ဝေဖန်မှုတွ ကြားကပဲ ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုနဲ့ နီးလာသည်ထိ စွမ်းဆောင်ထားတဲ့ ဒီဂီယာ
မနေ့က စနေနေ့ည အဲဗာတန်နဲ့ပွဲမှာ ပေးဂိုးမရှိစွမ်းဆောင်နိုင်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒီဂီယာဟာ ပရီးမီးယားလိဂ် ရွှေလက်အိပ်ဆုအတွက် ရပ်တည်မှု ဇယားမှာ ပူးတွဲထိပ်ဆုံးနေရာရောက်လာပါတယ်။
ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုအတွက် ဒီဂီယာနဲ့ ပူးတွဲဦးဆောင်နေသူက နယူးကာဆယ် ဂိုးသမား နစ်ခ်ပုပ်ပါ။ သူတို့နှစ်ယောက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပေးဂိုးမရှိ ၁၃ ပွဲ စွမ်းဆောင်ထားပါတယ်။
ဒါပေမဲ့ ကာကွယ်မှုအကြိမ်ရေမှာတော့ စပိန်သားဂိုးသမားက ပိုများပြီး နစ်ခ်ပုပ်က ၆၂ ကြိမ်မှာ ဒီဂီယာက ၇၇ ကြိမ် ရှိတာပါ။
သူတို့နှစ်ယောက်ရဲ့နောက် တတိယနေရာမှာ ကပ်လိုက်နေတာကတော့ အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ် အသင်းက ဂိုးသမား ရမ်းစ်ဒေးဖြစ်ပြီး ပေဂိုးမဲ့ ၁၂ ပွဲ ရှိပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းကတော့ ပရီးမီးယားလိဂ် ရွှေလက်အိပ်ဆုကို လီဗာပူးဂိုးသမားအယ်လစ်ဆန်နဲ့ မန်စီးတီးဂိုးသမား အီဒါဆန်တို့ ပူးတွဲရရှိခဲ့ကြတာပါ။ အဲဒီတုန်းက သူတို့ဟာ ပရီးမီးယားလိဂ်မှာ ပေးဂိုးမဲ့ပွဲ ၂၀ စီရှိခဲ့ကြပါတယ်။
ရွှေလက်အိပ်ဆုရှင်နောက်ဆုံး ၁၁ ယောက်မှာ ၂ ယောက်ကသာ တူညီတဲ့ရာသီမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တာပါ။
ဒီဂီယာကတော့ သူ့ကစားသမားဘဝမှာ ဒီဆုကို တစ်ကြိမ်သာရဖူးပြီး ၂၀၁၇-၁၈ ရာသီကဖြစ်ကာ အဲဒီတုန်းက ပေးဂိုးမဲ့ ၁၈ ပွဲရှိခဲ့ပါတယ်။
ဒီဂီယာဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီတုန်းကလည်း မန်ယူသမိုင်းတစ်လျှောက် ပေးဂိုးမဲ့ပွဲအများဆုံးဂိုးသမားအဖြစ် ဂန္ထဝင် တစ်ယောက်ဖြစ်သူ ရှမိုက်ကယ်ရဲ့စံချိန်ကို ချိုးနိုင်ခဲ့တာပါ။
ဒီဂီယာဟာ ဒီနောက်ပိုင်း မော်ဒန်ခေတ် ကစားပုံနဲ့ အံမဝင်ဘူး ဝေဖန်မှုတွေ များစွာ ခံနေရပေမယ့် အသင်း ဂိုးပေါက်ကိုတော့ အကောင်းဆုံး ကာကွယ်ပေးနေဆဲ ဖြစ်ကြောင်း အခုလို ရွှေလက်အိတ်ဆု ရေပန်းစားလာသည် ထိ တက်လာတာက သက်သေပြလို့ နေပါတယ်။

