လီဗာပူးလ် ပရိသတ်တွေ လှောင်ပြောင်မှုနဲ့ အတူ အန်းဖီးလ်အပြန်လမ်း မလှခဲ့တဲ့ လူးဝစ် ဆွာရက်ဇ်

အက်သလက်တီကိုအသင်းရဲ့ တိုက်စစ်မှူး ဆွာရက်ဇ်ကတော့ အသင်းဟောင်း လီဗာပူးနဲ့ ရင်ဆိုင်ရတဲ့ အန်ဖီးလ် တစ်ကျော့ပြန်ခရီးမှာ စိတ်ပျက်စရာရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့အပြင် လီဗာပူးလ်ပရိသတ်တွေကလည်း လှောင်ပြောင်တာ ခံခဲ့ရပါတယ်။

အဲဒီပွဲမှာ အက်သလက်တီကိုအသင်းဟာ လီဗာပူးလ်ကို(၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ပွဲချိန်မိနစ်(၅၀)ကျော်မှာ ဆွာရက်ဇ်က ချေပဂိုးပြန်သွင်းခဲ့ပေမယ့် အဲဒီမတိုင်ခင်မှာ ဟီမီနက်ဇ်လူကျွံနေတာကြောင့် VAR က ဂိုးမပေးခဲ့ပါဘူး။

ဆွာရက်ဇ်ဟာ ဂိုးသွင်းအပြီး အသင်းဟောင်းကိုလေးစားတဲ့အနေနဲ့ အောင်ပွဲခံတာမျိုးမလုပ်ခဲ့ပေမယ့်လည်း ဖိလစ်ပီ အနီကတ် ထိချိန်မှာ သူ့ရဲ့ လွန်လွန်ကဲကဲ တုန့်ပြန်ပုံတွေက မျက်စိစူးစရာ ဖြစ်ခဲ့ပါတယ်။ ဆွာရက်ဇ် ပွဲချိန်(၅၉)မိနစ်မှာ ဟက်တာဟာရဲရားနဲ့ လူစားလဲခံခဲ့ရပြီး ကွင်းထဲက ထွက်လာချိန်မှာတော့ လီဗာပူးလ် ပရိသတ်တွေက သူ့ကို အော်ဟစ်လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ ညကပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ လူကျွံဂိုးတစ်ကြိမ်ဖြစ်ခဲ့တာကလွဲလို့ ကျန်တဲ့ပွဲချိန်အတွင်းမှာ ဂိုးပေါက်ကန်သွင်းမှုမရှိ၊ အခွင့်အရေး ဖန်တီးနိုင်မှုမရှိ၊ တစ်ဦးချင်းကျော်ဖြတ်နိုင်မှုမရှိ စတဲ့ မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ခဲ့ရပြီး အဝါကတ်ပါ အပြခံခဲ့ရပါတယ်။

ဆွာရက်ဇ်ဟာ ၂၀၁၁ ခုနှစ်တုန်းက အေဂျက်စ်အသင်းကနေ လီဗာပူးလ်ကိုပြောင်းရွှေ့ခဲ့ပြီး လီဗာပူးလ် ကစားသမားဘဝ(၄)ရာသီအတွင်း (၁၃၃)ပွဲကစား၊ (၈၂)ဂိုးသွင်းယူခဲ့ပါတယ်။ အဲဒီနောက် ဘာစီလိုနာ ပြောင်းရွှေ့ခါနီး ဖြစ်ရပ်တွေနဲ့ အသင်းပြောင်းပြီး ပြောစကားတွေကြောင့် ဆွာရက်ဇ် တစ်ယောက် အခုထိ လီဗာပူးလ် ပရိသတ်တွေရဲ့ အမျက်သင့် ခံနေရတာ ဖြစ်ပါတယ်။

