ပေါ့ဘာကို ခေါ်ချင်တဲ့ ဇာဗီ၊ ဖာဒီနန် ပေါစခိုးလ်တို့ ဝေဖန် သတိပေးမှုများနဲ့ ယနေ့ မန်ယူသတင်းတိုများ
ဘာစီလိုနာ နည်းပြသစ် ဖြစ်လာတော့မယ့် ဇာဗီရဲ့ ဦးစားပေး ပစ်မှတ် လေးဦးထဲမှာ ပေါ့ဘာလည်း ပါဝင်နေပါတယ်။ ဇာဗီက ရွိုင်းအိုလာ ကစားသမားတွေ ဖြစ်တဲ့ ပေါ့ဘာ၊ ဟာလန်းတို့ကို အလိုရှိနေတာပါ။
အတ္တလန္တာနဲ့ပွဲမှာ ကွင်းလယ်လူ ပေါ့ဂ်ဘာအနေနဲ့ စီရော်နယ်ဒိုကို ကျေးဇူးတင့်သင့်ကြောင်း၊ ပထမပိုင်း ပြီးခါနီးမှာ စီရော်နယ်ဒိုရဲ့ဂိုးဝင်သွားခဲ့လို့သာ ပေါ့ဂ်ဘာ ဒုတိယပိုင်းမှာ လူစားလဲ မခံရခြင်းဖြစ်ကြောင်း ပေါစခိုးလ် က ဝေဖန်ခဲ့ပါတယ်။
မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က မန်ယူအနေနဲ့ အတ္တလန္တာနဲ့ပွဲက ကစားပုံအတိုင်း ကစားမယ်ဆိုရင် ဒီတစ်ပတ် ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီးရဲ့ အလဲထိုးခြင်းကို ခံရမှာဖြစ်ကြောင်း၊ မန်ယူရဲ့ ပုံစံက နှေကွေးလွန်းပြီး ကစားပုံ မကောင်းကြောင်း ဝေဖန်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဗန်ဒီဘိခ်အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာသင့်ကြောင်း၊ မိမိအနေနဲ့ ဗန်ဒီဘိခ် ကို နှစ်သက်မှုရှိပြီး သူဟာ နှိမ့်ချတတ်သူဖြစ်ကြောင်း ဖာဒီနန်က ဆိုခဲ့ပါတယ်။
ခံစစ်မှုး ဗာရိန်း ဟာ အတ္တလန္တာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာကို ရရှိခဲ့ကြောင်း မန်ယူ နည်းပြ ဆိုးရှားက အတည်ပြု ခဲ့ပါတယ်။ ဗာရိန်းဟာ အတ္တလန္တာနဲ့ပွဲမှာ ပထမပိုင်းမပြီ်းခင်မှာပဲ လူစားလဲခံခဲ့ရပါတယ်။
အင်္ဂလန်ဂိုးသမားဟောင်း ရော်ဘတ်ဆန်ဟာ မန်ယူအနေနဲ့ တိုက်စစ်ကစားသမား ဆန်ချိုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာဖြစ်လာရပြီဖြစ်ကြောင်း၊ ဆန်ချိုဟာ ဆိုးလ်ရှားရဲ့ နည်းစနစ်ပိုင်းမှာ အံ့ဝင်မှု မရှိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ပရီးမီးယားလိဂ်ကလပ် စပါးအနေနဲ့ နည်းပြကွန်တီကို ရရှိခဲ့တာ ကံကောင်းကြောင်း၊ ကွန်တီဟာ အောင်မြင်မှုကို ဘယ်လိုရယူရမလဲဆိုတာ သိရှိသူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ZG
