၁၁ သင်းမြောက် ဘောလုံးကလပ် ဝယ်ဖို့ လှုပ်ရှား ဆွေးနွေးနေတဲ့ မန်စီးတီးအသင်း ပိုင်ရှင် အုပ်စု

မန်စီးတီးအသင်းပိုင်ရှင်တွေဟာ ရုရှားကလပ် စပါးတပ်မော်စကို အသင်းရဲ့ ရှယ်ယာအနည်းစုကို ဝယ်ယူရေး အတွက် ကလပ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပါတယ်။

စီးတီးဘောလုံးအုပ်စုဟာ မန်စီးတီးအပြင် မေဂျာလိဂ်ကလပ် နယူးယောက်စီးတီး၊ အေလိဂ်ကလပ် မဲလ်ဘုန်း စီးတီး၊ ဂျေလိဂ်ကလပ် ယိုကိုဟားမားမာရီနို့စ်၊ ဥရုဂွေးကလပ် မွန်တီဗီဒီယိုစီးတီး၊ စပိန်ကလပ် ဂီရိုနာ၊ တရုတ်ကလပ် ကျီချွမ်း၊ အိန္ဒိယကလပ် မွမ်ဘိုင်းစီးတီး၊ ဘယ်လ်ဂျီယံကလပ် လွန်မယ်နဲ့ ပြင်သစ်ကလပ် အက်စ်ပဲရန့်စ်အသင်းတို့ကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

တကယ်လို့ စပါးတပ်မော်စကိုအသင်းကိုသာ စီးတီးဘောလုံးအုပ်စုက ဝယ်ယူဖြစ်ရင် သူတို့ရဲ့ ၁၁ သင်းမြောက် ကလပ်ဖြစ်လာမှာဖြစ်ပါတယ်။

မန်စီးတီးအသင်းကို ပိုင်ဆိုင်တဲ့ စီးတီးဘောလုံးအုပ်စုရဲ့ ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့အပတ်က စပါးတပ် မော်စကို အသင်း အထွေထွေဒါရိုက်တာနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး စပါးတပ်အသင်းပိုင်ရှင် လီယိုနစ် ဖူဒန်ကလည်း အသင်းကို ရောင်းချလိုနေပါတယ်။

စီးတီးဟာ မော်စကိုမြို့အခြေစိုက် စပါးတပ်အသင်းရဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်းအထိ ဝယ်ယူဖို့ စိတ်ဝင်စားနေတယ် လို့ ရုရှားသတင်းတွေက ရေးသားဖော်ပြနေပြီး စီးတီးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့အကြောင်း အတည်ပြုပေမယ့် ဘာတစ်ခုမှ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။

ZG

မန္စီးတီးအသင္းပိုင္ရွင္ေတြဟာ ႐ုရွားကလပ္ စပါးတပ္ေမာ္စကို အသင္းရဲ႕ ရွယ္ယာအနည္းစုကို ဝယ္ယူေရး အတြက္ ကလပ္ တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးေနပါတယ္။

စီးတီးေဘာလုံးအုပ္စုဟာ မန္စီးတီးအျပင္ ေမဂ်ာလိဂ္ကလပ္ နယူးေယာက္စီးတီး၊ ေအလိဂ္ကလပ္ မဲလ္ဘုန္း စီးတီး၊ ေဂ်လိဂ္ကလပ္ ယိုကိုဟားမားမာရီႏို႔စ္၊ ဥ႐ုေဂြးကလပ္ မြန္တီဗီဒီယိုစီးတီး၊ စပိန္ကလပ္ ဂီ႐ိုနာ၊ တ႐ုတ္ကလပ္ က်ီခြၽမ္း၊ အိႏၵိယကလပ္ မြမ္ဘိုင္းစီးတီး၊ ဘယ္လ္ဂ်ီယံကလပ္ လြန္မယ္နဲ႔ ျပင္သစ္ကလပ္ အက္စ္ပဲရန႔္စ္အသင္းတို႔ကို ပိုင္ဆိုင္ထားၿပီးျဖစ္ပါတယ္။

တကယ္လို႔ စပါးတပ္ေမာ္စကိုအသင္းကိုသာ စီးတီးေဘာလုံးအုပ္စုက ဝယ္ယူျဖစ္ရင္ သူတို႔ရဲ႕ ၁၁ သင္းေျမာက္ ကလပ္ျဖစ္လာမွာျဖစ္ပါတယ္။

မန္စီးတီးအသင္းကို ပိုင္ဆိုင္တဲ့ စီးတီးေဘာလုံးအုပ္စုရဲ႕ ကိုယ္စားလွယ္ေတြဟာ ၿပီးခဲ့တဲ့အပတ္က စပါးတပ္ ေမာ္စကို အသင္း အေထြေထြဒါ႐ိုက္တာနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး စပါးတပ္အသင္းပိုင္ရွင္ လီယိုနစ္ ဖူဒန္ကလည္း အသင္းကို ေရာင္းခ်လိုေနပါတယ္။

စီးတီးဟာ ေမာ္စကိုၿမိဳ႕အေျခစိုက္ စပါးတပ္အသင္းရဲ႕ ရွယ္ယာ ၂၀ ရာခိုင္ႏႈန္းအထိ ဝယ္ယူဖို႔ စိတ္ဝင္စားေနတယ္ လို႔ ႐ုရွားသတင္းေတြက ေရးသားေဖာ္ျပေနၿပီး စီးတီးနဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္ေတြက ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တဲ့အေၾကာင္း အတည္ျပဳေပမယ့္ ဘာတစ္ခုမွ မဆုံးျဖတ္ရေသးဘူးလို႔ ဆိုပါတယ္။