ပွဲပြီးရင် ထုတ်ခံရမှာ ပူနေရတဲ့ နည်းပြ၊ ပစ်မှတ်ထားနေတဲ့ အင်တာ နောက်ခံလူနဲ့ ဖူလ်ဟမ် ကွင်းလယ်၊ မန်ယူ သတင်းတိုများ စုစည်းမှု
စပါးတိုက်စစ်မှုး ဟယ်ရီကိန်းဟာ ယူနိုက်တက်နဲ့ ဘိုင်ယန်တို့ဆီက စိတ်ဝင်စားမှုကို ရနေပေမယ့်လည်း စပါးက နည်းပြသစ် ခန့်အပ်လိုက်တာနဲ့ အသင်းမှာ စာချုပ်သစ်ကိစ္စကို ပြန်သုံးသပ်ဖို့ စောင့်ဆိုင်းသွားမှာဖြစ်ပါတယ်။
ဖူလ်ဟမ်ဟာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူ ပါလင်ညာအတွက် တန်ကြေးကို ပေါင်သန်း ၆၀ တောင်းဆို သွားမှာ ဖြစ်ပါတယ်။
ဒီည ဖောရက်စ်နဲ့ ပွဲမှာ မန်ယူက ၂-၀ နဲ့ နိုင်မယ်လို့ ဝါရင့် ကလောင်ရှင် လော်ရိုးက ဟောကိန်း ထုတ်သွားပြီး ဒီပွဲ အပြီးမှာ ဖောရက်စ် နည်းပြ စတိကူးပါး ထုတ်ပယ်ခံရမှာ စိုးရိမ်တယ်လို့လည်း ၎င်းက ဆိုခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။ )

မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီးဟာ အင်တာမီလန် ဗဟိုနောက်ခံလူ ဘာစတိုနီကို နွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ချယ်ဆီးဟာ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရပဲနဲ့တောင် နာပိုလီ တိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူနိုင်တယ်လို့ ယုံကြည်မှု ရှိနေပါတယ်။ အိုဆီမန် ကို မန်ယူကလည်း ကိန်းကို မရရင် ခေါ်ဖို့ ရည်ရွယ်နေတာပါ။
ပဲလေ့စ် တိုက်စစ်မှူး ဇာဟာက ရာသီကုန်မှာ ဖရီးအေးဂျင့် ဖြစ်လာတဲ့အခါ ဆော်ဒီကိုသွားဖို့ အခွင့်အရေး ရှိပေမယ့် ငြင်းပယ်ပြီး ဥရောပမှာပဲ ဆက်ကစားသွားမှာ ဖြစ်ပါတယ်။ ဇာဟာ ကို မန်ယူကြယ်ပွင့်ဟောင်း ရော်နယ်ဒို ကစားနေတဲ့ အယ်နာဆာ ကလပ် က ခေါ်ယူလိုနေတာပါ။