အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခါနီးပြီ ဆိုတာ အထာနဲ့ ပြသွားတဲ့ ဂန်းနား အသင်းသားများ

အာဆင်နယ် ကစားသမားတွေဟာ ဖူလ်ဟမ်ကို အနိုင်ရရှိပြီးနောက် အဝတ်လဲခန်းထဲမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ စောင့်နေပြီ ဆိုတဲ့ ထာနဲ့ နာရီအကြီးကြီးနဲ့အတူ အောင်ပွဲခံခဲ့တယ်လို့ သိရပါတယ်။

ဘောလုံး ပရိသတ်တွေကတော့ သူတို့ရဲ့သီအိုရီနဲ့ ပတ်သက်ပြီး အသိအမှတ်ပြုနေကြပါတယ်။ တော်တော်များများက အာဆင်နယ်အနေနဲ့ ဖူလ်ဟမ်ကို ကစားရခက်မယ်လို့ ထင်ခဲ့ကြပေမယ့် အာဆင်နယ်က ၃ ဂိုးပြတ်နဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အတွက် ဂိုးတွေကို ဂါဘရီရယ်၊ မာတီနယ်လီနဲ့ အိုဒီဂတ်တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး စီးတီးကို ၅ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။ ရာသီကုန်ဆုံးဖို့ နီးကပ်လာချိန်မှာ အာဆင်နယ်အနေနဲ့ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ နီးစပ်လာခဲ့ပါတယ်။

အမှန်တကယ်မှာလည်း အာဆင်နယ်အသင်းသားတွေဟာ အဝတ်လဲခန်းထဲမှာ နာရီအကြီးကြီးနဲ့ အောင်ပွဲ ခံခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါနာရီအကြီးကြီးက ပရိသတ်တွေအတွက် ပဟေဌိဖြစ်စေခဲ့ပေမယ့် ပရိသတ်တွေက မက်ဆေ့ချ် ပေးတယ်လို့ ယူဆနေကြပါတယ်။

အာဆင်နယ်နာရီရဲ့လက်တံမှာ ၁၁ နဲ့ ၂ ကို ညွှန်ပြနေတာဖြစ်ပြီး ပရိသတ်တစ်ဦးက ရာသီကုန်ဖို့ ၁၁ ပွဲနဲ့ နှစ်လ သာ လိုတော့တယ် လို့ ယုံကြည်နေပါတယ်။

အဲ့နောက် နောက်ထပ်တစ်ဦးကလည်း “အာတီတာက ပွဲမတိုင်ခင်ပြောကြားချက်မှာ မီးလုံးအစား နာရီ ပြောင်းလဲ သွားခဲ့ပြီ”လို့ ဆိုခဲ့ပါတယ်။

နောက်ထပ်တစ်ဦးကလည်း “တကယ့်ကို ရူးသွပ်လောက်စရာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ လာမယ့် အပတ်မှာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပါတယ်။