နိုင်ရင် တမျိုး မနိုင်ရင်တမျိုး ဝေဖန်ကြသူတွေ အပေါ် မန်ယူနည်းပြ တန်ဟက် သည်းမခံဘဲ တုန့်ပြန်ပါပြီ

ကြားရက်က ဆီဗီလာနဲ့ပွဲမှာ ဂိုးပြတ် အနိုင်ရနေပြီးမှ သရေပဲ ရယူနိုင်ခဲ့တာကြောင့် ဝေဖန်မှု တွေ ရှိနေတဲ့ အပေါ်မှာ မန်ယူနည်းပြ အဲရစ်တန်ဟတ်က တုံ့ပြန်လိုက်ပြီး ဖြစ် ပြီးမှ လာပြီး မဝေဖန်ကြနဲ့လို့ ပြန်ပြောပါတယ်။

ကြာသပတေးနေ့က ပွဲမှာဆို ရင် နည်းပြတန်ဟတ်တစ်ယောက် နည်းစနစ်ပိုင်း အမှားတွေကို ဆက်တိုက် လုပ်ခဲ့တယ်ဆိုပြီး ပရိသတ်တွေနဲ့ ဘောလုံးရေးရာ ဝေဖန်သူတွေက ပုတ်ခတ်ခဲ့ကြတာကြောင့် အေဂျက် နည်းပြဟောင်းက နယ်သာလန်မှာ သုံးလေ့ရှိတဲ့ စားပုံတစ်ခုကို သုံးပြီး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

(Read More နှိပျပွီး သတငျးကို အဆုံးထိ ဆကျလကျ ဖတျရှုနိုငျပါတယျ။)

အဲဒီလို ဝေဖန်တဲ့နေရာမှာ တန်ဟတ်က ” You are looking a cow in the ass ” ဆိုတဲ့ စကားပုံကို သုံးနှုန်းခဲ့တာဖြစ်ပြီး ဆိုလိုရင်းကတော့ ဖြစ်ပြီးမှ ထွက်ပေါ်လာတဲ့ ရလဒ်ကိုကြည့်ပြီး ဝေဖန် အပုတ်ချတာမျိုးလို့ ဆိုလိုတာဖြစ်ပါတယ်။

ဆီဗီလာနဲ့ပွဲမှာ တန်ဟတ်ဟာ ကစားပုံ ကောင်းနေတဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ အန်တိုနီကို လူစားလဲ ပစ်ခဲ့ပြီး ဒါဟာ နှစ်ဝါ တစ်နီနဲ့ အထုတ်ခံရမယ့် အရေးကို ကြိုတင် ရှောင်လွှဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

” ဘရူနိုက ဘောလုံးတွေ လိုက်ပြီး ဖျက်ထုတ်ပစ်နေတယ်လေ။ နောက်တစ်ခါဆိုရင် အဲဒီကောင် အထုတ်ခံရမှာ။ အန်တိုနီ ကျတော့လည်း ၂-၀ နဲ့ ဦးဆောင်နေချိန်မှာ အားလုံး အဆင်ပြေနေတယ်။ ပွဲကောင်း တစ်ပွဲ ကစားနေတာ။

ဒါကြောင့် တစ်ယောက်ချင်း ရင် ဆိုင်ထိပ်တိုက်တွေ့တာမျိုးတွေ မလုပ်ရဘူးလေ။ မလိုအပ်ဘူး။ ပြိုင်ဘက်ကို အပူတပြင်းဖိအားပေးမယ်ဆိုရင် အထုတ်ခံရမယ့်ကိန်းမျိုးရှိတယ်။ အဲဒီလို အန္တရာယ်မျိုးနဲ့ ကျွန်တော် မစွန့်စားချင်ဘူး။ ဒါကြောင့် ဒါမျိုးကိုတော့ ကျွန် တော်လာခဲ့တဲ့နေရာက ဒီလိုပြောကြတယ်။

” You are looking a cow in the ass . ဟုတ်တယ်။ အဲဒီလို ပြောကြတယ်။ ကျွန်တော့်ရဲ့ ဒေသဖြစ်တဲ့ နယ်သာလန်မှာတော့ အဲဒီလို ပြောကြတာ။ ဒါက လွယ်တယ်လေ။ ဒါပေမဲ့ အဲဒီလိုမျိုး အထုတ်ခံလိုက်ရပြီဆိုပြန်ရင်လည်း မင်းက ဘာလို့ သူတို့ကို လူစား မလဲတာလဲ။ ဘာလို့များ အန္တရာယ်နဲ့ စွန့်စားတာမျိုးတွေ လုပ်ရတာလဲဆိုပြီး ပြောကြဦးမယ် ” လို့ တန်ဟတ်က ပြောသွားခဲ့တာပါ။

တန်ဟတ်ဟာ ဆီဗီလာနဲ့ပွဲမှာ လူစားလဲမှု ၅ ကြိမ်အထိကို လုပ်ပစ်ခဲ့တာကြောင့် နောက်ခံလူ မာတီနက်ဇ် ဒဏ်ရာ ရချိန်မှာ လူစားထိုးခွင့် မရှိတော့ဘဲ ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရတာပါ။