မန်ယူက ဒီည အိုးထရက်ဖို့ဒ်မှာ ဘရန့်ဖို့ဒ်ကို ဘယ်လို ဧည့်ခံမလဲ ခရစ်ဆက်တန် သုံးသပ် ခန့်မှန်းချက်
ဒီနေ့ညမှာတော့ မန်ချက်စတာ ယူနိုက်တက် က ဘရန့်ဖိုဒ့် အသင်းကို ပရီးမီးယားလိဂ် ပွဲ အဖြစ် အိုးထရက်ဖိုဒ့်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။
မန်ယူနဲ့ ဘရန့်ဖို့ဒ် အသင်းတို့က ဒီ ကြာသပတေးနေ့ နံနက် ၁း၃ဝ နာရီမှာ ယှဉ်ပြိုင် ကြမှာပါ။ ဘီဘီစီမှ ခရစ်ဆက်တန် က ဒီပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

” ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယူးကာဆယ်ရဲ့ မန်ချက်စတာ ယူနိုက်တက်ကို နိုင်တဲ့ ပွဲအရ ပြောရမယ် ဆိုရင် အဲရစ် တန်ဟက်ရဲ့ အသင်းက မှေးမှိန်လာနေပါတယ်။
သူတို့က ဒီည ပွဲ အပါအဝင် ကွင်းလယ် ကစားသမား ကာဆီမီရို မပါဘဲ နှစ်ပွဲ ကစားရဦးမှာပါ။ သူတို့ကတော့ ကာဆီမီရိုကို အတော် လွမ်းနေလောက်ပြီ။
ဘရန့်ဖို့ဒ်က ဒီရာသီ အစမှာ ယူနိုက်တက်ကို ဂိုးပြတ် ချေမှုန်းခဲ့ပါသေးတယ်။ အခုထိလည်း သူတို့က ဂိုးပေါက် ခြိမ်းခြောက်နိုင်စွမ်းတွေ ရှိနေတယ်။ ဒီပွဲမှာလည်း ဘရန့်ဖို့ဒ်က ဂိုးတွေ သွင်းဦးမှာပါ။
ဒါပေမယ့် ယူနိုက်တက်က သူတို့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဆိုရင် များသော အားဖြင့် ခြေစွမ်းကောင်းတယ်။ ဒီတော့ သူတို့ အသာရသွားမယ်လို့ပဲ ကျနော် မှန်းလိုက်ပါမယ်။ ” လို့ ဆက်တန်က သုံးသပ်သွားပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၁ ဘရန့်ဖို့ဒ် ဖြစ်ပါတယ်။