အာဆင်နယ်မှာ အသင်းဖော်တွေချင်း ချန်ပီယံလိဂ် အကြောင်း မပြောကြပါဘူးလို့ ရမ်စ်ဒဲလ် ဖွင့်ဟ
အာဆင်နယ်မှာ အသင်းဖော်တွေချင်း ချန်ပီယံလိဂ်အကြောင်း မပြောဆို ဖြစ်ကြဘူးလို့ ဂန်းနား ဂိုးသမား ရမ်စ်ဒဲလ် က talkSPORT နဲ့ အင်တာဗျူးမှာ ဖွင့်ဟသွားခဲ့ပါတယ်။
သူ အပါအဝင် အသင်းဖော်တွေဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲပတ်သက်ပြီး ဆွေးနွေး ပြောဆိုတာမျိုး ရှိသလားဆိုတဲ့ မေးခွန်းကို ရမ်စ်ဒဲလ် က အခုလို တုန့်ပြန်ခဲ့တာပါ။
” မရှိပါဘူး၊ ကျွန်တော်တို့ အဲ့ဒီအကြောင်း မဆွေးနွေး ဖြစ်ပါဘူး။ ကျွန်တော်တို့ အသင်းက အသက် ငယ်ရွယ်သူတွေ များတဲ့ အသင်းတစ်သင်းပါ၊ ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်က ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် အခု အခါမှာတော့ လက်ရှိ ပုံစံကောင်းကိုပဲ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ ဦးစား ပေးထားတယ်။ ”
” ကျွန်တော်တို့ အသင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတာကြောင့် လုပ်ဆောင်စရာ ရှိတာကို လုပ်ဆောင် ရဦးမှာပါ ။ အခု အချိန်မှာ အသင်းက ပုံစံကောင်း ရနေပါတယ် ၊ ဒါပေမယ့် ရှေ့လျှောက် လုပ်စရာတွေ လည်း အများကြီး ရှိနေပါသေးတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။
အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် မရတာ ၅ နှစ်ဆက် ရှိသွားခဲ့ပြီ ဖြစ်ပြီး ဒီရာသီဆို နှစ်ပေါင်း ၂၅ နှစ် အတွင်း ပထမဆုံး အကြိမ် ဥရောပ ပြိုင်ပွဲ ကစားခွင့် မရတာ ဖြစ်ပါတယ်။
ဒါပေမယ့် အာဆင်နယ် အသင်း ရလဒ်ကောင်းတွေ ပြသနေတာကြောင့် ဝေဖန် သုံးသပ်သူတွေကတော့ ဂန်းနားတို့ ဒီရာသီ ဥရောပဝင်ခွင့် ပြန်ရလိမ့်မယ်လို့ ယူဆလာကြပါတယ်။

ZG
အာဆင္နယ္မွာ အသင္းေဖာ္ေတြခ်င္း ခ်န္ပီယံလိဂ္အေၾကာင္း မေျပာဆို ျဖစ္ၾကဘူးလို႔ ဂန္းနား ဂိုးသမား ရမ္စ္ဒဲလ္ က talkSPORT နဲ႔ အင္တာဗ်ဴးမွာ ဖြင့္ဟသြားခဲ့ပါတယ္။
သူ အပါအဝင္ အသင္းေဖာ္ေတြဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲပတ္သက္ၿပီး ေဆြးေႏြး ေျပာဆိုတာမ်ိဳး ႐ွိသလားဆိုတဲ့ ေမးခြန္းကို ရမ္စ္ဒဲလ္ က အခုလို တုန္႔ျပန္ခဲ့တာပါ။
” မ႐ွိပါဘူး၊ ကြၽန္ေတာ္တို႔ အဲ့ဒီအေၾကာင္း မေဆြးေႏြး ျဖစ္ပါဘူး။ ကြၽန္ေတာ္တို႔ အသင္းက အသက္ ငယ္႐ြယ္သူေတြ မ်ားတဲ့ အသင္းတစ္သင္းပါ၊ ကြၽန္ေတာ္တို႔ရဲ႕ အဓိက ရည္မွန္းခ်က္က ခ်န္ပီယံလိဂ္ဝင္ခြင့္ ရဖို႔ ဆိုတာ မွန္ပါတယ္၊ ဒါေပမယ့္ အခု အခါမွာေတာ့ လက္႐ွိ ပုံစံေကာင္းကိုပဲ ဆက္လက္ ထိန္းသိမ္းထားႏိုင္ဖို႔ ဦးစား ေပးထားတယ္။ ”
” ကြၽန္ေတာ္တို႔ အသင္းမွာ လိုအပ္ခ်က္ေတြ ႐ွိေနေသးတာေၾကာင့္ လုပ္ေဆာင္စရာ ႐ွိတာကို လုပ္ေဆာင္ ရဦးမွာပါ ။ အခု အခ်ိန္မွာ အသင္းက ပုံစံေကာင္း ရေနပါတယ္ ၊ ဒါေပမယ့္ ေ႐ွ႕ေလွ်ာက္ လုပ္စရာေတြ လည္း အမ်ားႀကီး ႐ွိေနပါေသးတယ္ ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္။
အာဆင္နယ္ အသင္းဟာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ မရတာ ၅ ႏွစ္ဆက္ ႐ွိသြားခဲ့ၿပီ ျဖစ္ၿပီး ဒီရာသီဆို ႏွစ္ေပါင္း ၂၅ ႏွစ္ အတြင္း ပထမဆုံး အႀကိမ္ ဥေရာပ ၿပိဳင္ပြဲ ကစားခြင့္ မရတာ ျဖစ္ပါတယ္။
ဒါေပမယ့္ အာဆင္နယ္ အသင္း ရလဒ္ေကာင္းေတြ ျပသေနတာေၾကာင့္ ေဝဖန္ သုံးသပ္သူေတြကေတာ့ ဂန္းနားတို႔ ဒီရာသီ ဥေရာပဝင္ခြင့္ ျပန္ရလိမ့္မယ္လို႔ ယူဆလာၾကပါတယ္။