ဘောလုံး သမိုင်းမှာ အကောင်းဆုံး က ငါပဲ လို့ ရဲရဲတင်းတင်း ကြွေးကြော်တဲ့ စီ ရော်နယ်ဒို

မန်ယူ နဲ့ ရီးရဲလ် ကြယ်ပွင့်ဟောင်း ဖြစ်ပြီး လက်ရှိ အယ်နာဆာ စူပါစတား စီရော်နယ်ဒို က သူဟာ ဘောလုံးသမိုင်းတစ်လျှောက်မှာ အကောင်းဆုံးပါလို့ ထုတ်ဖော် ကြွေးကြော်လိုက်ပါတယ်။

စီရော်နယ်ဒိုဟာ ဆော်ဒီမှာ အခြေစိုက်တဲ့ GOAL Arab နဲ့ အင်တာဗျူးမှာ အဲဒီလို ပြောဆိုခဲ့တာပါ။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

တကယ်လည်း စီရော်နယ်ဒိုဟာ ဘောလုံးသမိုင်းရဲ့အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီပေါ်တူဂီလက်ရွေးစင်ဟာ သူ့စိတ်ထဲရှိတဲ့အတိုင်းပြောဖို့ ဘယ်တော့မှ ဝန်လေးနေသူ မဟုတ်ပါဘူး။

”ကျွန်တော်က ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားပါ”လို့ ၃၈ နှစ်အရွယ် ကစားသမားက ရဲရဲတင်းတင်း ပြောခဲ့တာပါ။

အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားအောင်မြင်မှုကြောင့် သမိုင်းတစ်လျှောက် အကောင်းဆုံး ဆိုတဲ့ သရဖူကို မက်ဆီ ဆောင်းနိုင်ခဲ့ပြီလို့ ယုံကြည်သူတွေ ရှိနေကြပေမယ့် စီရော်နယ်ဒိုရဲ့ သူအကောင်းဆုံး ဆိုတဲ့ ယုံကြည်မှုက ယိုင်လဲ မသွားသေးပါဘူး။

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နိုင်ငံတကာကြားဖြတ်က ပေါ်တူဂီအတွက် ယူရိုခြေစစ်ပွဲတွေမှာလည်း ၂ ပွဲမှာ ၄ ဂိုး သွင်းခဲ့ပါတယ်။

လက်ရှိ အယ်နာဆာအသင်းမှာလည်း သူဟာ ၁၀ ပွဲကစား ၉ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးပေးထားတာပါ။ နိုင်ငံဘောလုံး သမိုင်းတစ်လျှောက်မှာလည်း သူဟာ ဂိုးအများဆုံး၊ ပွဲအများဆုံးစံချိန်တွေကို တင်ထားပါတယ်။

စီရော်နယ်ဒိုက သမိုင်းတစ်လျှောက် အကောင်းဆုံးပါလို့ ယုံကြည်ထားကြတဲ့ ပရိသတ်အရေအတွက်လည်း ဒုနဲ့ဒေး ရှိနေပါတယ်။