စီးတီးကွင်းလယ်သစ်၊ တန်ဟက် မရှိလို့ အဆင်မပြေတဲ့ အိုင်ယက်စ်၊ ပိုလန်ကို ကိုင်တော့မယ့် ဆန်းတိုစ့်နဲ့ ဘောလုံး သတင်းတိုများ

မန်ချက်စတာ စီးတီး အသင်းကလည်း ဗဲလက်ဇ် ဆာစ်ဖီးလ် အသင်းကနေ အာဂျင်တီးနား ကွင်းလယ်လူငယ် မက်ဆီမို ပါရုမ်း ကို ပေါင် ၈.၂ သန်း နဲ့ ခေါ်ယူကာ ၅ နှစ်ခွဲ သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုလိုက်တယ်လို့ သိရှိရ ပါတယ် ။

နယ်သာလန် မှာတော့ အဲရစ် တန်ဟတ် ရဲ့ အသင်းဟောင်း အိုင်ယက်စ် ဟာ တန်ဟတ် နေရာကို ဆက်ခံတဲ့ နည်းပြ ရှရူဒါ နဲ့ အဆင်မပြေ ဖြစ်နေပါတယ် ။

အိုင်ယက်စ် အသင်းသားတွေဟာ ရှရူဒါ နဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေ အပေါ် နှစ်သက်သဘောကျမှု နည်းပါး နေပြီး အသင်းကလည်း နောက်ဆုံး ၆ ပွဲမှာ နိုင်ပွဲ ပျောက်ကာ အဆင့် ၅ နေရာအထိ ရောက်ရှိလို့ နေပါတယ် ။

အာဆင်နယ် အသင်းကတော့ ပိုလန် နောက်ခံလူ Kiwior ကို အီတလီ ကလပ် စပီဇီယာ ကနေ ခေါ်ယူ ပြီးမြောက်ကြောင်း ကြေညာခဲ့ ပါတယ် ။ အာဆင်နယ် ဟာ Kiwior အတွက် ပေါင် ၂၁ သန်း ပေးချေ ခဲ့ရပြီး ၂၀၂၇ အထိ စာချုပ် ချုပ်ဆို ခဲ့ပါတယ် ။

ပေါ်တူဂီ လက်ရွေးစင် အသင်း နည်းပြ ရာထူးကနေ ထွက်ခွာလာတဲ့ နည်းပြကြီး ဖာနန်ဒို ဆန်းတိုစ့် ဟာ ပိုလန် လက်ရွေးစင် အသင်း နည်းပြ ရာထူးကို ရယူတော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာခဲ့ ပါတယ် ။

ဖာနန်ဒို ဆန်းတိုစ့် ဟာ ဒီကနေ့မှာ ပိုလန် နည်းပြသစ် ဖြစ်လာမယ်လို့ ကြားသိရပြီး ၂၀၂၆ ခုနှစ်အထိ စာချုပ် ချုပ်ဆိုသွားဖွယ် ရှိတယ်လို့ သိရပါတယ် ။

လိဒ် ယူနိုက်တက် နည်းပြဟောင်း မာဆယ်လို ဘီယေဆာ ဟာ ဖရန့် လမ်းပတ် နဲ့ လမ်းခွဲ လိုက်တဲ့ အဲဗာတန် အသင်းရဲ့ နည်းပြ ရာထူးကို စိတ်ဝင်စား နေတယ်လို့ သိရပါတယ် ။

ဝက်စ်ဟမ်း ကို ပြီးခဲ့တဲ့ အပတ်ကမှ ပြောင်းရွှေ့ လာတဲ့ တိုက်စစ်မှူးသစ် ဒန်နီ အင့်စ် ဟာ အဲဗာတန် နဲ့ ပွဲမှာ မိနစ် ၂၀ ခန့်သာ ဝင်ကစား ခဲ့ပြီး ဒဏ်ရာ ရရှိ သွားခဲ့တာကြောင့် ရက်သတ္တပတ် အနည်းနဲ့ အများ အနားယူ ရတော့မယ်လို့ သတင်း ကြားသိရ ပါတယ် ။

ချဲလ်ဆီး အသင်းကတော့ ဝါရင့် ခံစစ်မှူးကြီး သီယာဂို ဆေးလ်ဗား ရဲ့ စာချုပ်ကို သက်တမ်းထပ်တိုးဖို့ စီစဉ် နေတယ်လို့ ကြားသိရ ပါတယ် ။

လီဗာပူး အသင်းကတော့ ဒဏ်ရာ များပြားနေတဲ့ ခံစစ်ကြောင်းကို အားဖြည့်ဖို့ အတွက် အငှားချ ထားတဲ့ ရီ ဝီလ်ယံ ကို ပြန်လည် ခေါ်ယူ လိုက်တယ်လို့ သိရှိရ ပါတယ် ။