ဒီည မန်ချက်စတာ ယူနိုက်တက် – လိဒ်စ် ပွဲစဉ် အတွက် ပွဲကြို သုံးသပ် ခန့်မှန်းချက်

ဒီနေ့ည မြန်မာစံတော်ချိန် ၂ နာရီခွဲမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်ယူအသင်းနဲ့ လိဒ်စ်အသင်းတို့ဟာ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မန်ယူအသင်းကတော့ အိုးလ်ထရက်ဖို့ဒ်မှာ ပြိုင်ပွဲစုံ ၁၄ ပွဲမြောက်နိုင်ပွဲကိုရယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ တန်ဟတ်ရဲ့ မန်ယူအသင်းဟာ ပဲလ့စ်အသင်းနဲ့ပွဲစဉ်မှာ ကစားသမား ၁၀ ယောက်နဲ့ ၂-၁ ဂိုးနဲ့အနိုင်ကစားခဲ့တာဖြစ်ပြီး လိဒ်စ် အသင်းကတော့ ဖောရက်စ်အသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာတော့ ခြေအသာနဲ့ကစားနိုင်ခဲ့တယ်။ ကတ်ဆီမီရိုသာ အနီ ကတ်အပြမခံခဲ့ရဘူးဆိုရင် ဂိုးတွေရဖို့တောင်ရှိနိုင်တယ်။ လက်ကျန်မိနစ် ၂၀ အတွက်မှာတောင့် တစ်ယောက် လျော့နဲ့ ပဲလေ့စ်အသင်းကို ၁ ဂိုးဘဲ ချေပဂိုးပေးရအောင် ကစားထားနိုင်ခဲ့တယ်။

ဒါကိုကြည့်ရင် မန်ယူအသင်းရဲ့ ခြေစွမ်းက လက်ရှိအချိန်မှာတော့အကောင်းဆုံးရှိနေတယ်ဆိုတာက မြင်သာထင်သာတယ်။ အာဆင်နယ်၊ မန်စီးတီးအသင်းတို့ အရှုံးနဲ့ရင်ဆိုင်ရချိန်မှာတောင် မန်ယူအသင်းက အနိုင်ရထားတယ်။

ဒါကြောင့်လည်း အခုဆိုရင် မန်ယူအသင်းဟာ ဒုတိယနေရာမှာရှိနေတဲ့ မန်စီးတီးနဲ့ ၃ မှတ်အကွာမှာသာရှိပြီး အာဆင်နယ်နဲ့က ၈ မှတ်အကွာသာရှိတော့တယ်။ မန်ယူအသင်းအနေနဲ့ ဒီပွဲစဉ်မှာ ကတ်ဆီမီရိုမပါဝင်နိုင်ပေမယ့် ခြေအသာနဲ့ကောင်း ကောင်းကစားသွားနိုင်မှာသေချာတယ်။

လိဒ်စ်အသင်းရဲ့ ဒီနှစ်ရာသီခြေစွမ်းက ဆက်တိုက်ဆိုသလိုကျဆင်းနေခဲ့တယ်။ ပြီးခဲ့တဲ့ပွဲမှာလည်း နော်တင်ဟမ်ကို ၁-၀ ဂိုးနဲ့ ကပ်ရှုံးခဲ့တာကြောင့်အမှတ်ပေးဇယားတန်းဆင်းဇုန်ထဲရောက်နေတဲ့အဲဗာတန် အသင်းနဲ့တောင်ရမှတ်တူဖြစ်နေပြီး လိဒ်စ်အသင်းနေနဲ့ တန်းဆင်းဇုန်လွတ်မြောက်ရေးကိုအပြင်းအထန်ကို ရုန်း ကန်ရမယ့်အခြေအနေမှာရှိနေတယ်။

တိုက်စစ်ပိုင်းကလည်း အဆိုးပေမယ့် ဂိုးရဖို့လိုအပ်တဲ့ပွဲတွေမှာဆို ဂိုးပေါက် ပျောက်နေတက်တယ်။ ခံစစ်ပိုင်းကတော့ အမှားများတာကြောင့်လည်း မထင်မှတ်ဘဲနဲ့ ရှုံးခဲ့ရတဲ့ပွဲ တွေလည်း ရှိတယ်။ ဒီပွဲစဉ်မှာတော့လိဒ်စ်အသင်းဟာ မန်ယူအသင်းရဲ့တိုက်စစ်ပိုင်းကိုဟန့်တားနိုင်ဖို့ မလွယ်ပါဘူး။

ဒီနှစ်သင်း အိုးလ်ထရက်ဖို့ဒ်မှာတွေ့ဆုံထားတဲ့ နောက်ဆုံး ၃ ပွဲမှာတော့ မန်ယူအသင်းက သာ အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။ အနည်းဆုံး ၂ ဂိုးသွင်းယူပေးထားနိုင်ပြီး ၁ပွဲမှ အရှုံး မရှိဘူး။

လက်ရှိမန်ယူ အသင်းရဲ့ခြေစွမ်းတွေအရရော၊ အစဉ်အလာတွေအရပါ ကြည့်မယ်ဆိုရင် မန်ယူအသင်းအနေနဲ့ ဒီပွဲကို တော့ သာသာယာယာဖြတ်ကျော်သွားနိုင်မှာသေချာတယ်။

ခန့်မှန်းရလဒ် – မန်ယူ ၃-၀ လိဒ်စ်