ချယ်ဆီးရဲ့ ကိုင်စီဒို ကမ်းလှမ်းမှု၊ ဟယ်ရီကိန်းကို ခေါ်မယ့် မန်ယူ၊ ကာမာဗင်ဂါ၊ ပယ်လီစထရီနဲ့ နောက်ဆုံး အပြောင်းအရွှေ့ သတင်းများ
ချယ်ဆီးဟာ ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုအတွက် ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းမှု ပေးပို့ခဲ့ပေမယ့် ချက်ချင်းပဲ ပယ်ချခံခဲ့ရပါတယ်။
အက်သလက်တီကို မက်ဒရစ် အသင်းဟာ လက်စတာ ခံစစ်မှူး ဆိုရန်ကူ ကို အခု ဇန်နဝါရီ အပြောင်းအရွှေ့ မကုန်ခင် အရခေါ်ယူဖို့ စိတ်ကူးထားပြီး ကြိုးစား လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ရိုးမား တောင်ပံ ကစားသမားလေး နီကိုလို ဇာနီယိုလို ဟာ စပီဇီယာ နဲ့ ကစားမယ့် လူစာရင်းမှာ ပါဝင် မလာခဲ့ဘဲ အသင်းပြောင်းရွှေ့ဖို့ အတွက် လုပ်ဆောင် နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ်။ ဇာနီယိုလို ကို ပရီးမီးယားလိဂ် က စပါး အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။
ချယ်ဆီး၊ အာဆင်နယ် အသင်းတို့ရဲ့ အငှားခေါ်ဖို့ ချိတ်ဆက်ခံနေရတဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ကာမာဗင်ဂါ ဟာ အသင်းပြောင်းဖို့ မရှိဘူးလို့ ၎င်းရဲ့ အေးဂျင့် ဖြစ်သူက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဗလင်စီယာ အသင်းကတော့ မန်ယူနိုက်တက် လူငယ်လေး ပယ်လီစထရီ ကို အငှား နဲ့ ခေါ်ယူဖို့ အတွက် ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း ကြားသိရ ပါတယ်။
ရီးရဲမက်ဒရစ် ခံစစ်မှူး နာချို ဖာနန်ဒက်စ် ဟာ အသင်း နဲ့ ၁၂ လ ထပ်မံ သက်တမ်း တိုးတော့မယ်လို့လည်း သိရှိရ ပါတယ်။
လက်စတာ စီးတီး အသင်းကတော့ ဒိန်းမတ် ကလပ် ကိုပင်ဟေဂင် ကနေ နောက်ခံလူ ဗစ်တာ ကရစ်စတန်ဆင် ကို ပေါင် ၁၇ သန်း နဲ့ ခေါ်ယူ နိုင်ခဲ့တယ်လို့ ကြေညာ သွားခဲ့ ပါတယ်။
အင်တာမီလန် ခံစစ်မှူး မီလန် စခရီနီယာ ကတော့ နွေရာသီမှာ PSG အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိ ခဲ့ပြီလို့လည်း သတင်းထွက်ပေါ် လာခဲ့ ပါတယ်။
ကမ္ဘာ့ဖလားမှာ ပုံစံကောင်း ပြခဲ့တဲ့ ခရိုအေးရှား နောက်ခံလူ ဂျိုဆစ် ဂျူရာနိုဗစ် ဟာ ဆဲလ်တစ် အသင်းကနေ ယူနီယံ ဘာလင် အသင်းဆီ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။