မန်ယူနဲ့ ချဲလ်ဆီးတို့ ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှုး အိုဆီမင် အတွက် နာပိုလီ ဈေး သတ်မှတ်
ထိပ်တန်းတိုက်စစ်မှုး ခေါ်ဖို့ ရှာဖွေနေတဲ့ ပရီးမီးယားလိဂ်မှ မန်ယူနဲ့ ချဲလ်ဆီး အသင်းတို့ဟာ နာပိုလီ မှ အိုဆီမင် ကို ဦးစားပေး အဖြစ် သတ်မှတ်ထားခဲ့တာပါ။
ဒယ်လိုစပေါ့တ်သတင်းဌာနကတော့ နာပိုလီဟာ အိုဆီမင်အတွက် ယူရိုသန်း ၁၅၀ တန်ကြေး သတ်မှတ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အိုဆီမင်ဟာ လက်ရှိစီးရီးအေထိပ်တန်း ဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပြီး လိဂ်ပွဲ ၂၃ ပွဲမှာ ၂၁ ဂိုး သွင်းယူ ထားနိုင် ခဲ့ပါတယ်။
အသက် ၂၄ နှစ်သားဟာ ၂၀၂၂ – ၂၃ ရာသီ ပြိုင်ပွဲစုံ ၂၉ ပွဲမှာ ၂၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ နာပိုလီ ဘက်ကတော့ သူတို့စတားကို စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေကာ ပရီးမီးယားလိဂ်ကလပ်တွေက ဒီ ရာသီအကုန်မှာ ခေါ်ယူချင်နေကြပါတယ်။
ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ကလည်း နာပိုလီစတားကို ချိတ်ဆက်နေပေမယ့် အီတလီကလပ်ဘက်က ယူရိုသန်း ၁၅၀ ရမှသာ ရောင်းချဖွယ်ရှိနေပါတယ်။
အိုဆီမင်က သူ့အနေနဲ့ ၂၀၁၇ တုန်းက ဝုလ်ဘတ်အသင်းထံ မပြောင်းခင် ပရီးမီးယားလိဂ်ကို ပြောင်းဖို့ နီးစပ်ခဲ့ကြောင်း လတ်တလောမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ကျွန်တော် အာစင်နဲ့စကားပြောဖြစ်ပါတယ်။ သူက အာဆင်နယ်ကို ပြောင်းလာစေချင်ပေမယ့် အဲ့အချိန်မှာ ကျွန်တော့် အတွက် အကောင်းဆုံး ရွေးချယ်မှု မဟုတ်ခဲ့ပါဘူး”လို့ အိုဆီမင်က ပြောကြားခဲ့ပါတယ်။
အိုဆီမင်ဟာ ၂၀၂၀ တုန်းက လိုင်လီအသင်းထံကနေ ယူရို ၇၅ သန်းနဲ့ ပြောင်းလာခဲ့ပေမယ့် ၉၁ ပွဲမှာ ၅၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ကာ အသင်းဘက်က ဆက်ထိန်းထားနိုင်ဖို့ လုပ်ဆောင်နေပါတယ်။