ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ပိတ်ပင်ခံရသည်ထိ ပြစ်မှု ကြီးသွားနိုင်တဲ့ ဘာစီလိုနာရဲ့ စိုးရိမ်ရေမှတ်

ဘာစီလိုနာ အသင်းဟာ လာလီဂါ ဒိုင်လူကြီးအဖွဲ့ အကြီးအကဲ ဂျို့စ် နက်ဂရီယီရာ ပိုင် ကုမ္ပဏီထံ တရားမဝင် ငွေကြေးလွှဲပြောင်းပေးခဲ့ကြောင်း ထင်ရှားပေါ်ပေါက်ခဲ့ပါက ဘာစီလိုနာ ချန်ပီယံလိဂ်မှ ထုတ်ပယ်ခံရနိုင်ခြေရှိကြောင်း သတင်းရရှိပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိ အချိန်မှာ ကွင်းလယ်ဒိုင်ကို လာဘ်ထိုးထားတဲ့ စွပ်စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးခြင်း ခံနေရပြီး ယူနီဆက်ဖ်တို့လို လူမှုကယ်ဆယ်ရေး ဖောင်ဒေးရှင်းတွေရဲ့ နာမည်တွေကို အခကြေးငွေမယူပဲ ဂျာစီ စပွန်ဆာပေးခဲ့ချိန်တွေတုန်းကလည်း ဥရောပ တစ်ခွင်မှာ ဒိုင်လူကြီးတွေရဲ့ အကူအညီများစွာ ရယူနိုင်ခဲ့ပါတယ်။

စပိန်ပြည်တွင်း အယ်လ်ကလက်စီကို ပွဲစဉ်တွေ ယှဉ်ပြိုင်ချိန်တွေမှာလည်း ပြိုင်ဘက် ရီးရဲလ်ထက် အစစ အရာရာ မျက်နှာသာပေးခြင်း ခံထားရတဲ့ ဘာစီလိုနာအသင်းဟာ လေ့ကျင့်ရေးကွင်းအတွင်းက ပေါ်ထွက်လာတဲ့ ဟန်ဆောင် လှဲကျမှု လေ့ကျင့်ခန်း ဗွီဒီယိုဖိုင်တွေကြောင့် နာမည်ကြီးခဲ့ဖူးတဲ့ အသင်းလည်း ဖြစ်ပါတယ်။

စပိန်တရားရုံးက ဘာစီလိုနာအသင်းကို စတင် စုံစမ်းစစ်ဆေးဖို့ အတည်ပြုခဲ့ပြီးနောက် ဘာစီလိုနာအသင်းရဲ့ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရေးက ပိုမို မှေးမှိန်လာခဲ့တာ ဖြစ်ပြီး အကယ်၍ ပြစ်မှု ထင်ရှားခဲ့ပါက ချန်ပီယံလိဂ် ဝင်ခွင့် ဆုံးရှုံးမှုအပါအဝင် အခြားပြစ်ဒဏ်များစွာ ရင်ဆိုင်လာရဦးမှာ ဖြစ်ပါတယ်။

လက်ရှိ အချိန်အထိ ဘာစီလိုနာအသင်းရဲ့ ပြစ်မှုတစ်စုံတစ်ရာ ရှာဖွေ မတွေ့ရှိသေးသလို ဘာစီလိုနာ အသင်းဘက်ကလည်း အဆိုပါ စွပ်စွဲချက်တွေကို ငြင်းဆန်ထားဆဲဖြစ်ပြီး ပြစ်မှုဖော်ထုတ်နိုင်မှသာ ထိုက်သင့်တဲ့ ပြစ်ဒဏ် ချမှတ်နိုင်မှာလည်း ဖြစ်ပါတယ်။

ZG – ဘာစီလိုနာ အသင္းဟာ လာလီဂါ ဒိုင္လူႀကီးအဖြဲ႕ အႀကီးအကဲ ဂ်ိဳ႕စ္ နက္ဂရီယီရာ ပိုင္ ကုမၸဏီထံ တရားမဝင္ ေငြေၾကးလႊဲေျပာင္းေပးခဲ့ေၾကာင္း ထင္ရွားေပၚေပါက္ခဲ့ပါက ဘာစီလိုနာ ခ်န္ပီယံလိဂ္မွ ထုတ္ပယ္ခံရႏိုင္ေျခရွိေၾကာင္း သတင္းရရွိပါတယ္။

ဘာစီလိုနာအသင္းဟာ လက္ရွိ အခ်ိန္မွာ ကြင္းလယ္ဒိုင္ကို လာဘ္ထိုးထားတဲ့ စြပ္စြဲခ်က္ေတြနဲ႔ စုံစမ္းစစ္ေဆးျခင္း ခံေနရၿပီး ယူနီဆက္ဖ္တို႔လို လူမႈကယ္ဆယ္ေရး ေဖာင္ေဒးရွင္းေတြရဲ႕ နာမည္ေတြကို အခေၾကးေငြမယူပဲ ဂ်ာစီ စပြန္ဆာေပးခဲ့ခ်ိန္ေတြတုန္းကလည္း ဥေရာပ တစ္ခြင္မွာ ဒိုင္လူႀကီးေတြရဲ႕ အကူအညီမ်ားစြာ ရယူႏိုင္ခဲ့ပါတယ္။

စပိန္ျပည္တြင္း အယ္လ္ကလက္စီကို ပြဲစဥ္ေတြ ယွဥ္ၿပိဳင္ခ်ိန္ေတြမွာလည္း ၿပိဳင္ဘက္ ရီးရဲလ္ထက္ အစစ အရာရာ မ်က္ႏွာသာေပးျခင္း ခံထားရတဲ့ ဘာစီလိုနာအသင္းဟာ ေလ့က်င့္ေရးကြင္းအတြင္းက ေပၚထြက္လာတဲ့ ဟန္ေဆာင္ လွဲက်မႈ ေလ့က်င့္ခန္း ဗြီဒီယိုဖိုင္ေတြေၾကာင့္ နာမည္ႀကီးခဲ့ဖူးတဲ့ အသင္းလည္း ျဖစ္ပါတယ္။

စပိန္တရား႐ုံးက ဘာစီလိုနာအသင္းကို စတင္ စုံစမ္းစစ္ေဆးဖို႔ အတည္ျပဳခဲ့ၿပီးေနာက္ ဘာစီလိုနာအသင္းရဲ႕ လာမယ့္ ရာသီ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရရွိေရးက ပိုမို ေမွးမွိန္လာခဲ့တာ ျဖစ္ၿပီး အကယ္၍ ျပစ္မႈ ထင္ရွားခဲ့ပါက ခ်န္ပီယံလိဂ္ ဝင္ခြင့္ ဆုံးရႈံးမႈအပါအဝင္ အျခားျပစ္ဒဏ္မ်ားစြာ ရင္ဆိုင္လာရဦးမွာ ျဖစ္ပါတယ္။

လက္ရွိ အခ်ိန္အထိ ဘာစီလိုနာအသင္းရဲ႕ ျပစ္မႈတစ္စုံတစ္ရာ ရွာေဖြ မေတြ႕ရွိေသးသလို ဘာစီလိုနာ အသင္းဘက္ကလည္း အဆိုပါ စြပ္စြဲခ်က္ေတြကို ျငင္းဆန္ထားဆဲျဖစ္ၿပီး ျပစ္မႈေဖာ္ထုတ္ႏိုင္မွသာ ထိုက္သင့္တဲ့ ျပစ္ဒဏ္ ခ်မွတ္ႏိုင္မွာလည္း ျဖစ္ပါတယ္။