မန်ယူ ရင်ပူစရာ ဖြစ်လာတော့မယ့် အခြေအနေတွေကို ကာရေဂါ မီးမောင်းထိုး ရှင်းပြသွား

ပြီးခဲ့တဲ့ သောကြာညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ နယူးကာဆယ်ဟာ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်နဲ့အတူ မန်ယူအသင်း စိုးရိမ်စရာ ဖြစ်လာပြီ လို့ Sky Sport ရဲ့ ဘောလုံးအစီအစဉ်တင်ဆက် သူဖြစ်တဲ့ ကာရေဂါက မှတ်ချက်ပေးလိုက်ပါတယ်။

နယူးကာဆယ်ဟာ ဖောရက်စ်ကို နာကျင်အချိန်ပို သွင်းဂိုးကြောင့် အနိုင်ရခဲ့တဲ့အတွက် ပရီးမီးယားလိဂ် ၂၆ ပွဲအပြီးမှာ ရမှတ် ၄၇ မှတ်ရခဲ့ပြီး မန်ယူအသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ရပ်တည်မှု မှာ မန်ယူဟာ အဆင့် ၃ နေရာကို ပိုင်ဆိုင်ထားပေမဲ့လည်း ငှက်ကျားတွေရဲ့ နိုင်ပွဲဟာ အိုးလ်ထရက်ဖို့ဒ်ကလပ်ကို တွန်းအားပေးသလိုဖြစ်ပြီး နည်းပြ အက်ဒီဟောင်းရဲ့ အသင်းဟာလည်း ချန်ပီယံလိဂ် ဝင်ခွင့်ဖို့အတွက် အစွမ်းကုန် ကြိုးစားမှာဖြစ်လို့ နောက်ပိုင်းပွဲတွေမှာ ပိုပြီး ခက်ခဲမှုတွေ ရှိလာနိုင်တယ်လို့ ကာရေဂါက သုံးသပ်ပါတယ်။

” ဒီရလဒ်က မန်ယူကို အခုလို Top 4 နေရာလုပွဲထဲ ဆွဲထည့်လိုက်တာ။ အထူးသဖြင့် မကြာခင်မှာ နယူးကာဆယ်နဲ့ မန်ယူတို့ ကစားရတော့မှာ ဖြစ်လို့ပါ။

နယူးကာဆယ်က ဒါကို ကောင်းကောင်း အသုံးချရပါလိမ့်မယ်။ သူတို့က ဥရောပ ပြိုင်ပွဲဝင်ခွင့်နဲ့ ပတ်သက်မှု ရှိလာတော့မှာ ဖြစ်ပါတယ်။

နောက်ဆိုရင် သူတို့ဟာ ဖလားတွေကိုတောင် မျှော်လင့်လို့ရတော့မှာပါ။ ကျွန်တော့်ကို အထင်ကြီးစေတဲ့ အကြောင်း အရင်းကတော့ အသင်းရဲ့ လည်ပတ်နေတဲ့ စနစ်ပါပဲ။ ဖောရက်စ်က တစ်ယောက်ချင်း ထိပ်တိုက်တွေ့ဖို့ ကြိုးစားခဲ့ ပေမဲ့လည်း အလုပ်မဖြစ်ခဲ့ပါဘူး။

သူတို့ကို ကြည့်ရတာ ကျွန်တော် ကြိုက်တယ်။ နယူးကာဆယ်နဲ့ စပါးတို့အတွက် ကျွန်တော် ကြိုက်တဲ့ အချက်က စပါးဟာ ဆိုရင် ယူနိုက်တက်ရဲ့ နေရာကို သွားရမှာမို့လို့ပါ။ လီဗာပူးနဲ့ စပါးမှာဆိုရင်တော့ နည်းနည်းလေး အထိုင် မကျတဲ့ ကိစ္စမျိုးတွေ ရှိနေတယ်လို့ မြင်တယ်။

ဒါမျိုးကို နယူးကာဆယ်မှာ မမြင်ရဘူး။ သူတို့က နိုင်ပွဲ မရဘူးဆိုရင်တောင် စွမ်းဆောင်ရည်က ကောင်းနေတာ။ ” လို့ ကာရေဂါက နော်တင်ဟမ်နဲ့ ပွဲအပြီးမှာ သုံးသပ်ခဲ့တာပါ။

မန်ယူဟာ ဒီတစ်ပတ်မှာ အက်ဖ်အေဖလား ပွဲစဉ် ကစားရဖို့ရှိလို့ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲကို ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်တဲ့ အတွက် နယူးကာဆယ်နဲ့ ရမှတ်ကွာဟမှုဟာ ဒီသီတင်းပတ်မှာတော့ ဒီအတိုင်းပဲ ရှိနေဦးမှာ ဖြစ်ပါတယ်။