Breaking News: ချယ်ဆီးနည်းပြ ရာထူးအတွက် လန်ဒန်ကို သူ ရောက်လာပါပြီ

ဂရေဟမ် ပေါ်တာကို ထုတ်ပယ်ပြီးနောက် နည်းပြသစ် ရှာဖွေနေတဲ့ ချယ်ဆီးအသင်းဟာ အတည်ပြု ခန့်အပ်နိုင်ဖို့ အတော် နီးစပ်လာနေပြီ ဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ စပိန်နည်းပြဟောင်း အင်းနရစ်က ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်ဆီး နည်းပြ ရာထူး အတွက် အပြီးသတ် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အင်္ဂလန်နိုင်ငံ ၊ လန်ဒန်မြို့ဆီ ဒီနေ့ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းမှာ ရောက်လာကြောင်း သိရပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အင်းနရစ်က လန်ဒန်မြို့ဆီ သူ့ရဲ့ ကိုယ်စားလှယ်တွေနဲ့အတူ ရောက်လာတာ ဖြစ်ပြီး သူက ချယ်ဆီး အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ မကြာခင် တွေ့ဆုံဖို့ ရှိနေပါတယ်။

ချယ်ဆီး က အင်းနရစ်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ပြင်နေပေမယ့် တဖက်မှာလည်း ဂျာမန်နည်းပြ နာဂယ်စမန်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါသေးတယ်။

ဒါကြောင့် အင်းနရစ်က ချယ်ဆီး နည်းပြ ဖြစ်ဖို့ ယတိပြတ်ကြီး သေချာတဲ့ အနေအထားမျိုးတော့ မဟုတ်သေးပါဘူး။

အကယ်၍ ချယ်ဆီးနဲ့ ဆွေးနွေးမှုသာ အဆင်မပြေရင် အင်းနရစ်က နည်းပြ နေရာ လစ်လပ်နေတဲ့ စပါးနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ပြင်ထားပါတယ်။ ဒါပေမယ့် အင်းနရစ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ချယ်ဆီး ကို ကိုင်တွယ်ဖို့သာ ဖြစ်ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

Update: ချယ်ဆီးအသင်းဟာ ရာသီကုန်ထိ လက်ကျန်ပွဲတွေကို ကိုင်တွယ်ဖို့ ယာယီနည်းပြ အဖြစ် ဖရန့်လမ်းပတ်ကို ခန့်အပ်ဖို့ သဘောတူညီမှု ရသွားပြီ ဖြစ်ပါတယ်။

အင်းနရစ်နဲ့တော့ နောက်ရာသီ ချယ်ဆီးနည်းပြ ရာထူးအတွက် ဆက်လက် ဆွေးနွေးမှာ ဖြစ်ပြီး အကောင်းမြင်ဖွယ် ရှိနေပါတယ်။