာ ဖြစ်တယ်လို့ ဆိုသွားခဲ့ ပါတယ်။
ယူကရိန်း ကလပ် ရှက်တာဒိုးနက် ဟာ မူဒရစ်ခ် ကို ချဲလ်ဆီး အသင်းဆီ ရောင်းချရာကနေ ရရှိတဲ့ ပြောင်းရွှေ့ကြေး ထဲက ဒေါ်လာ ၂၅ သန်း ကို ယူကရိန်းအား လှူဒါန်း ထောက်ပံ့ သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ ပါတယ်။
စပါး နည်းပြ ကွန်တီ ဟာ ရာသီအကုန်မှာ လန်ဒန် ကနေ ကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေလည်း ပြန်လည် ထွက်ပေါ်လာခဲ့ပြန် ပါတယ် ။
လီဗာပူး ရဲ့ ကိုလံဘီယာ တောင်ပံ ကစားသမား လူးဝစ် ဒီယာ့ဇ် ကတော့ အားကစားခန်းမ ထဲမှာ ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ လုပ်ဆောင် နိုင်ပြီလို့ ပရိသတ်တွေ ကို အသိပေး သွားခဲ့ ပါတယ် ။
အက်စတွန် ဗီလာ ဟာ မေဂျာလိဂ် မှာ ကစားနေတဲ့ ကိုလံဘီယာ တိုက်စစ်မှူး ဂျွန်ဒူရန် အတွက် အမေရိကန် ဒေါ်လာ ၁၈ သန်း ကို ပေးချေ ကာ ခေါ်ယူသွားမယ်လို့ သိရှိရ ပါတယ် ။