ZG – မေန႔က စေနေန႔ည အဲဗာတန္နဲ႔ပြဲမွာ ေပးဂိုးမရွိစြမ္းေဆာင္ႏိုင္ခဲ့ၿပီးေနာက္ မန္ခ်က္စတာ ယူနိုက္တက္ ဂိုးသမား ဒီဂီယာဟာ ပရီးမီးယားလိဂ္ ေ႐ႊလက္အိပ္ဆုအတြက္ ရပ္တည္မႈ ဇယားမွာ ပူးတြဲထိပ္ဆုံးေနရာေရာက္လာပါတယ္။
ပရီးမီးယားလိဂ္ ေ႐ႊလက္အိတ္ဆုအတြက္ ဒီဂီယာနဲ႔ ပူးတြဲဦးေဆာင္ေနသူက နယူးကာဆယ္ ဂိုးသမား နစ္ခ္ပုပ္ပါ။ သူတို႔ႏွစ္ေယာက္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ေပးဂိုးမရွိ ၁၃ ပြဲ စြမ္းေဆာင္ထားပါတယ္။
ဒါေပမဲ့ ကာကြယ္မႈအႀကိမ္ေရမွာေတာ့ စပိန္သားဂိုးသမားက ပိုမ်ားၿပီး နစ္ခ္ပုပ္က ၆၂ ႀကိမ္မွာ ဒီဂီယာက ၇၇ ႀကိမ္ ရွိတာပါ။
သူတို႔ႏွစ္ေယာက္ရဲ႕ေနာက္ တတိယေနရာမွာ ကပ္လိုက္ေနတာကေတာ့ အမွတ္ေပးဇယား ဦးေဆာင္သူ အာဆင္နယ္ အသင္းက ဂိုးသမား ရမ္းစ္ေဒးျဖစ္ၿပီး ေပဂိုးမဲ့ ၁၂ ပြဲ ရွိပါတယ္။
ၿပီးခဲ့တဲ့ရာသီတုန္းကေတာ့ ပရီးမီးယားလိဂ္ ေ႐ႊလက္အိပ္ဆုကို လီဗာပူးဂိုးသမားအယ္လစ္ဆန္နဲ႔ မန္စီးတီးဂိုးသမား အီဒါဆန္တို႔ ပူးတြဲရရွိခဲ့ၾကတာပါ။ အဲဒီတုန္းက သူတို႔ဟာ ပရီးမီးယားလိဂ္မွာ ေပးဂိုးမဲ့ပြဲ ၂၀ စီရွိခဲ့ၾကပါတယ္။
ေ႐ႊလက္အိပ္ဆုရွင္ေနာက္ဆုံး ၁၁ ေယာက္မွာ ၂ ေယာက္ကသာ တူညီတဲ့ရာသီမွာပဲ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တာပါ။
ဒီဂီယာကေတာ့ သူ႔ကစားသမားဘဝမွာ ဒီဆုကို တစ္ႀကိမ္သာရဖူးၿပီး ၂၀၁၇-၁၈ ရာသီကျဖစ္ကာ အဲဒီတုန္းက ေပးဂိုးမဲ့ ၁၈ ပြဲရွိခဲ့ပါတယ္။
ဒီဂီယာဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီတုန္းကလည္း မန္ယူသမိုင္းတစ္ေလွ်ာက္ ေပးဂိုးမဲ့ပြဲအမ်ားဆုံးဂိုးသမားအျဖစ္ ဂႏၴဝင္ တစ္ေယာက္ျဖစ္သူ ရွမိုက္ကယ္ရဲ႕စံခ်ိန္ကို ခ်ိဳးႏိုင္ခဲ့တာပါ။
ဒီဂီယာဟာ ဒီေနာက္ပိုင္း ေမာ္ဒန္ေခတ္ ကစားပံုနဲ႕ အံမဝင္ဘူး ေဝဖန္မႈေတြ မ်ားစြာ ခံေနရေပမယ့္ အသင္း ဂိုးေပါက္ကိုေတာ့ အေကာင္းဆံုး ကာကြယ္ေပးေနဆဲ ျဖစ္ေၾကာင္း အခုလို ေရႊလက္အိတ္ဆု ေရပန္းစားလာသည္ ထိ တက္လာတာက သက္ေသျပလို႔ ေနပါတယ္။