လာမယ့် နွေမှာ နည်းပြ တန်ဟက် ရောင်းထုတ်မယ့် မန်ယူ ကစားသမား ၁၃ ဦး အထိ ရှိနေ
လာမယ့်နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ကတော့ ယူနိုက်တက်အတွက် အလွန် အလုပ်ရှုပ်တဲ့နွေ ရာသီ ဖြစ်လာဖို့ ရှိနေပါတယ်။
ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဟာ ယခုရာသီအကုန်တွင် ဘဏ္ဍာရေးမျှတစွာ သုံးစွဲရေး စည်းမျဉ်းနှင့် ကိုက်ညီ လာစေရန် အတွက် အသင်းရှိ ကစားသမား အများစုကို ဖယ်ရှားပြီး ကစားသမားသစ် ခေါ်ယူအားဖြည့်မှု ပြုလုပ်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။
(Read More နှိပျပွီး သတငျးကို အဆုံးထိ ဆကျလကျ ဖတျရှုနိုငျပါတယျ။)

Daily Mail သတင်းစာ ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာနွေ ရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမား ၁၃ဦး အထိ ရောင်းချလာဖို့ ရှိနေပါတယ်။
ဒါပေမဲ့ယူနိုက်တက်ရဲ့နွေရာသီတိုက်စစ်မှူးပစ်မှတ်ဖြစ်တဲ့ အီဗန့်ဖာဂူဆန်ကတော့ ဘရိုက်တန်မှာပဲ ဆက်ကစားသွားဖို့ ရှိနေပါတယ်။
ယူနိုက်တက်ဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ကို တိုက်စစ်ကို အားဖြည့်ရန် စီစဉ်နေပြီး အသက် ၁၈နှစ် အရွယ်ရှိ အိုင်ယာလန် တိုက်စစ်မှူး အီဗန့်ဖာဂူဆန်မှာအဓိက ပစ်မှတ်ထဲမှာ ပါဝင်ပါတယ်။
အီဗန့်ဖာဂူဆန်ဟာ ငယ်စဉ်တုန်းက ဝိန်းရွန်းနီအမာခံပရိသတ်တစ်ဦးဖြစ်သလို ယူနိုက်တက် ပရိသတ် တစ်ဦးဖြစ်ပေမဲ့လည်း ဘရိုက်တန်နှင့်စာချုပ်သစ်ချုပ်ဆိုသွားဖို့ရှိနေပါတယ်။
ယူနိုက်တက်ဟာ လာမယ့်နွေရာသီတွင် တိုက်စစ်မှူးတစ်ဦး၊ အလယ်တန်း ကစားသမားတစ်ဦး၊ဗဟိုနောက်ခံလူ တစ်ဦးနှင့် ဂိုးသမားတစ်ဦးတို့ ခေါ်ယူရန်စီစဉ်ထားပါတယ်။
ဒါပေမဲ့ယူနိုက်တက်ဟာ ကစားသမားသစ်ခေါ်ယူသွားမှာဖြစ်သလို အသင်းရှိ ကစားသမားများကို ရှင်းထုတ်မှု ပြုလုပ်လာပါမယ်။
ယူနိုက်တက်က ငေ်းချလာမဲ့ ကစားသမားများထဲတွင် အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယား ထိပ်ဆုံးက ပါဝင်နေပြီး အန်တိုနီမာရှယ်၊ ဒွန်နီဗန်ဒီဘိခ်၊ အေရွန်ဝန်ဆစ်ဆာခါ၊ ဘရွန်ဒန်ဝီလီယံ၊အန်တိုနီအီလန်ဂါတို့ ပါဝင်သလို လက်ရှိ အချိန်တွင်အငှားဖြင့် သွားကစားနေတဲ့ အဲလက်စ်တဲလ်လက်စ်နှင့် အဲရစ်ဘိုင်လီတို့လည်းပါဝင်ပါတယ်။
ဒါ့အပြင်နောက်ခံလူများဖြစ်ကြတဲ့ ဗစ်တာလင်ဒီလော့ဖ်၊ ဖီးလ်ဂျုုံးစ်တို့ပါဝင်ပါတယ်။ယူနိုက်တက်ဟာ စကော့ မက်တိုမီနေးကိုလည်း ပေါင်သန်း၅၀ ရရှိလာမည် ဆိုပါက ရောင်းချသွားပါဦးမယ်။