တိုက်စစ်မှုး ရက်ဖို့ဒ် လွဲချော်နိုင်တဲ့ မန်ယူ အရေးကြီးပွဲ ၈ ပွဲ နဲ့ ထပ်တိုး ဒဏ်ရာရ အသင်းသား ၂ဦး

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ် ဟာ အဲဗာတန် နဲ့ ပွဲက ဒဏ်ရာကြောင့် ဆီဗီးလား နဲ့ ကစားရမယ့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ကို ပါဝင်နိုင်တော့မှာ မဟုတ်သလို ရက်သတ္တပတ် အနည်းငယ် အနားယူရမယ်လို့ အသင်းက ထုတ်ပြန် အသိပေးထားပါတယ်။

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ရက်ဖို့ဒ်ဟာ သီတင်းပတ် ၃ ပတ်ခွဲလောက်ထိ မန်ယူပွဲတွေကို လွဲချော်ဖို့ ရှိနေတယ် လို့ သိရပါတယ်။

(Read More နှိပျပွီး သတငျးကို အဆုံးထိ ဆကျလကျ ဖတျရှုနိုငျပါတယျ။)

အကယ်လို့ သတင်းတွေ ဖော်ပြခဲ့ကြတဲ့အတိုင်း ရက်ဖို့ဒ် တကယ်ပဲ အနားယူရမယ်ဆိုရင် အင်္ဂလန်သားဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ လာမယ့် ပွဲစဉ် ၈ ပွဲ အထိကို လွဲချော်သွားဖို့ ရှိနေပါတယ်။

ရက်ဖို့ဒ် လွဲချော်နိုင်ခြေ ရှိနေတဲ့ ပွဲစဉ်တွေကတော့ –

ဆီဗီလာ (အိမ်) ယူရိုပါလိဂ်
နော်တင်ဟမ် ဖောရက်စ် (အဝေး) EPL
ဆီဗီလာ (အဝေး) ယူရိုပါလိဂ်
ဘရိုက်တန် (အဝေး) FA ဖလား
တော့တင်ဟမ် (အဝေး) EPL
အက်စတွန် ဗီလာ (အိမ်) EPL
ဘရိုက်တန် (အဝေး) EPL
ဝက်စ်ဟမ်း (အဝေး) EPL တို့ပဲ ဖြစ်ပါတယ်။

ဆီဗီးလာနဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲ မှာတော့ နောက်ထပ် ၂ဦး ဖြစ်တဲ့ ဂါနာချို နဲ့ လုခ်ရှော တို့လည်း ယူရိုပါလိဂ် ပွဲကို လွဲကြမယ်ဆိုတဲ့ အကြောင်း နည်းပြ တန်ဟတ် က အတည်ပြု ပြောဆိုသွားခဲ့ ပါတယ်။

“သူတို့ ၂ ယောက် မကစားနိုင်သေးပါဘူး ။ ဂါနာချို့ ဒဏ်ရာက ရှော ထက်တောင် ပြင်းပါတယ် ။ ရှော ကတော့ သိပ်မကြာခင် ပြန်လာမယ်လို့ မျှော်လင့်ရတာပါပဲ” လို့ တန်ဟက်က ဆိုခဲ့တာပါ။

ဆုဖလား အခွင့်အရေးတွေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အရေးကြီး ပွဲစဉ်တွေ ရှိနေတဲ့ ရာသီနှောင်းပိုင်းမှာ ခုလို ဒဏ်ရာ ပြသနာတွေ ပေါ်လာတာက နည်းပြ တန်ဟက်နဲ့ မန်ယူ အသင်းအတွက် စိုးရိမ်ဖွယ် ထိုးနှက်ချက် ဖြစ်နေပါတယ်။