ဘာစီလိုနာ နည္းျပသစ္ ျဖစ္လာေတာ့မယ့္ ဇာဗီရဲ႕ ဦးစားေပး ပစ္မွတ္ ေလးဦးထဲမွာ ေပါ့ဘာလည္း ပါဝင္ေနပါတယ္။ ဇာဗီက ရြိဳင္းအိုလာ ကစားသမားေတြ ျဖစ္တဲ့ ေပါ့ဘာ၊ ဟာလန္းတို႔ကို အလိုရွိေနတာပါ။
အတၱလႏၱာနဲ႔ပြဲမွာ ကြင္းလယ္လူ ေပါ့ဂ္ဘာအေနနဲ႔ စီေရာ္နယ္ဒိုကို ေက်းဇူးတင့္သင့္ေၾကာင္း၊ ပထမပိုင္း ၿပီးခါနီးမွာ စီေရာ္နယ္ဒိုရဲ႕ဂိုး၀င္သြားခဲ့လို႔သာ ေပါ့ဂ္ဘာ ဒုတိယပိုင္းမွာ လူစားလဲမခံရျခင္းျဖစ္ေၾကာင္း ေပါစခိုးလ္ က ေ၀ဖန္ခဲ့ပါတယ္။
မန္ယူေနာက္ခံလူေဟာငး္ ဖာဒီနန္က မန္ယူအေနနဲ႔ အတၱလႏၱာနဲ႔ပြဲက ကစားပံုအတုိင္း ကစားမယ္ဆုိရင္ ဒီတစ္ပတ္ ယွဥ္ၿပိဳင္ရမယ့္ ပရီးမီးယားလိဂ္ပြဲမွာ မန္စီးတီးရဲ႕ အလဲထုိးျခင္းကို ခံရမွာျဖစ္ေၾကာင္း၊ မန္ယူရဲ႕ ပံုစံက ေနွေကြးလြန္းၿပီး ကစားပံု မေကာင္းေၾကာင္း ေ၀ဖန္ခဲ့ပါတယ္။
မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္လူ ဗန္ဒီဘိခ္အေနနဲ႔ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ အသင္းကေန ထြက္ခြာသင့္ေၾကာငး္၊ မိမိအေနနဲ႔ ဗန္ဒီဘိခ္ ကို ႏွစ္သက္မႈရွိၿပီး သူဟာ ႏွိမ့္ခ်တတ္သူျဖစ္ေၾကာင္း ဖာဒီနန္က ဆိုခဲ့ပါတယ္။
ခံစစ္မႈး ဗာရိန္း ဟာ အတၱလႏၱာနဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲစဥ္မွာ တံေကာက္ေၾကာဒဏ္ရာကို ရရွိခဲ့ေၾကာင္း မန္ယူ နည္းျပ ဆိုးရွားက အတည္ျပဳ ခဲ့ပါတယ္။ ဗာရိန္းဟာ အတၱလႏၱာနဲ႔ပြဲမွာ ပထမပိုင္းမၿပီး္ခင္မွာပဲ လူစားလဲခံခဲ့ရပါတယ္။
အဂၤလန္ဂိုးသမားေဟာင္း ေရာ္ဘတ္ဆန္ဟာ မန္ယူအေနနဲ႔ တိုက္စစ္ကစားသမား ဆန္ခ်ိဳနဲ႔ ပတ္သက္ၿပီး စိုးရိမ္စရာျဖစ္လာရၿပီျဖစ္ေၾကာငး္၊ ဆန္ခ်ိဳဟာ ဆိုးလ္ရွားရဲ႕ နည္းစနစ္ပိုင္းမွာ အံ့၀င္မႈ မရွိေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။
မန္ယူေနာက္ခံလူေဟာင္း ဖာဒီနန္က ပရီးမီးယားလိဂ္ကလပ္ စပါးအေနနဲ႔ နညး္ျပကြန္တီကို ရရွိခဲ့တာ ကံေကာငး္ေၾကာငး္၊ ကြန္တီဟာ ေအာင္ျမင္မႈကို ဘယ္လိုရယူရမလဲဆုိတာ သိရွိသူျဖစ္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။