ချန်ပီယံလိဂ်ရဲ့ ဒီနှစ် ချန်ပီယံက လီဗာပူး ပဲလို့ ရဲရဲကြီး ပြောလိုက်တဲ့ မိုက်ကယ်အိုဝင်
လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ကတော့ ဒီရာသီ ချန်ပီယံလိဂ်မှာ ချန်ပီယံအဖြစ်နိုင်ဆုံးအသင်းက လီဗာပူးအသင်းဖြစ်တယ်လို့ သုံးသပ်ခဲ့ပြီး ပရီးမီးယားလိဂ်ကလည်း ဥရောပရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး လိဂ်ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
လီဗာပူးဟာ ဒီရာသီမျာ ဥရောပရဲ့ အကောင်းဆုံး အသင်းတစ်သင်းအဖြစ် ရပ်တည်လျက်ရှိပြီး လီဗာပူးတိုက်စစ်မှူးဟောင်း အိုဝင်က ဥရောပပွဲစဉ်တွေကို အန်ဖီးလ်မှာ ကစားရတာက လီဗာပူးအတွက် အဓိက အားသာချက်ဖြစ်စေနိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်မှာလည်း လီဗာပူးကို ယှဉ်နိုင်တဲ့အသင်းဆိုလို့ လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးနဲ့ လက်ရှိဥရောပ ချန်ပီယံ ချဲလ်ဆီးအသင်းတို့သာ ရှိတယ်လို့ ပြောခဲ့ပါတယ်။
အိုဝင်က “ လီဗာပူးအတွက် အန္တရာယ် အများဆုံး အသင်းက မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီးပါ။ အန်ဖီးလ်ရဲ့ အားသာချက်က ကျွန်တော့်ခေါင်းထဲက ထုတ်မရဘူး။ အန်ဖီးလ်မှာ ဒုတိယအကျော့ ကစားရမယ် ဆိုရင်တော့ ဘုရားသာတထားလိုက်ပါ။ အခုသူတို့ အန်ဖီးလ်မှာ လုံးဝရှုံးပွဲမရှိသေးဘူး။ သေချာတာ ချန်ပီယံလိဂ်ရဲ့ ဒီနှစ် ချန်ပီယံက လီဗာပူးပါပဲ ” ဆိုပြီး သုံးသပ်ခဲ့ပါတယ်။
လီဗာပူးအသင်း နောက်တစ်ဆင့် တက်ပြီးနောက် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို ပရီးမီးယာလိဂ် ၄ သင်းစလုံး တက်နိုင်ဖို့ အခြေအနေ ကောင်းလျက်ရှိပါတယ်။ မန်ချက်စတာယူနိုက်တက်၊ မန်စီးတီးတို့ကလည်း အုပ်စုပထမနေရာမှာရှိနေသလို ချဲလ်ဆီးကလည်း နောက်တစ်ဆင့်တက်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။
ဒါ့အပြင် အိုဝင်က ပရီးမီးယားလိဂ်ဟာ ဥရောပရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး လိဂ်တစ်ခုဖြစ်ပြီး အင်္ဂလန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ နည်းပြတွေရဲ့ ပြိုင်ဆိုင်ပုံက ကောင်းလွန်းတယ်လို့ သုံးသပ်ခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟောင်း အိုဝင်က ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဘက်လိဂ်တွေဖြစ်တဲ့ စပိန်လာလီဂါနဲ့ အီတလီ စီးရီးအေတို့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျဆင်းမှုတွေ ရှိခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

