အာဆင်နယ် ခုနေ ဘယ်လို ထိပ်ရောက်ရောက်၊ အချိန်တန်ရင် မန်စီးတီး ဖလားပဲ ဆိုနေတဲ့ သရဲနီဟောင်း ၂ဦး
မန်ယူ ကစားသမားဟောင်းကြီးတွေ ဖြစ်တဲ့ ဂယ်ရီနဗီးလ် နဲ့ ရွိုင်ကိန်း တို့ကတော့ အမှတ်ပေးဇယား ဦးဆောင်ထားသူ အာဆင်နယ်ဟာ မန်ယူအသင်းကို ၃-၂ နဲ့ အနိုင်ယူသွားပေမယ့် အချိန်တန်ရင် မန်ချက်စတာစီးတီး အသင်းပဲ ချန်ပီယံ ဖြစ်သွားလိမ့်မယ်လို့ တညီတည်း ပြောဆိုလိုက်ပါတယ်။
အာဆင်နယ် အသင်းဟာ မန်ယူနိုက်တက် နဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး အန်ကီးတီးယား ရဲ့ နောက်ကျ အနိုင်ဂိုး နဲ့ အတူ အနိုင်ရပြီး ဒုတိယနေရာက တစ်ပွဲပိုကစားထားတဲ့ မန်ချက်စတာ စီးတီး အသင်းကို ၅ မှတ် ပြန်ဖြတ်လိုက်နိုင်ပါတယ်။
မန်ယူ နောက်ခံလူဟောင်း နဗီးလ် ကတော့ အာဆင်နယ် အသင်းဟာ မန်စီးတီး အသင်း နဲ့ နှစ်ကျော့ ကစားရဖို့ ရှိနေသေးတာကြောင့် ဂွာဒီယိုလာ ရဲ့ အသင်းဟာ အလားအလာကောင်းနေဆဲ ဖြစ်တယ်လို့ မီးမောင်း ထိုးပြ သွားခဲ့ပါတယ် ။

” အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ဖလားရမယ်လို့ ကျနော် ကတော့ မထင်ပါဘူး ။ စီးတီး ပဲ အမှတ်ပေးလိဂ် ချန်ပီယံ ဖြစ်သွားပါလိမ့်မယ် ၊ အာဆင်နယ် အသင်း ကို ကျော်တက်ဖို့ အတွက် သူတို့ special run တစ်ခုပဲ လိုအပ်တာပါ ၊ မန်စီးတီး အသင်းပဲ အချိန်တန်ရင် ရသွားပါလိမ့်မယ် ။ ”
” ဒီရာသီ ရဲ့ အချိန်ကာလ တစ်ခုမှာ အာဆင်နယ် အသင်း ရှုံးပွဲ ၁ ပွဲ ၂ ပွဲ ကြုံရဦးမှာပါ ၊ အဲ့ဒီ အခါကျ စီးတီး က လိုက်မှီ လာပါလိမ့်မယ် ၊ စီးတီး လိုက်မှီ တာနဲ့ သူတို့ အတွက် အရမ်းကိုပဲ ခက်ခဲ သွားပါပြီ ။ အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ဖလား ရနိုင်ချေတော့ ရှိပါတယ် ၊ ရာသီအစမှာ သူတို့ ချန်ပီယံဆု အနားတောင် ကပ်နိုင်မှာ မဟုတ်ဘူးလို့ တွေးခဲ့ပါတယ် ၊ ချန်ပီယံဆုအကြောင်း ပြောရာမှာ သူတို့အကြောင်း ထည့်ပြောနေရတာကို မယုံကြည်နိုင်လောက်အောင် ဖြစ်ရပါတယ် ။ ”
” အခု သူတို့ ကို ချန်ပီယံဆု နဲ့ ပတ်သက်ပြီး ပြောနေရတာ အံ့ဖွယ်ပါပဲ ၊ စီးတီး ပဲ ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ပြောတာက ကျနော့်အတွက် အနုတ်လက္ခဏာဆောင်တဲ့ အရာတော့ မဟုတ်ပါဘူး ၊ စီးတီး က အာဆင်နယ် ကို အမဲလိုက်ပြီး ကျော်တက်ပါလိမ့်မယ် ၊ အာတီတာ အတွက်တော့ လုံးဝ မယုံကြည်နိုင်စရာ ဖြစ်နေမှာပါ ၊ ကျနော်က ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှ အာတီတာ အပေါ် စိုးရိမ်မှု ရှိခဲ့ပြီး သူတို့ အတွက် ခက်ခဲလိမ့်မယ်လို့ ထင်ခဲ့တာပါ ။ ”
ရွိုင်ကိန်း ကလည်း ” ချန်ပီယံ ဘယ်သူ ဖြစ်မလဲ ဆိုတာ ပိုက်ဆံကြေး လောင်းကြေး ထပ်ရမယ်ဆို ကျနော်ကတော့ စီးတီး လို့ပဲ ထင်ပါတယ် ။ ဒါပေမယ့် ဒီကနေ့ မြင်လိုက်ရတဲ့ အာဆင်နယ် အသင်း ရဲ့ နည်းစနစ်ပိုင်း အရည်အသွေး စိတ်ဓတ်ပိုင်းဆိုင်ရာ အရ သူတို့ကို ရပ်တန့်ဖို့ဆို အများကြီး လုပ်ဆောင်ရမှာပါ ။ ”
” အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်သွားလည်း အရမ်းကြီး အံ့ဩ တုပ်လှုပ်စရာတော့ မဟုတ်ပါဘူး ။ မန်စီးတီး အသင်းပဲ ချန်ပီယံ ဖြစ်မယ်လို့ ဘာကြောင့် ယုံကြည်နေရသလဲဆိုရင် ပြီးခဲ့တဲ့နှစ်တွေအတွင်း သူတို့ လုပ်ပြ နိုင်ခဲ့တာတွေရယ် သူတို့ ရဲ့ လူစာရင်း အင်အား ရယ် ကြောင့်ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။