မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမားသစ် ဆာဘစ်ဇာ ဆိုတာ ဘယ်လို ကစားသမားလဲ

မန်ယူအသင်း ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ မာဆယ် ဆာဘစ်ဇာကို အငှားစာ ချုပ်တစ်ရပ်နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

လက်ရှိမှာ ကစားသမားကို အငှားစာချုပ်နဲ့ ခေါ်ယူတယ်ဆိုတာ လောက်ကိုပဲ အတည်ပြုနိုင်ပြီး ကျန်တဲ့ အသေးစိတ် အချက်အလက်တွေကို တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ် တဲ့ သြစတြီးယား လက်ရွေးစင်ဟာ အင်္ဂါနေ့ နှောင်းပိုင်းမှာ ကာရင်တန်လေ့ ကျင့်ရေးကွင်းကို ရောက်လာပြီး အပြောင်းအရွှေ့ကိစ္စအတွက် လိုအပ်တာ တွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေအရတော့ မန်ယူထိပ်ပိုင်းခေါင်းဆောင်တွေဟာ အနည်းဆုံး ၃ လလောက် အနားယူရ တော့မယ့် အဓိက ကွင်းလယ်လူ အဲရစ်ဆင်ရဲ့ နေရာမှာ အစားထိုးပြီး ခေါ်ယူ လိုက်တာဖြစ်တယ်လို့ ယူဆလို့ရပါတယ်။

ဒိန်းမတ်ကွင်းလယ်လူတစ်ယောက် ဧပြီလ နှောင်းပိုင်း ဒါမှမဟုတ်ရင် မေလ အစောပိုင်းအထိလောက်ကို အနား ယူရမှာဖြစ်တယ်လို့ ယူနိုက်တက်ကလည်း တရားဝင် ကြေညာချက် ထုတ်ပြန် ခဲ့ပြီးဖြစ်ပါတယ်။

ဒါကြောင့် ယူနိုက်တက်ဟာ အဲရစ်ဆင်ရဲ့ ဒဏ်ရာအခြေအ နေအသေးစိတ်ကို နောက်ဆုံးအချိန်အထိ စောင့်ကြည့်ပြီး တော့မှ ဆာဘစ်ဇာ ကို ရေတိုကာလ အစားထိုးဖို့ ခေါ်ယူခဲ့တာမျိုး ဖြစ်တယ်လို့ မန်ချက်စတာ ည နေခင်း သတင်းအစီအစဉ်တစ်ရပ်မှာ သုံးသပ်ဖော်ပြထားတာ တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လစ်ပ်ဇစ်ကွင်းလယ်လူဟောင်းဖြစ်တဲ့ ဆာဘစ်ဇာကတော့ လက်ရှိအချိန်မှာ သရဲနီ တပ်သားသစ် တရားဝင် ဖြစ်လာခဲ့ပါပြီ။

ဒါကြောင့် ဆာဘစ်ဇာဟာ ဘယ်လိုကစားသမားမျိုးလည်းဆိုတာကို မန်ယူပရိသတ်တွေ သိချင်နေကြပြီပဲဖြစ်ပါတယ်။

သြစတြီးယားကလပ် ဂရာဇာ AKနဲ့အတူ လူငယ် ကစားသမားဘဝကို စတင်ခဲ့တဲ့ ဆာဘစ်ဇာဟာ ဘက်စုံသုံး ကွင်းလယ်လူ တစ်ယောက်လို့ ပြောလို့ရနိုင်ပြီး ကွင်းလယ်တိုက်စစ်အတွက်ရော ကွင်းလယ် ခံစစ်အတွက်ပါ အသုံးဝင်သူပါ။

တောင်ပံလူတစ်ယောက်အဖြစ်လည်း ကစား နိုင်သလို နောက်ချန်တိုက်စစ်မှူးတစ်ယောက်လိုမျိုးလည်း ကစားနိုင်တဲ့ စွမ်း ရည်မျိုးရှိပါတယ်။

သြစတြီးယားကလပ် ရက်ပစ်ဝီယံအတွက် တောက်ပတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့လို့ ၂၀၁၃ ခုနှစ်မှာ လစ်ပ်ဇစ်က အမိဖမ်းတာကို ခံခဲ့ရသူပါ။

၂၀၁၄-၁၅ ခုနှစ်မှာ ဆဲလ်ဘတ်ကို တစ်ရာသီ အငှားစာချုပ်နဲ့ သွားကစားခဲ့ တာရှိပေမဲ့လည်း အဲဒီနောက် လစ်ပ်ဇစ်က ပြန်ခေါ်ထားခဲ့ပါတယ်။

လစ်ပ်ဇစ် အသင်းမှာ ကျောနံပါတ် ၇ ဂျာစီကို ဝတ်ဆင်ကစားခွင့်ရခဲ့တဲ့ ဆာဘစ်ဇာဟာ နေရာစုံကနေ ဂိုးသွင်းနိုင်သူ ဖြစ်ပြီး အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကို အချိတ်အဆက်မိအောင် အကောင်းဆုံး ဆက်သွယ်ပေးတဲ့ ပေါင်းကူးတံတား တစ်စင်း ဖြစ်ခဲ့ပါတယ်။

၂၀၂၁ ခု နှစ်မှာတော့ ဆာဘစ်ဇာဟာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ကြေး ယူရို ၁၆ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဆာဘစ်ဆာဟာ မန်ချက်စတာမှာ အစွမ်းပြနိုင်မလား ဆိုတာကတော့ စောင့်ကြည့် ရင်ခုန်ရဦးမှာ ဖြစ်ပါတယ်။