ခြေစွမ်း သိပ်ကောင်းပေမယ့် သိပ် ချီးကျူးမခံရတဲ့ အာဆင်နယ် အသင်းသားအား အိုဝင် ဖော်ထုတ်

မိုက်ကယ် အိုဝင်က အာဆင်နယ်အသင်းက ခရစ္စတယ် ပဲလေ့စ်ကို အနိုင်ယူပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ၈ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပြီးနောက် ချီးကျူးခံရသင့်သလောက် ချီးကျူးမခံခဲ့ရတဲ့ ဘန်ဝှိုက်ကို ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်ဟာ ကြာသပတေးနေ့ညက ယူရိုပါလိဂ်ပြိုင်ပွဲမှာ စပို့တင်း လစ္စဘွန်းအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဥရောပပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာတီတာရဲ့အသင်းဟာ တနင်္ဂနွေနေ့က အမ်းမရိတ်စ်မှာ ခရစ္စတယ် ပဲလေ့စ်ကို ၄-၁ နဲ့ အပြတ်အသတ် အနိုင်ယူပြီး ရှုံးနိမ့်ခဲ့မှုကို အကောင်းဆုံး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

စပို့တင်းနဲ့ပွဲမှာ ပင်နယ်တီ လွဲခဲ့တဲ့ ဂါဘရီယဲလ် မာတီနယ်လီဟာ ၂၈ မိနစ်မှာ အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ဆာကာက ပထမပိုင်း မပြီးဆုံးခင်မှာ ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ချာကာနဲ့ ဆာကာကပဲ နောက်ထပ် ဦးဆောင်ဂိုးတွေကို သွင်းယူခဲ့တာဖြစ်ပြီး ဂန်းနားတွေရဲ့ အလွန် ကောင်းမွန်တဲ့နိုင်ပွဲကြောင့် အထင်ကြီးမိခဲ့တဲ့ အိုဝင်က ဘန် ဝှိုက်ကို အမ်းမရိတ်စ်က နိုင်ပွဲအတွင်းက အခန်းကဏ္ဍ အတွက် ချီးကျူးခဲ့တာဖြစ်ပါတယ်။

ဘန် ဝှိုက်ဟာ ညာနောက်ခံကစားသမားအဖြစ် ယခုရာသီမှာ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး အိုဝင်က အင်္ဂလန်နောက်ခံလူရဲ့ ဆာကာနဲ့ တွဲဖက်ကစားနိုင်မှုက အာဆင်နယ်အတွက် အရမ်း အရေးပါတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီအတွဲအဖက်က အထင်ကြီးစရာ ကောင်းခဲ့ပါတယ်။ ဒီပေါင်းစပ်ကစားပုံက အာဆင်နယ်အတွက် အရမ်း အရေးပါ ပါတယ်။ ဘန် ဝှိုက်က ရှေ့ကို တက်ပြီး ချိတ်ကစားတယ်။ သူ လိုအပ်ရင် နောက်ကို ပြန်ဆင်းနိုင်တဲ့ မြန်နှုန်းရှိတယ်”

“ပွဲပြီးခါနီးမှာ နှစ်သက်စရာအခိုက်အတန့်ရှိခဲ့ပြီး သူ ဘောလုံး ဖျက်ထုတ်ပြီး အောင်ပွဲခံခဲ့ပါတယ်။ သူက အခုအချိန်မှာ အာဆင်နယ်အတွက် နည်းနည်း တန်ဖိုးထားသင့်သလောက် အထားမခံရတဲ့ကစားသမားမျိုးလို့ ကျွန်တော် ခံစားရတယ်။ ”လို့ ပြောကြားခဲ့ပါတယ်။