ရော်နယ်ဒို အပါအဝင် မျှော်လင့်မရတဲ့ ကစားသမားတွေ ရှင်းနိုင်လို့ မန်ယူ ပြန်ကောင်းလာတာ လို့ ရွိုင်ကိန်း ပြောဆို
ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ထွက်ခွာမှုက တန်ဟက် ကို လက်ရှိယူနိုက်တက်ရဲ့အခြေအနေမှန်ကို ပြန်လည် ရောက်ရှိစေဖို့ ကူညီပေးခဲ့တယ်လို့ ရွိုင်ကိန်း က ဝန်ခံခဲ့ပါတယ်။
ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်း က ဗုဒ္ဓဟူးနေ့ညက နော့တင်ဟမ်ဖောရက်စ်အသင်းအား 2-0 ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲသို့ လာရောက် အားပေးခဲ့ကြောင်းသိရပါတယ်။
ယူနိုက်တက်ဟာ ရော်နယ်ဒိုရဲ့ နိုဝင်ဘာလမှာ စာချုပ် ဖျက်သိမ်းကာ ထွက်ခွါသွားပြီးနောက် သေရွာမှ ပြန်လည် ရှင်သန်လာခဲ့သလိုမျိုး တမဟုတ်ချင်း ပြောင်းလဲသွားကာ အိမ်ကွင်းပွဲစဉ် ၁၂ ပွဲအထိ အနိုင်ရရှိခဲ့ပါတယ်။

ရွိုင်ကိန်း က အိုးလ်ထရက်ဖိုဒ်ထံ ရော်နယ်ဒို၏ အမာခံ ပရိတ်သတ် တစ်ဦးဖြစ်ခဲ့သော်လည်း ယခုအခါတွင် ၎င်း၏အသင်းဖော်ဟောင်း ထွက်ခွာမှုသည် တန်ဟက်အတွက် သိသာ ထင်ရှားသောအပြောင်းအလဲတစ်ခုအဖြစ် အကျိုးသက်ရောက်စေကြောင်း ဝန်ခံခဲ့တာဖြစ်ပါတယ်။
ရွိုင်ကိန်းက “ဒါက မန်နေဂျာနဲ့ ကလပ် (ရော်နယ်ဒို ထွက်ခွာသွားတာ) ကို အထောက်အကူ ဖြစ်စေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ရော်နယ်ဒို ရဲ့ အခြေအနေက အရန်ခုံမှာ ထိုင်ပြီး ပျော်နေမှာ မဟုတ်ဘူး ဆိုတာ သိသာပါတယ်။ အခု ကိုင်တွယ်ဖြေရှင်းပြီးပြီ” လို့ ဆိုခဲ့ပါတယ်။
ရော်နယ်ဒို မတိုင်ခင် ပေါလ်ပေါ့ဂ်ဘာ၊ ဂျက်စီလင်ဂတ် နဲ့ ကာဗာနီ တို့လို ကစားသမားတွေအားလုံးက အလွတ် ထွက်ခွာသွားကြပြီး ရွိုင်ကိန်းက တန်ဟက်ရဲ့ အသင်းကိုပြန်လည်တည်ဆောက်မှုအပေါ် ကျေနပ် ဝမ်းသာနေပါတယ်။
“ကျန်ခဲ့တဲ့လူငါးယောက် ခြောက်ယောက် အရန်ခုံပေါ်က ဆင်းလာပြီး သူတို့ဆီကဘာမှ မျှော်လင့်လို့ ရမှာမဟုတ်ဘူးလို့ ထင်ခဲ့တာ။ ဒါပေမယ့် အရန်ကစားသမားတွေနဲ့ တိုက်စစ်ကစားသမားတွေက အသင်းအတွက် အဆင်သင့်ဖြစ်နေပြီး မနှစ်က အဲ့ဒီအရန်တွေက ယူနိုက်တက်အတွက် စွမ်းအင်တွေဖြစ်ခဲ့ပါတယ်။
အသင်းတစ်ဝိုက်မှာ စွမ်းအင်အသစ်တွေကို ခံစားရမှာ သေချာပါတယ်၊ တန်ဟက်က ရာသီအစမှာ ဆိုးရွားတဲ့ရလဒ်တွေရခဲ့ပေမယ့် အခုအဲဒီအခြေအနေနဲ့မတူတဲ့ ယူနိုက်တက်အဖြစ် ပြန်လည်ရောက်ရှိလာပါပြီ။” ဟု ရွိုင်ကိန်းက ပြောဆိုခဲ့ပါတယ်။