ပေါင် ၄၃ သန်း လောက်နဲ့ ဟာလန်းလို တိုက်စစ်မှုး ခေါ်ဖို့ အာဆင်နယ် အသင်း ပြင်ဆင်နေ

အာဆင်နယ်အသင်းကတော့ လာမယ့်နွေရာသီဈေးကွက်မှာ အတ္တလန္တာအသင်းတိုက်စစ်မှူး ဟိုလန့်ကို ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ Boot Room သတင်းဋ္ဌာနရဲ့အဆိုအရသိရပါတယ်။ အဆိုပါကစား သ မားဟာမကြာသေခင်ပဲသူ့ကိုယ်သူ မန်စီးတီးအသင်းတိုက်စစ်မှူးဟာလန်းနဲ့ တူတယ်လို့ပြောဆိုထားသူ လည်းဖြစ်ပါတယ်။

ဟိုလန့်ဟာ ဒီနှစ်ရာသီမှာတော့ စီးရီးအေအသင်းနဲ့အတူအကောင်းဆုံးရာသီကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပြီး အသင်းနဲ့အတူ စီးရီးအေ ၂၅ ပွဲမှာ ၈ ဂိုးသွင်းယူပေးကာ ဂိုးရရှိအောင် ၂ ကြိမ်တိုင်ပံ့ပိုးပေးထားသူဖြစ်ပါ တယ်။

သူဟာ အတ္တလန္တာအသင်းကိုတော့ ပြီးခဲ့တဲ့နွေရာသီကသြစတြီးယားကလပ် Stum Graz ကအသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့ ၂၀၂၇ ခုနျစ်အထိစာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။ လက်ရှိအချိန် မှာတော့သူကိုအာဆင်နယ်အသင်းသာမက နယူးကာဆယ်အသင်းကပါစိတ်ဝင်စားနေတာဖြစ်ပါတယ်။

အကြာသေးခင်ကပင် အသက် ၂၀ တိုက်စစ်မှူးဟိုလန့်က “ကျွန်တော်နဲ့ဟာလန်းကြားမှာ တူညီမှုတွေရှိနေ တယ်လို့ မြင်မိပါတယ်။ သူကမြန်တယ်။ ဘယ်ခြေသုံးနိုင်တယ်။ အရပ်မြင့်တယ်။ ဂိုးရအောင်သွင်းနိုင်တယ်။ အဆုံးသတ်ပိုင်း ကောင်းမွန်တယ်။ သူရဲ့စိတ်ပိုင်းဆိုင်ရာကလည်း ပြီးပြည့်စုံတယ်”လို့ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းကတော့ လာမယ့်နွေရာသီမှာ အသင်းကိုပြုပြင်ပြောင်းလဲမှုအကြီးစားတွေလုပ် ဆောင်ဖို့ပြင် ဆင်နေတာဖြစ်ပြီး တိုက်စစ်ပိုင်းကို အင်အားမြင့်တင်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီဈေးကွက်မှာတော့ ထရော့ဆက်ကိုခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိအချိန်မှာအသက် ၂၀ သာရှိသေးသလို စာချုပ်သက်တမ်းကလည်း ၂၀၂၇ ခုနှစ်မှာကုန်ဆုံးမှာဖြစ်တာ ကြောင့် ပြောင်းရွှေ့ကြေးအနေနဲ့ ယူရို ၄၃ သန်း ရရှိမယ်ဆိုရင်တော့ ခေါ်ယူရရှိနိုင်ဖို့ ရှိနေတာဖြစ်ပါတယ်။