ZG

အက္သလက္တီကိုအသင္းရဲ႕ တိုက္စစ္မႉး ဆြာရက္ဇ္ကေတာ့ အသင္းေဟာင္း လီဗာပူးနဲ႕ ရင္ဆုိင္ရတဲ့ အန္ဖီးလ္ တစ္ေက်ာ့ျပန္ခရီးမွာ စိတ္ပ်က္စရာရလဒ္နဲ႔ ရင္ဆိုင္ခဲ့ရတဲ့အျပင္ လီဗာပူးလ္ပရိသတ္ေတြကလည္း ေလွာင္ေျပာင္တာ ခံခဲ့ရပါတယ္။

အဲဒီပြဲမွာ အက္သလက္တီကိုအသင္းဟာ လီဗာပူးလ္ကို(၂-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ပြဲခ်ိန္မိနစ္(၅၀)ေက်ာ္မွာ ဆြာရက္ဇ္က ေခ်ပဂိုးျပန္သြင္းခဲ့ေပမယ့္ အဲဒီမတိုင္ခင္မွာ ဟီမီနက္ဇ္လူကြၽံေနတာေၾကာင့္ VAR က ဂိုးမေပးခဲ့ပါဘူး။

ဆြာရက္ဇ္ဟာ ဂိုးသြင္းအၿပီး အသင္းေဟာင္းကိုေလးစားတဲ့အေနနဲ႔ ေအာင္ပြဲခံတာမ်ိဳးမလုပ္ခဲ့ေပမယ့္လည္း ဖိလစ္ပီ အနီကတ္ ထိခ်ိန္မွာ သူ႔ရဲ႕ လြန္လြန္ကဲကဲ တုန္႔ျပန္ပံုေတြက မ်က္စိစူးစရာ ျဖစ္ခဲ့ပါတယ္။ ဆြာရက္ဇ္ ပြဲခ်ိန္(၅၉)မိနစ္မွာ ဟက္တာဟာရဲရားနဲ႔ လူစားလဲခံခဲ့ရၿပီး ကြင္းထဲက ထြက္လာခ်ိန္မွာေတာ့ လီဗာပူးလ္ ပရိသတ္ေတြက သူ႔ကို ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့ၾကတာျဖစ္ပါတယ္။

ဆြာရက္ဇ္ဟာ ညကပြဲမွာ ေျခစြမ္းမျပႏိုင္ခဲ့ဘဲ လူကြၽံဂိုးတစ္ႀကိမ္ျဖစ္ခဲ့တာကလြဲလို႔ က်န္တဲ့ပြဲခ်ိန္အတြင္းမွာ ဂိုးေပါက္ကန္သြင္းမႈမရွိ၊ အခြင့္အေရး ဖန္တီးႏိုင္မႈမရွိ၊ တစ္ဦးခ်င္းေက်ာ္ျဖတ္ႏိုင္မႈမရွိ စတဲ့ မွတ္တမ္းဆိုးေတြ ပိုင္ဆိုင္ခဲ့ရၿပီး အဝါကတ္ပါ အျပခံခဲ့ရပါတယ္။

ဆြာရက္ဇ္ဟာ ၂၀၁၁ ခုႏွစ္တုန္းက ေအဂ်က္စ္အသင္းကေန လီဗာပူးလ္ကိုေျပာင္းေ႐ႊ႕ခဲ့ၿပီး လီဗာပူးလ္ ကစားသမားဘဝ(၄)ရာသီအတြင္း (၁၃၃)ပြဲကစား၊ (၈၂)ဂိုးသြင္းယူခဲ့ပါတယ္။ အဲဒီေနာက္ ဘာစီလိုနာ ေျပာင္းေရႊ႕ခါနီး ျဖစ္ရပ္ေတြနဲ႕ အသင္းေျပာင္းျပီး ေျပာစကားေတြေၾကာင့္ ဆြာရက္ဇ္ တစ္ေယာက္ အခုထိ လီဗာပူးလ္ ပရိသတ္ေတြရဲ႕ အမ်က္သင့္ ခံေနရတာ ျဖစ္ပါတယ္။