လူကာကူ အတွက် ပေါင် ၈၈ သန်းနဲ့ အလွန်ဆို အလိုက်ပေး ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်သေးတဲ့ ချယ်ဆီး
ချဲလ်ဆီးအသင်းဟာ အင်တာမီလန် တိုက်စစ်မှူး လူကာကူကို ချဉ်းကပ်ပုံအား ပြောင်းလဲလာခဲ့ပါတယ်။ လူကာကူအတွက် မားကို့စ် အလွန်ဆို အပါအဝင် ပေါင် ၈၈ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ဘယ်လ်ဂျီယံသား အသင်းမှာ ဆက်နေမယ်လို့ ပြောထားတဲ့ အင်တာမီလန်က ပယ်ချခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဒေါ့မွန် တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်တော့ကြောင်း သိရှိပြီးတဲ့နောက် လူကာကူဘက်ကို အာရုံစိုက်လာခဲ့ပါတယ်။ လူကာကူဟာ ယမန်နှစ်ရာသီက ၂၄ဂိုးသွင်းကာ အင်တာကို စီးရီးအေ ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ပါတယ်။
လူကာကူကို ချဲလ်ဆီးက ၂၀၁၄မှာ အဲဗာတန်ထံ ရောင်းချခဲ့ပြီး ၃နှစ်အကြာမှာ စတန်းဖို့ဒ်ဘရစ်ချ်ကို ပြန်လာခွင့်အား ပယ်ချကာ ယူနိုက်တက်ထံ ပြောင်းသွားခဲ့ပါတယ်။ ၂၈နှစ်သားကို အထောင်တိုက်စစ်မှူး စစ်စစ် အလိုရှိနေတဲ့ နည်းပြ သောမက်စ် တူချယ်က စိတ်ဝင်စားလျက် ရှိနေပါတယ်။
ဘယ်လ်ဂျီယံသားဟာ ၂၀၁၉ခုနှစ်မှာ ပေါင် ၇၃သန်းနဲ့ အင်တာကို ရောက်လာခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၉၅ပွဲမှာ ၆၄ဂိုး သွင်းနိုင်ခဲ့ပါတယ်။

ZG
ခ်ဲလ္ဆီးအသင္းဟာ အင္တာမီလန္ တိုက္စစ္မွဴး လူကာကူကို ခ်ဥ္းကပ္ပုံအား ေျပာင္းလဲလာခဲ့ပါတယ္။ လူကာကူအတြက္ မားကို႔စ္ အလြန္ဆို အပါအဝင္ ေပါင္ ၈၈ သန္းနဲ႔ ကမ္းလွမ္းခဲ့ေပမဲ့ ဘယ္လ္ဂ်ီယံသား အသင္းမွာ ဆက္ေနမယ္လို႔ ေျပာထားတဲ့ အင္တာမီလန္က ပယ္ခ်ခဲ့ပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ ေဒါ့မြန္ တိုက္စစ္မႉး အာလင္း ဟာလန္းကို ေခၚယူႏိုင္ဖို႔ မျဖစ္ႏိုင္ေတာ့ေၾကာင္း သိရွိၿပီးတဲ့ေနာက္ လူကာကူဘက္ကို အာ႐ုံစိုက္လာခဲ့ပါတယ္။ လူကာကူဟာ ယမန္ႏွစ္ရာသီက ၂၄ဂိုးသြင္းကာ အင္တာကို စီးရီးေအ ခ်န္ပီယံျဖစ္ေအာင္ ကူညီေပးခဲ့ပါတယ္။
လူကာကူကို ခ်ဲလ္ဆီးက ၂၀၁၄မွာ အဲဗာတန္ထံ ေရာင္းခ်ခဲ့ၿပီး ၃ႏွစ္အၾကာမွာ စတန္းဖို႔ဒ္ဘရစ္ခ်္ကို ျပန္လာခြင့္အား ပယ္ခ်ကာ ယူႏိုက္တက္ထံ ေျပာင္းသြားခဲ့ပါတယ္။ ၂၈ႏွစ္သားကို အေထာင္တိုက္စစ္မႉး စစ္စစ္ အလိုရွိေနတဲ့ နည္းျပ ေသာမက္စ္ တူခ်ယ္က စိတ္ဝင္စားလ်က္ ရွိေနပါတယ္။
ဘယ္လ္ဂ်ီယံသားဟာ ၂၀၁၉ခုႏွစ္မွာ ေပါင္ ၇၃သန္းနဲ႔ အင္တာကို ေရာက္လာခဲ့ၿပီးေနာက္ ၿပိဳင္ပြဲစုံ ၉၅ပြဲမွာ ၆၄ဂိုး သြင္းႏိုင္ခဲ့ပါတယ္။