မန်ယူက ဘက်တစ်ကို ဂိုးပြတ် နိုင်ပေမယ့် ကွာတား မရောက်သေးဘူး လို့ မာတီနက်ဇ် သတိပေး
မနေ့ညက မန်ချက်စတာ ယူနိုက်တက်ရဲ့ ရီးရဲလ် ဘက်တစ်ကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်နဲ့ အန်တိုနီတို့ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ပျော်ခဲ့ရပြီး ဒီကစားသမားနှစ်ယောက် ဟာ ဝေဖန်မှုတွေကို ကြံ့ကြံ့ခံ ကစားခဲ့ကြတာဖြစ်တယ်လို့ မန်ယူနောက်ခံ လူ မာတီနက်ဇ်က ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဘက်တစ်နဲ့ပွဲရဲ့ ပထမပိုင်းမှာ ၁-၁ ဂိုး ရလဒ်ပဲ ရှိခဲ့ပေမဲ့လည်း ဒုတိယပိုင်းမှာတော့ ၃ ဂိုးအထိ သွင်းပြီး ယူရိုပါလိဂ် နောက်တစ်ဆင့် တက်ဖို့အတွက် သေချာသလောက်ကို ရှိသွားခဲ့ပြီဖြစ်ပါတယ်။
အန်ဖီးလ်မှာ ဂိုးဒါဇင်ဝက်ကျော်အသွင်းခံရပြီး ရှုံးခဲ့လို့ ဝေဖန်ခံခဲ့ရတဲ့ မန်ယူကစားသမားတွေဟာ ၄ ရက်အကြာမှာ ကစားခဲ့တဲ့ပွဲမှာတော့ ယုံကြည်မှုအပြည့်နဲ့ ကွင်းထဲကို ရောက်လာခဲ့ကြပြီး အိုးလ်ထရက်ဖို့ဒ် ကွင်းထဲကို ရောက်လာတဲ့ ပရိသတ်တွေအတွက် အကောင်းဆုံး တုံ့ပြန်မှုတစ် ခု လုပ်ပေးနိုင်ခဲ့ကြပါတယ်။

” ဒီရလဒ်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန် တော်တို့ ဆက်လုပ်ရဦးမယ်။ ဒီရလဒ်က ဘာမှ အပြီးအပြတ် မပြောသေးပါ ဘူး။
ပထမအကျော့ပဲရှိသေးပြီး ဘက်တစ်နဲ့ ကစားတဲ့အခါ အဆင်သင့် ရှိနေရမှာဖြစ်ပြီး အာရုံစိုက်ထားရမယ်။ အထူးသဖြင့် သူတို့ရဲ့ အိမ်ကွင်းပေါ့။
ကစားပုံတော်တော်ကောင်းပြီး ပရိသတ်တွေရဲ့ အားပေးမှုလည်း ရှိနေတယ်။ ဒီပွဲအတွက်တော့ ကျွန်တော်တို့ ကျေနပ်တယ်။ အသင်းရဲ့ ပါဝါတွေ ကျနေခဲ့ တယ်လို့ ထင်ပါတယ်။ သူတို့က ပွဲကို စပြီး ကစားခဲ့တာ။
ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ရမ္မက်ဇောကို ပြောင်းလဲပစ်နိုင်ခဲ့ပြီး အသင်းရဲ့ စွမ်းအားနဲ့ စိတ် ဓာတ်ရေးရာကိုလည်း ပြခဲ့ကြတယ်။
အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင် ခဲ့ပြီးတဲ့နောက် ကျွန်တော်တို့ ဂိုးတွေ သွင်းခဲ့တာဖြစ်တယ်။ အန်တိုနီက အရည်အသွေးကောင်းတွေရှိတဲ့ ကစားသမားကောင်းပါ။ သူ့ရဲ့ စကေးက ကြောက်စရာကြီး။
သူ့အတွက် ပျော်တယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ယုံကြည် မှုက အရေးကြီးတယ်လေ။ အသင်းရဲ့ လုပ်အားနှုန်း အတွက်လည်း ကျွန်တော်ကျေနပ်တယ်။
ဖာနန်ဒက်စ်အတွက်လည်း ကျေနပ်တယ်။ ပြောနေ ကြသလိုပေါ့။ ကျွန်တော်တို့အသင်းနဲ့ ပတ်သက်ပြီး ဝေဖန်တာတွေက အများ ကြီးရှိတယ်လေ။
ဒါပေမဲ့ အသင်းကြီးတစ်သင်းအတွက် ကစားရင်တော့ ဒါမျိုး က ရှိတတ်ပါတယ်။ ဒါကြောင့် အဆင်သင့်ဖြစ်နေရမှာဖြစ်ပြီး ကိုယ်ရောက်တဲ့ နေရာမှာ ပျော်ရမှာဖြစ်ပါတယ်။ ” လို့ မာတီနက်ဇ်က ဘက်တစ်နဲ့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။