မန်ယူပြန်ခဲ့တာ မှားတယ် ဆိုတဲ့ ဒိုလေး၊ ကလပ်ဝယ်ဖို့ ကမ်းလှမ်းမှုအသစ်များ၊ ပြန်လာမယ့် အဲရစ်ဆန်နဲ့ မန်ယူ သတင်းတိုများ
ကာတာ လုပ်ငန်းစုမှ ရှိတ် ဂျာဆင်း အယ်သာနီ နဲ့ ဗြိတိန် သူဌေးကြီး ဆာ ဂျင် ရတ်ကလစ် တို့ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ထပ်မံ ကမ်းလှမ်းမှုတွေ ပြုလုပ် လိုက်ကြပါပြီ။
ရှိတ် အယ်သာနီ ဟာ မန်ချက်စတာ ယူနိုက်တက် ပိုင်ရှင်သစ် ဖြစ်လာမယ်လို့ ယုံကြည်ချက် အပြည့်အ၀ ရှိနေပြီး သူတို့ရဲ့ ကမ်းလှမ်းထားမှုဟာ အကောင်းဆုံး အနေအထား ဖြစ်တယ်လို့လည်း သတ်မှတ်ထားကြပါတယ်။
ကွင်းကြီး အတွက် ရင်းနှီးမြှပ်နှံမှုတွေ ၊ အကယ်ဒမီ အတွက် လုပ်ဆောင်ပေးမယ့် အရာတွေ ၊ အသင်းကြီး ကို ပံ့ပိုးပေးမှုတွေ အပါအဝင် အယ်သာနီ ဟာ ယူနိုက်တက် ကို ၁၀၀% ပိုင်ဆိုင်မှု ရရှိလိုတယ်လို့ သိရပါတယ် ။

ဗြိတိန် ဘီလီယံနာ ဆာ ဂျင် ရတ်ကလစ် ကတော့ သူပိုင်ဆိုင်တဲ့ INEOS အဖွဲ့က တဆင့် ကမ်းလှမ်းမှု ပြုလုပ် ထားပြီး အသင်းအတွက် ရေရှည် စီမံကိန်းတွေကို တင်ပြထားတယ်လို့ သိရပါတယ် ။
စီ ရော်နယ်ဒိုကတော့ မန်ချက်စတာ ယူနိုက်တက်ထံ ပြန်သွားခဲ့တာက မှားခဲ့တယ်လို့ ပေါ်တူဂီအသင်းရဲ့ ပွဲကြို ရှင်းလင်းပွဲမှာ ထုတ်ပြောလာပါတယ်။
မန်ယူနိုက်တက် ဟာ ဇန်နဝါရီ တုန်းက ပေါ်တို ကွင်းလယ်လူ မာကို ဂရူဂျစ် ကို ချိတ်ဆက် ခဲ့သေးတယ်လို့ သတင်း ထွက်ပေါ်လာပါတယ် ။ ဒါပေမယ့် လီဗာပူး ကွင်းလယ်လူဟောင်း ကတော့ အိုးထရက်ဖိုဒ့် ကို ပြောင်းရွှေ့ဖို့ ငြင်းဆန် ခဲ့တယ်လို့ သိရပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ခရစ်ရှန် အဲရစ်ဆင် က သူ့ရဲ့ ဒဏ်ရာ အခြေအနေ သက်သာ ကောင်းမွန် လာပြီ ဖြစ်တာကြောင့် မကြာခင် ပြန် ကစားနိုင်တော့မယ် ဆိုတာကို ဆိုရှယ်မီဒီယာ ကနေ တဆင့် အသိပေး သွားခဲ့ ပါတယ် ။
ဗက်ဟော့စ်ဟာ မန်ချက်စတာယူနိုက်တက်အတွက် ၎င်းရဲ့ ခြေစွမ်းကို ကာကွယ်ခဲ့ပြီး အသင်းအတွက် ကောင်းမွန်တဲ့ အလုပ်တွေကို လုပ်နေပြီး နည်းပြတန်ဟက်ဆီက ယုံကြည်မှုကို ရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။