မက်ဆီနဲ့ ဘာစီလိုနာ ပြန်ပေါင်းထုပ်မလား၊ လင်ဒီလော့ဖ်၊ ဂျော်ဂျင်ဟို၊ အေဗရာဟမ်နဲ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ

ဘိုင်ယန်နဲ့ လမ်းခွဲလိုက်ပြီ ဖြစ်တဲ့ နည်းပြ နစ်ဂေးစ်မန်း ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ် စပါး အသင်းက စဉ်းစားလာကြောင်း လန်ဒန် သတင်းတွေက ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ဗစ်တာ လင်ဒီလော့ဖ် ကတော့ ပွဲတွေ ကစားချင်တာဟာ သူ့ရဲ့ ဆန္ဒ ဖြစ်ကြောင်း နဲ့ လာမယ့် နွေရာသီမှာ အနာဂတ် ကို စဉ်းစားဆုံးဖြတ် သွားမယ်လို့ အသိပေး ပြောဆိုခဲ့ ပါတယ် ။

ဘာစီလိုနာ ၊ မန်စီးတီး နဲ့ အာဂျင်တီးနား တိုက်စစ်မှူးဟောင်း အဂွေရို ကတော့ လီယွန်နယ် မက်ဆီ ဟာ PSG ကနေ ထွက်ခွာ ဖြစ်ပါက ဘာစီလိုနာ ကို ပြန်သွားဖို့ ၅၀% အခွင့်အလမ်း ရှိနေပါတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ပြင်သစ်ကလပ် Reims မှာ အငှား ကစားရင်း ခြေစွမ်းပြနေတဲ့ တိုက်စစ်မှုး ဘာလိုဂန် အာဆင်နယ် အသင်းနဲ့ အနာဂတ် ကိစ္စကို နည်းပြ အာတီတာနဲ့ ဆွေးနွေးလိုနေပါတယ်။

အာဆင်နယ် ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟိုရဲ့ အေးဂျင့် ဖြစ်သူ ဂျွာအို ဆန်တိုစ် က အီတလီအသင်း အများစုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ဈေးကွက်မှာ ကွင်းလယ် ကစားသမား မလိုခဲ့ဘူးလို့ မှတ်ချက်ပြုခဲ့ပြီး သူ့ ကစားသမားဟာ လာမယ့်နွေမှာ ဘယ်အသင်းကို မဆို ပြောင်းရွှေ့သွားနိုင်တယ်လို့ ပြောဆိုလာပါတယ်။

ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေကမှ ဘာစီလိုနာကနေ လိဒ်စ် ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီး လက်ရွေးစင် ကစားသမား ရာဖင်ဟာ ကို လာမယ့်နွေမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

တမ်မီ အေဗရာဟမ် ဟာ လာမယ့်နွေမှာ ရိုးမားကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ်ထံ ပြန်သွားဖွယ် ရှိတယ်လို့ စကိုင်းစပေါ့ အီတလီက ဖော်ပြလာပါတယ်။ အင်္ဂလန်သားဟာ အသင်းဟောင်း ချယ်ဆီးထံ ပြန်ရောက်နိုင်ခြေ ရှိသလို တိုက်စစ်မှုးသစ် ရှာနေတဲ့ မန်ချက်စတာ ယူနိုက်တက်လည်း ရောက်သွားနိုင်တယ်လို့ သိရပါတယ်။

ရီးရဲမက်ဒရစ် တိုက်စစ်မှူးလေး ရိုဒရီဂို က အန်ဆယ်လော့တီ ဟာ ဘရာဇီး နည်းပြ ဖြစ်လာမယ့် အကြောင်းကို သူတို့နဲ့ ဟာသလုပ် ပြောဆို နေပြီး အမှန်တကယ် ဖြစ်လာမယ်လို့ ယုံကြည်မှုတွေ ပိုမို ခိုင်မာနေပြီလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။