ရာသီကုန်ရင် ပရီးမီးယားလိဂ် Top 4 ထဲ ဘယ်အသင်းတွေ တင်ကျန်မလဲ လူးဝစ်ဆာဟာ ဟောကိန်း ထုတ်
မန်ယူ ကြယ်ပွင့်ဟောင်း ဖြစ်သူ လူးဝစ်ဆာဟာဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ကိုင်မြှောက်သွားနိုင်မယ့် အသင်းနဲ့ top 4 ဝင်မယ့် အသင်းတွေကို ခန့်မှန်းမှု လုပ်သွားခဲ့ပါတယ်။ ဂ
န်းနားတို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမ်းမရိတ်မှာ မန်ယူအသင်းနဲ့ အကြိတ်အနယ် ကစားကာ ၃-၂ နဲ့ အနိုင်ရရှိခဲ့ပြီး လက်ရှိ ချန်ပီယံ မန်စီးတီးကို တစ်ပွဲလျော့ ငါးမှတ်အသာနဲ့ ဦးဆောင်လျက် ရှိနေပါတယ်။
ပရီးမီးယားလိဂ် top 4 ကို ခန့်မှန်းခိုင်းခဲ့ရာမှာ ဆာဟာက “ကျွန်တော် ကတော့ လက်ရှိ top 4 နေရာကို သိမ်းပိုက်ထားခဲ့တဲ့ အသင်းတွေ ဖြစ်တဲ့ အာဆင်နယ် မန်စီးတီး မန်ချက်စတာယူနိုက်တက် နဲ့ နယူးကာဆယ် တို့ပဲ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ရာသီကုန်မှာ အဆင့် ၂ ဒါမှမဟုတ် အဆင့် ၃ တစ်ခုခုနဲ့ အဆုံးသတ်နိုင်မှာပါ။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ဒီအချိန်မှာ ကစားပုံ အရမ်းကို ကောင်းနေလို့ ဖြစ်ပါတယ်။
ကျွန်တော် ကတော့ ဒီ ၄ သင်းပဲ top 4 ဝင်သွားမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် ဒါနဲ့ ပက်သက်ပြီး သံသယ မရှိပါဘူး။ နယူးကာဆယ်ဟာ ဒီရာသီမှာ အကောင်းဆုံး လုပ်ပြလျက် ရှိနေကာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထိုက်တန်မှု ရှိပါတယ်။
ဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် နွေရာသီမှာ သူတို့ရဲ့ ကစားသမား ခေါ်ယူမှုကို အများကြီး အထောက် အကူ ပြုမှာလည်း ဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် အတွက် ကောင်းပါတယ်။” လို့ ဆိုလိုက်ပါတယ်။
ဆာဟာက အာဆင်နယ်ဟာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်လိမ့်မယ်လို့ ထောက်ခံ သွားခဲ့ပါတယ်။