မန်ယူပေးတဲ့ လစာထက် ပီအက်စ်ဂျီက ၂ဆပေး ကမ်းလှမ်းခဲ့ပေမယ့် ရက်ရှ်ဖို့ဒ် ငြင်းပယ်ခဲ့
မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ပီအက်စ်ဂျီအသင်းထံမှ ရောက်ရှိလာတဲ့ တစ်ပါတ် ပေါင် ၄ သိန်းဆိုတဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ထားကြောင်း သတင်းရရှိပါတယ်။
မန်ယူအသင်းနဲ့ အကောင်းဆုံး ခြေစွမ်းတွေ ထုတ်ဖော်ပြသနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ ယခုရာသီအကုန် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပြီး အသင်းနဲ့ နှစ်ဦးသဘောတူ နောက်ထပ်တစ်နှစ် ထပ်မံသက်တမ်း တိုးမြှင့်ခွင့် ပိုင်ဆိုင်ထားပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ပီအက်စ်ဂျီအသင်းကတော့ မန်ယူအသင်းမှာ လက်ရှိရရှိနေတဲ့ ပေါင် ၂သိန်း ထက်များပြားတဲ့ ပမာဏနဲ့ ရက်ရှ်ဖို့ဒ်ကို ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ လက်ရှိ အသင်းထံမှ ရောက်ရှိလာနိုင်တဲ့ မြင့်မားတဲ့ ကမ်းလှမ်းမှု ကိုသာ စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းဘက်က ရက်ရှ်ဖို့ဒ်ကို သက်တမ်းတိုးဖို့ ဆက်တိုက်ကြိုးစားနေပေမယ့် ကစားသမားဘက်က တစ်ပါတ် ပေါင်၂သိန်းထက် ပိုမို မြင့်မားတဲ့ ပမာဏမျိုးကိုသာ မျှော်လင့်နေပြီး ဆက်လက်ဆွေးနွေးမှုတွေ ပြုလုပ်နေကြတာ တွေ့ရပါတယ်။
ဒါပေမယ့် မန်ယူအသင်းကတော့ ရက်ရှ်ဖို့ဒ်ကို တစ်ပါတ် လုပ်ခ ပေါင် ၂သိန်း ဝန်းကျင်သာ ပေးချေဖို့ ဆုံးဖြတ် ထားတာကြောင့် ကစားသမားရဲ့ အနာဂတ်က လာမယ့်နွေအတွင်း ထပ်မံလှုပ်ခတ်လာနိုင်ပြီး မန်ယူအသင်း နောင်တရဖို့ ရှိနေပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားအပြီး ကစားခဲ့တဲ့ ၂၅ ပွဲအတွင်း သွင်းဂိုး ၁၈ ဂိုးအထိ သွင်းယူထားသူ တစ်ယောက် ဖြစ်တာကြောင့် အသင်းရဲ့ အကောင်းဆုံး ကစားသမားတစ်ယောက်လို့ဆိုလို့ရပြီး ပိုင်ရှင်သစ် အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့ပါက လစာတိုးမြှင့်ကမ်းလှမ်းခံရဖို့ ရှိနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။