ဝင်ဘာလေသို့ လာမယ့် ဂလေဇာ၊ စိန်ခေါ်တဲ့ ကာဆယ်အသင်းသား၊ မန်ယူ လူစာရင်းနဲ့ ဒီည ဗိုလ်လုပွဲ မတိုင်ခင် မန်ချက်စတာ ယူနိုက်တက် သတင်းများ

ယနေ့ည ကစားမယ့် နယူးကာဆယ်နဲ့ EFL Cup ကာရာဘောင်းဖလား ဖိုင်နယ်ပွဲစဉ်မှာ မန်ယူ တိုက်စစ်မှုး ရက်ရှ်ဖို့ဒ်တစ်ယောက် အသင်းနဲ့အတူ လိုက်ပါလာခဲ့ပေမယ့် ပါဝင်ကစားဖို့ မသေချာသေးကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်း ပိုင်ရှင် အာဗရန် ဂလေဇာကတော့ ပရိသတ်တွေရဲ့ မုန်းတီးခြင်း ခံနေရပေမယ့် ယနေ့ည ကစားမယ့် ကာရာဘောင်းဖိုင်နယ်ပွဲစဉ်ကို လာရောက်အားပေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

မန်ယူအသင်း တောင်ပံ ကစားသမား အန်တိုနီက ယခုတစ်ခေါက် ကာရာဘောင်းဖိုင်နယ်ပွဲစဉ်ကို အနိုင်ရပြီး ဆုဖလား တစ်လုံး ရယူနိုင်ခဲ့ပါက ရှေ့ဆက်ဖလားတွေအတွက် တွန်းအားတစ်ရပ် ဖြစ်စေလာနိုင်တယ်ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ကာရာဘောင်းဖလား ဗိုလ်လုပွဲ အတွက် လန်ဒန်သို့ ထွက်ခွာသွားတဲ့ ယူနိုက်တက် လူစာရင်းမှာ ဒီဂီယာ၊ ဟစ်တန်၊ ဘက်လန်းတို့ ဂိုးသမား ၃ ဦး လုံး ပါဝင်သွားပါတယ်။

ကာရာဘောင်းဖလား ဗိုလ်လုပွဲ ပြီးခဲ့တဲ့ ၇ ပွဲထဲမှာ ၃ ပွဲက ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်ခဲ့ပြီး ယူနိုက်တက်ရဲ့ ပွဲထွက် ဂိုးသမား ဒီဂီယာက ပင်နယ်တီ ကာကွယ်မှု မှတ်တမ်း သိပ် မကောင်းမွန်ပါဘူး။

နယူးကာဆယ် အသင်းနောက်ခံလူ ထရစ်ပီယာကတော့ ယခုတစ်ခေါက် ဖိုင်နယ်ပွဲစဉ်မှာ မန်ယူအသင်းကို အနိုင် ကစားဖို့ ဆန္ဒပြင်းပြနေပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဒီည ဗိုလ်လုပွဲ အတွက် လန်ဒန်သို့ လိုက်သွားတဲ့ မန်ယူ အသင်း လူစာရင်းက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

De Gea, Heaton, Butland, Dalot, Wan-Bissaka, Varane, Martinez, Lindelof, Maguire, Shaw, Malacia, Casemiro, McTominay, Fred, Sabitzer, Elanga, Fernandes, Sancho, Garnacho, Antony, Rashford, Weghorst

မန်ယူအသင်း နောက်ခံလူ ဗာရန်းကတော့ ငယ်စဉ်ကတည်းက မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ကလပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် မန်ယူအသင်းနဲ့ ဝေးကွာခဲ့ရဖူးကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်း တိုက်စစ်ကစားသမားလေး ဂရင်းဝုဒ်ကတော့ နည်းပြ တန်ဟတ်ဂ်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံမှုပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။