မန်ယူနဲ့ မန်စီးတီး အိုးထရက်ဖို့ဒ်မှာ ထိပ်တိုက်တွေ့ပွဲအတွက် ဘိုးတော် လော်ရိုးရဲ့ သုံးသပ်ခန့်မှန်းချက်

မန်ချက်စတာ မြို့ခံ နှစ်သင်း ဖြစ်တဲ့ မန်ယူနဲ့ မန်စီးတီးတို့ဟာ မနက်ဖြန် နိုဝင်ဘာ ၆ ရက်၊ စနေနေ့၊ ည ၇ နာရီ အိုးထရက်ဖို့ဒ်ကွင်းမှာ ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဝါရင့်ကြီး လော်ရိုးကတော့ မန်ယူနဲ့ မန်စီးတီးတို့ရဲ့ မန်ချက်စတာ ဒါဘီပွဲအတွက် အခုလို သုံးသပ် ခန့်မှန်း ထားပါတယ်။

” ပြီးခဲ့တဲ့အပတ် စပါးအသင်းကို အနိုင်ခဲ့တာက မန်ချက်စတာ ယူနိုက်တက်အတွက် ကောင်းမွန်တဲ့ ရလဒ်ဖြစ်ခဲ့တယ်။ ဒါပေမယ့်လို့ ပွဲကို တကယ်ကြည့်တယ်ဆိုရင် စပါးက မျှော်လင့်ချက်မဲ့နေတာကို မြင်ကြပါလိမ့်မယ်။

ကြားရက်က အတ္တလန်တာကို ၂-၂ သရေကျတဲ့ ပွဲမှာတော့ အိုလီရဲ့ အသင်းသားတွေ ခြေစွမ်းက အသင်း တစ်သင်း အဖြစ်နဲ့ ပိုကောင်းလာခဲ့ပါတယ်။ အဲဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက်မှာ ကြီး ၃ ကြီးလို့ ကျနော် သတ်မှတ်ထားတဲ့ ရော်နယ်ဒို၊ ကာဗာနီနဲ့ ဖာနန်ဒက်စ်တို့ တို့ ပါဝင်ခဲ့တယ်။

သူတို့က ချန်ပီယံလိဂ်မှာလည်း ဂိုးတွေ သွင်းနိုင်ခဲ့တယ်။ ဒါပေမယ့်လို့ အီတလီမှာ သူတို့က ဆိုးရွားတဲ့ ဂိုးတွေလည်း ပေးခဲ့ရပြီး ဒီတပတ်မှာ မန်စီးတီးကို ဂိုး မပေးရအောင် သူတို့ လုပ်နိုင်မယ်လို့ မထင်ပါဘူး။ ” လို့ လော်ရိုးက သုံးသပ် ထားပါတယ်။

မစ္စတာ လော်ရိုး ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၁-၂ မန်စီးတီး ဖြစ်ပါတယ်။

ZG

မန္ခ်က္စတာ ျမိဳ႔ခံ နွစ္သင္း ျဖစ္တဲ့ မန္ယူနဲ႕ မန္စီးတီးတို႔ဟာ မနက္ျဖန္ နိုဝင္ဘာ ၆ ရက္၊ စေနေန႔၊ ည ၇ နာရီ အိုးထရက္ဖို႔ဒ္ကြင္းမွာ ပရီးမီးယားလိဂ္ပြဲ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္။

ဘီဘီစီ သတင္းဌာနမွ ပင္တုိင္ သံုးသပ္သူ ဝါရင့္ၾကီး ေလာ္ရိုးကေတာ့ မန္ယူနဲ႕ မန္စီးတီးတို႔ရဲ႕ မန္ခ်က္စတာ ဒါဘီပြဲအတြက္ အခုလို သံုးသပ္ ခန္႔မွန္း ထားပါတယ္။

” ျပီးခဲ့တဲ့အပတ္ စပါးအသင္းကို အႏုိင္ခဲ့တာက မန္ခ်က္စတာ ယူႏုိက္တက္အတြက္ ေကာင္းမြန္တဲ့ ရလဒ္ျဖစ္ခဲ့တယ္။ ဒါေပမယ့္လို႔ ပြဲကို တကယ္ၾကည့္တယ္ဆိုရင္ စပါးက ေမွ်ာ္လင့္ခ်က္မဲ့ေနတာကို ျမင္ၾကပါလိမ့္မယ္။

ၾကားရက္က အတၱလန္တာကို ၂-၂ သေရက်တဲ့ ပြဲမွာေတာ့ အိုလီရဲ႕ အသင္းသားေတြ ေျခစြမ္းက အသင္း တစ္သင္း အျဖစ္နဲ႕ ပိုေကာင္းလာခဲ့ပါတယ္။ အဲဒီပြဲမွာ မန္ခ်က္စတာ ယူႏုိက္တက္မွာ ၾကီး ၃ ၾကီးလို႔ က်ေနာ္ သတ္မွတ္ထားတဲ့ ေရာ္နယ္ဒို၊ ကာဗာနီနဲ႔ ဖာနန္ဒက္စ္တို႔ တို႔ ပါဝင္ခဲ့တယ္။

သူတို႔က ခ်န္ပီယံလိဂ္မွာလည္း ဂိုးေတြ သြင္းႏုိင္ခ့ဲတယ္။ ဒါေပမယ့္လို႔ အီတလီမွာ သူတို႔က ဆိုးရြားတဲ့ ဂိုးေတြလည္း ေပးခဲ့ရျပီး ဒီတပတ္မွာ မန္စီးတီးကို ဂိုး မေပးရေအာင္ သူတို႔ လုပ္နိုင္မယ္လို႔ မထင္ပါဘူး။ ” လို႔ ေလာ္ရိုးက သံုးသပ္ ထားပါတယ္။

မစၥတာ ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ ၁-၂ မန္စီးတီး ျဖစ္ပါတယ္။