ကွာတား၊ ဆီမီး မဲခွဲမှုတွေ အပြီး စူပါကွန်ပျူတာ တွက်ထုတ်လိုက်တဲ့ ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်ခြေနဲ့ အသင်းများ
ကွာတားဖိုင်နယ်အဆင့် မဲခွဲရလဒ်တွေအပြီးမှာ အချက်အလက် FiveThirtyEight ဝက်ဆိုက်ရဲ့ စူပါကွန်ပျူတာ က ယခုရာသီ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်မယ့်အသင်းကို အဖြေထုတ်ပေးခဲ့ပါတယ်။
သောကြာနေ့မှာ ကွာတားဖိုင်နယ်အဆင့်နဲ့ ဆီမီးဖိုင်နယ်အဆင့်အတွက် မဲခွဲခဲ့ပြီး လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်က မန်စီးတီး၊ ဘိုင်ယန်မြူးနစ်တို့နဲ့အတူ ကျရောက်ခဲ့တာကြောင့် တစ်သင်းနဲ့တစ်သင်း ရင်ဆိုင်ရနိုင်ခြေရှိနေတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်တုန်းက ဥရောပချန်ပီယံဖြစ်ခဲ့တဲ့ ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်တဲ့ ၃ သင်းနဲ့အတူ ကျရောက်ခဲ့ပြီး တစ်ဖက်မှာတော့ အီတလီ ၃ သင်းနဲ့ ပေါ်တူဂီ ၁ သင်းက ရှိနေတာ ဖြစ်ပါတယ်။

နာပိုလီ၊ အင်တာ၊ အေစီ၊ ဘင်ဖီကာတို့အတူတူ ကျရောက်နေတာကြောင့် အနည်းဆုံး တစ်သင်းက ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အာမခံချက်ရှိနေပြီး ဗိုလ်လုပွဲတက်ရောက်ဖို့လည်း ၃ လေး ၄ လေး အခွင့်အရေးရှိနေတာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းကတော့ ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ နောက်ဆုံး ချန်ပီယံလိဂ် အနိုင်ရရှိခဲ့သူ ၃ သင်းထဲက ၂ သင်းကို ကျော်ဖြတ်ရမှာဖြစ်ပြီး ဥရောပဖလားကို တစ်ကြိမ်မှ မရရရှိခဲ့ဖူးတာကြောင့် ကျန်တဲ့အသင်းတွေအားလုံးထက် အနိုင်ရနိုင်ခြေ ၁၀ ရာခိုင်နှုန်း ပိုပေးခံထားရတာ ဖြစ်ပါတယ်။
FiveThirtyEight စူပါကွန်ပျူတာ ရဲ့ ဖော်ပြချက်အရ ဂွါဒီယိုလာရဲ့အသင်းဟာ ချန်ပီယံလိဂ်ဖလားကို အနိုင်ရရှိဖို့ ၂၈ ရာခိုင်နှုန်း အခွင့်အရေးရှိနေပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ ၁၈ ရာခိုင်နှုန်းနဲ့ ဒုတိယအခွင့်အရေး အကောင်းဆ သင်းဖြစ်နေတာဖြစ်ပါတယ်။
စိတ်ဝင်စားစရာကောင်းစွာနဲ့ပဲ နာပိုလီအသင်းက ၁၇ ရာခိုင်နှုန်းနဲ့ တတိယ အခွင့်အရေး အကောင်းဆုံး အသင်း ဖြစ်နေပေမယ့်လည်း ဗိုလ်လုပွဲတက်ရောက်နိုင်မယ့် အခွင့်အရေးမှာတော့ မန်စီးတီးက ၄၀ ရာခိုင်နှုန်းပဲ ရှိနေချိန်မှာ စီးရီးအေကလပ်အသင်း ၄၃ ရာခိုင်နှုန်းအထိ ရှိနေတာဖြစ်ပါတယ်။
FiveThirtyEight ရဲ့ တွက်ချက်မှုဟာ တစ်သင်းချင်းစီရဲ့ ဘက်ပေါင်းစုံ အားသာချက်၊ မျှော်မှန်းသွင်းဂိုး၊ ပေးဂိုးတွေ အပေါ်မှာ မူတည်ပြီး တွက်ချက်ထားတာဖြစ်ပြီး နာပိုလီရဲ့ ဆီမီးနဲ့ ဖိုင်နယ်တက်ဖို့ အခွင့်အရေးမြင့်မား နေမှုက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆင့်သတ်မှတ်ချက် အဆိုးရွားဆုံးဖြစ်ပြီး စီးရီးအေအမှတ်ပေးဇယားမှာ ရမှတ် ၂၀ အထိ ကွာဟနေတဲ့ အေစီမီလန်နဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ဖြစ်ပါတယ်။