နိုင်ပွဲဆက်တဲ့ အာဆင်နယ်၊ ဖာဒီနန် အပြစ်တင်တဲ့ မန်ယူအသင်းသား၊ ဘယ်လင်ဟမ်ကို ချုပ်တဲ့ ဂျရတ်နဲ့ နံနက်ခင်း ဘောလုံး သတင်းများ

မနေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ အဆင့် ၁ နေရာက အာဆင်နယ် ဟာ အိမ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက် နဲ့ ယှဉ်ပြိုင် ကစားပြီး ၃-၂ နဲ့ အနိုင် ရရှိခဲ့ ပါတယ်။ ဒီနိုင်ပွဲကြောင့် အာဆင်နယ် ဟာ အဆင့် ၂ နေရာက မန်စီးတီး ကို ၅ မှတ် ဆက်လက် ဖြတ်ထားနိုင်ခဲ့ ပါတယ်။

မန်စီးတီး ကလည်း ဝုဗ် ကို ၃-၀ နဲ့ အနိုင် ရခဲ့ပြီး တိုက်စစ်မှူး အာလင်း ဟာလန်း တယောက်တည်းက ဟက်ထရစ် သွင်းယူ ပေးသွားခဲ့ ပါတယ် ။

သရဲနီဟောင်းကြီး ဖာဒီနန်ကတော့ အာဆင်နယ်နဲ့ ပွဲမှာ ပြိုင်ဘက် ကစားသမားတွေကို တစ်ယောက်မှတောင် မကျော်နိုင်ခဲ့တဲ့ မန်ယူ တောင်ပံတိုက်စစ်သမား အန်တိုနီ အား စိတ်ပျက်စွာ အပြစ်တင်လိုက်ပါတယ်။

စပီဇီယာ အသင်း နည်းပြ လူကာ ဂေါ့တီ ကတော့ Kiwior ရဲ့ အာဆင်နယ် အသင်းဆီ ပြောင်းရွှေ့ သွားမှုဟာ သူ့ကို စိတ်ပျက်ရ စေခဲ့တယ်လို့ ဖွင့်ဟ ပြောဆိုလာခဲ့ ပါတယ် ။

အဲဗာတန် နည်းပြ ဖရန့် လမ်းပတ် ဟာ ချဲလ်ဆီး ရဲ့ မော်ရိုကို တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ် ကို ခေါ်ယူဖို့ ဆက်လက် စိတ်ဝင်စား နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ် အကြီးအကဲ အူလီဟိုးနက်စ် က သူတို့ဟာ စပါး တိုက်စစ်မှူး ဟယ်ရီကိန်း ကို ခေါ်ယူမှာ မဟုတ်ကြောင်း ၊ ပေါင် သန်း ၁၃၀ အထိ ပေးချေ ရမယ့် ဘက်ဂျက်စီမံကိန်းမျိုး သူတို့ ှမှာ မရှိနေကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။

လီဗာပူး ဂန္တဝင် စတီဗင် ဂျရတ်က ကလော့ပ် အဓိက ပစ်မှတ်ထားနေတဲ့ ဒေါ့မွန် ကွင်းလယ်တိုက်စစ်သမား ဘယ်လင်ဟမ် အား ဒေါ့မွန်ထိ သူ ကိုယ်တိုင် လာခေါ်မယ်လို့ ပြောဆို စည်းရုံးလိုက်ပါတယ်။

သြစတြေးလျ အေ-လိဂ် ကလပ် မက် အာသာ အသင်းကို ကိုင်တွယ် နေတဲ့ မန်ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ် ဟာ နည်းပြ အဖြစ် ကနေ ထုတ်ပယ် ခံလိုက်ရပြီ လို့ သိရပါတယ်။

ဝုဗ် အသင်းဟာ ဝက်စ်ဟမ်း ယူနိုက်တက် ရဲ့ ၃၂ နှစ် အရွယ် နောက်ခံလူ ခရစ် ဒေါ်ဆင် ကို ၂ နှစ်ခွဲ သက်တမ်း ရှိတဲ့ စာချုပ် နဲ့ ခေါ်ယူလိုက်ကြောင်း ကြေညာခဲ့ ပါတယ်။

နီကိုလို ဇာနီယိုလို ဟာ ရိုးမား ကနေ ထွက်ခွာဖို့ ခွင့်တောင်းဆို ထားကြောင်း ၊ ဒါပေမယ့် ဒါဟာ လက်ရှိ ဇန်နဝါရီ အတွင်း ဖြစ်လာဖို့ လုံလောက်မှု ရှိမလားဆိုတာ ကိုတော့ သူ သေချာ မပြောနိုင်ကြောင်း ရိုးမား နည်းပြ မော်ရင်ဟို က ပြောဆို သွားခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး ဟာ ဇာနီယိုလို ကို အငှား + အပြီးသတ် ပုံစံမျိုးနဲ့ ကမ်းလှမ်းထားပြီး ရိုးမား ဘက်က ပြန်လည် သုံးသပ် နေတယ်လို့ သိရပါတယ် ။

မာဆေး အသင်းကတော့ ဗီရိုနာ အသင်းကစားသမား အိုင်ဗန် အီလစ် ကို ခေါ်ယူ နိုင်ဖို့ နီးစပ် နေပြီလို့ ကြားသိရ ပါတယ်။