မန်ယူ အသင်းခေါင်းဆောင် ရာထူးပေးဖို့ ပေါ်တင် တောင်းဆိုခဲ့သေးတဲ့ ရော်နယ်ဒို ကိစ္စ ထွက်ပေါ်လာ

ခရစ္စတီယာနို ရော်နယ်ဒိုဟာ မန်ယူမှာတုန်းက မက်ဂွိုင်းယားဆီက ကပ္ပတိန် လက်ပတ်ကို သူ့ဆီ ပေးဖို့ တောင်းဆို ခဲ့ပေမယ့် ပယ်ချခံခဲ့ရကြောင်း ESPN သတင်းဌာနက ဖော်ပြလာပါတယ်။

ယာယီနည်းပြဟောင်း ရန်းနက်စ်လက်ထက် ၆ လတာဟာ ပြသနာပေါင်းစုံနဲ့ အရုပ်ဆုံးအကျည်းတန်ခဲ့တာပါ။ ဂျာမန်သား နည်းပြ ကိုင်တွယ်ခဲ့ရတဲ့ အကြီးဆုံးပြသနာတွေထဲမှာ စီရော်နယ်ဒိုရဲ့ကိစ္စလည်း ပါဝင်ခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီ မန်ယူရဲ့ဂိုးအများဆုံးသွင်းသူ ဖြစ်သလို ရန်းနက်စ်လက်အောက်မှာ သူ့ဂိုးအများစုကို သွင်းယူခဲ့တာပါ။

မန်ယူတိုက်စစ်မှုးဟောင်း ရော်နယ်ဒိုရဲ့ ၂၀၂၂ ရဲ့အစောပိုင်းရက်သတ္တပတ်တွေက ဘရန့်ဖို့ဒ်နဲ့ပွဲမှာ လူစားလဲခံရတာကို ဆိုးဆိုးရွားရွားတုံ့ပြန်ခဲ့လို့ ရန်းနစ် တစ်ယောက် ဘယ်လိုမှ မတတ်သာတဲ့အခြေအနေအထိ ရောက်ခဲ့ရတယ်။

ဒါ့အပြင် စီရော်နယ်ဒိုဟာ မက်ဂွိုင်းယားရဲ့ ၂ နှစ်ကြာ အသင်းခေါင်းဆောင်ဘဝကို အဆုံးသတ်ပြီး ကပ္ပတိန်သစ် ဖြစ်လာဖို့ အတော် စိတ်အားထက်သန်ခဲ့ပါတယ်။

ဒါကြောင့်လည်း မက်ဂွိုင်းယားဆီက ကပ္ပတိန်လက်ပတ်ကို သူ့ဆီပေးဖို့ စီရော်နယ်ဒိုက ရန်းနစ်ကို တောင်းဆိုခဲ့တာပါ။ ဒါပေမဲ့ စီရော်နယ်ဒိုရဲ့ အဲဒီတောင်းဆိုမှုကို ရန်းနစ်က ပယ်ချလိုက်ပါတယ်။

ဒါကြောင့်မို့လည်း စီရော်နယ်ဒိုက ပီးယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ ရန်းနစ်ဟာ နည်းပြ တစ်ယောက်တောင် မဟုတ်ဘူးလို့ ပြောသွားခဲ့ဟန် ရှိပါတယ်။

ရော်နယ်ဒိုရဲ့ ဒုတိယ အကြိမ် အိုးထရက်ဖို့ဒ် အပြန် ခရီးဟာ ထင်သလို မချောမွေ့ခဲဘဲ အကွဲအပြဲနဲ့ ပြန် လမ်းခွဲခဲ့ရတာက ဝမ်းနည်းစရာ ဖြစ်ပါတယ်။