ပွဲတချို့ လွဲမယ့် ရက်ဖို့ဒ်၊ ဖီယွန်နု တိုက်စစ်မှုး၊ ဘယ်လင်ဟမ် ဝင်ချိန်ခြင်း၊ ဘစ်ဆာကာ၊ မက်ဂွဲရားတို့နဲ့ မန်ယူ ထူးခြား သတင်းတိုများ
မန်ယူ အသင်းခေါင်းဆောင် မက်ဂွဲရားက ရာသီကုန်ရင် နည်းပြ တန်ဟက်နဲ့ ဆွေးနွေးမှု ပြုလုပ်ပြီး သူ့ အနာဂတ်ကို ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လာပါတယ်။
အဲဗာတန်နဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့တဲ့ မန်ယူ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်က ပွဲ အနည်းငယ်ကို လွဲချော်ဦး မှာ ဖြစ်တယ်လို့ နည်းပြ တန်ဟက်က အတည်ပြုလာပါတယ်။ ဒါကြောင့် ဒီကြားရက် ဆီဗီလာနဲ့ ပွဲမှာတော့ ရက်ဖို့ဒ် မပါနိုင်တော့ပါဘူး။
(Read More နှိပျပွီး သတငျးကို အဆုံးထိ ဆကျလကျ ဖတျရှုနိုငျပါတယျ။)

ဝက်စ်ဟမ်း အသင်းဟာ လာမယ့်နွေမှာ ယူနိုက်တက် နောက်ခံလူ ဝမ်ဘစ်ဆာကာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ရာသီကုန် ပရီးမီးယားလိဂ်မှာ တင်ကျန်မလား ဆိုတာပေါ် မူတည်ပြီးမှ လှုပ်ရှားလာမှာပါ။
ဒေါ့မွန် ကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူရေးမှာ လီဗာပူးက နောက်ဆုတ်သွားတဲ့နောက် မန်ချက်စတာ ယူနိုက်တက်က ဝင်ရောက် ကြိုးပမ်းတော့မယ်လို့ သိရပါတယ်။
စူပါကွန်ပျူတာရဲ့ နောက်ဆုံးထွက် ခန့်မှန်းမှာတော့ မန်ယူက ချန်ပီယံလိဂ် ဝင်ခွင့် ရမှာ ဖြစ်ပေမယ့် အဆင့် ၄ ပဲ ရလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဖီယွန်နု တိုက်စစ်မှုး ဆန်တီယာဂို ဂျီမီနက်ဇ် ကို ခေါ်ယူဖို့ အလွန် စိတ်ဝင်စားနေပြီး ကင်းထောက်တွေ စေလွှတ် စောင့်ကြည့်နေပါတယ်။
ဒီရာသီ ဆန်းဒါးလန်း အသင်းမှာ အငှား ကစားရင်း ခြေစွမ်းပြနေတဲ့ အာမက် ဒီယာလို က အနာဂတ်မှာ မန်ချက်စတာ ယူနိုက်တက် စီနီယာ အသင်းကြီးမှာ ကစားဖို့ စိတ်ကူး အိပ်မက် ရှိထားကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။
ယူနိုက်တက်ရဲ့ အသင်းကို ရောင်းချရေး အစီအစဉ်တွေဟာ ရှုပ်ထွေးနေပြီး ကမ်းလှမ်းမှုတွေကို တတိယအကြိမ် လက်ခံ စဉ်းစားဦးမယ် လုပ်လာတာကြောင့် ဂယ်ရီနဗီးလ်ကတော့ ဂလေဇာ မိသားစု ဟာ အဆင့် မရှိဘဲ အဆိပ် အတောက် ဆန်ဆန် အသင်းကို ကိုင်တွယ်နေကြောင်း ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။