ZG
လီဗာပူးနဲ႔မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မႉးေဟာင္း မိုက္ကယ္အိုဝင္ကေတာ့ ဒီရာသီ ခ်န္ပီယံလိဂ္မွာ ခ်န္ပီယံအျဖစ္ႏိုင္ဆုံးအသင္းက လီဗာပူးအသင္းျဖစ္တယ္လို႔ သုံးသပ္ခဲ့ၿပီး ပရီးမီးယားလိဂ္ကလည္း ဥေရာပရဲ႕ ၿပိဳင္ဆိုင္မႈ အျပင္းထန္ဆုံး လိဂ္ျဖစ္တယ္လို႔လည္း ေျပာခဲ့ပါတယ္။
လီဗာပူးဟာ ဒီရာသီမ်ာ ဥေရာပရဲ႕ အေကာင္းဆုံး အသင္းတစ္သင္းအျဖစ္ ရပ္တည္လ်က္ရွိၿပီး လီဗာပူးတိုက္စစ္မႉးေဟာင္း အိုဝင္က ဥေရာပပြဲစဥ္ေတြကို အန္ဖီးလ္မွာ ကစားရတာက လီဗာပူးအတြက္ အဓိက အားသာခ်က္ျဖစ္ေစႏိုင္တယ္လို႔ သုံးသပ္ခဲ့ပါတယ္။
ဒါ့အျပင္ ပရီးမီးယားလိဂ္မွာလည္း လီဗာပူးကို ယွဥ္ႏိုင္တဲ့အသင္းဆိုလို႔ လက္ရွိခ်န္ပီယံ မန္ခ်က္စတာစီးတီးနဲ႔ လက္ရွိဥေရာပ ခ်န္ပီယံ ခ်ဲလ္ဆီးအသင္းတို႔သာ ရွိတယ္လို႔ ေျပာခဲ့ပါတယ္။
အိုဝင္က “ လီဗာပူးအတြက္ အႏၲရာယ္ အမ်ားဆုံး အသင္းက မန္ခ်က္စတာစီးတီးနဲ႔ ခ်ဲလ္ဆီးပါ။ အန္ဖီးလ္ရဲ႕ အားသာခ်က္က ကြၽန္ေတာ့္ေခါင္းထဲက ထုတ္မရဘူး။ အန္ဖီးလ္မွာ ဒုတိယအေက်ာ့ ကစားရမယ္ ဆိုရင္ေတာ့ ဘုရားသာတထားလိုက္ပါ။ အခုသူတို႔ အန္ဖီးလ္မွာ လုံးဝရႈံးပြဲမရွိေသးဘူး။ ေသခ်ာတာ ခ်န္ပီယံလိဂ္ရဲ႕ ဒီႏွစ္ ခ်န္ပီယံက လီဗာပူးပါပဲ ” ဆိုၿပီး သုံးသပ္ခဲ့ပါတယ္။
လီဗာပူးအသင္း ေနာက္တစ္ဆင့္ တက္ၿပီးေနာက္ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ကို ပရီးမီးယာလိဂ္ ၄ သင္းစလုံး တက္ႏိုင္ဖို႔ အေျခအေန ေကာင္းလ်က္ရွိပါတယ္။ မန္ခ်က္စတာယူႏိုက္တက္၊ မန္စီးတီးတို႔ကလည္း အုပ္စုပထမေနရာမွာရွိေနသလို ခ်ဲလ္ဆီးကလည္း ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ အေျခအေနေကာင္းေနပါတယ္။
ဒါ့အျပင္ အိုဝင္က ပရီးမီးယားလိဂ္ဟာ ဥေရာပရဲ႕ ၿပိဳင္ဆိုင္မႈ အျပင္းထန္ဆုံး လိဂ္တစ္ခုျဖစ္ၿပီး အဂၤလန္မွာ ကမာၻ႔အေကာင္းဆုံး ကစားသမားေတြနဲ႔ နည္းျပေတြရဲ႕ ၿပိဳင္ဆိုင္ပုံက ေကာင္းလြန္းတယ္လို႔ သုံးသပ္ခဲ့ပါတယ္။
အဂၤလန္လက္ေ႐ြးစင္ေဟာင္း အိုဝင္က ပရီးမီးယားလိဂ္ရဲ႕ ၿပိဳင္ဘက္လိဂ္ေတြျဖစ္တဲ့ စပိန္လာလီဂါနဲ႔ အီတလီ စီးရီးေအတို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း က်ဆင္းမႈေတြ ရွိခဲ့တယ္လို႔လည္း ေျပာခဲ့ပါတယ္။