ရှုံးပွဲအပြီး ကြိမ်းမောင်းတဲ့ ဂွာဒီယိုလာ၊ ရိုက်စ် အတွက် သတိပေးမှု၊ ဒီဂီယာ၊ ဟာလန်းတို့နဲ့ နံနက်ခင်း ဘောလုံး သတင်းများ
မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ စပါးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံဖြစ်ဖို့ အိမ်မက် မမက်ကြနဲ့တော့ဆိုပြီး ၎င်းရဲ့ ကစားသမားတွေကို ပြစ်တင်ပြောဆို သွားခဲ့ပါတယ်။ ထိုပွဲမှာ စီးတီးကို ၁-ဝ နဲ့ အရေးနိမ့်ခဲ့တာပါ။
လီဗာပူးလ် နောက်ခံကစားသမားဟောင်း ကာရေဂါကတော့ ဟာလန်းရဲ့ မန်စီးတီးအသင်းကို ရွေးချယ်မှုက မှားယွင်းခဲ့ကြောင်း စပါးနဲ့ပွဲအပြီး သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။
မန်ယူ တိုက်စစ်မှူး ဂရင်းဝုဒ်တစ်ယောက် အမှုမှ လွတ်ကင်းခဲ့ကာ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ပြီဖြစ်ပေမယ့် အသင်းဖော် အများအပြားကတော့ ၎င်းတို့အသင်းရဲ့ လက်ရှိပုံစံကောင်း ပျောက်ဆုံးသွားမှာကို စိုးရိမ်နေတာကြောင့် ဂရင်းဝုဒ် ပြန်လာမှာကို အလိုမရှိကြဘူးလို့ သတင်းထွက်နေပါတယ်။

ဘိုင်ယန်နည်းပြ နစ်ဂျယ်စမန်းကတော့ အသင်းဂိုးနည်းပြဟောင်း တက်ပါလိုဗစ်ရဲ့ ရာထူးမှ ထုတ်ပယ်ခံမှုအပေါ် ပြစ်တင်ပြောဆိုခဲ့တဲ့ ဂိုးသမား နူအာရဲ့ လုပ်ရပ်အပေါ် ပျော်ရွှင်နေခြင်း မရှိကြောင်း သတင်းရရှိပါတယ်။
မန်ယူအသင်း ဂိုးသမား ဒီဂီယာကတော့ ၎င်းနဲ့ အသင်းကြားက စာချုပ်သစ်ချုပ်ဆိုမှု ကောင်းမွန်စွာ အပြီးသတ်နိုင်မှာ ဖြစ်ကြောင်း ယုံကြည်စိတ်ချနေပါတယ်။
ဝက်စ်ဟမ်း အသင်း နည်းပြ ဒေးဗစ်မိုယက်စ် ကတော့ ဒီကလန်ရိုက်စ် ကို ခေါ်ချင်တဲ့ အသင်းတွေ အနေနဲ့ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေးချေဖို့ လိုအပ်လိမ့်မယ်လို့ အသိပေး ပြောကြား လိုက်ပါတယ်။ ရိုက်စ်ကို အာဆင်နယ်နဲ့ ချဲလ်ဆီးတို့က ချိန်ရွယ်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်က ဖူလ်ဟမ်နဲ့ ပွဲမှာ ရုန်းကန်ခဲ့ရတဲ့ မူဒရစ်ဟာ ခံစစ် အထိုင်ချ ကစားတတ်တဲ့ အသင်းတွေနဲ့ဆို ရုန်းကန်ရနိုင်ကြောင်း ချဲလ်ဆီးထံ သတိပေးရင်း ၊ ၎င်းနဲ့ လိုက်ဖက်မယ့် ကစားကွက် တခုခု ကြိုတင် ရှာထားဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။