သူ ယုံကြည်မှု ပေးခဲ့တဲ့ မန်ယူ ကစားသမားတွေက ယုံဖို့ မထိုက်တန်ဘူး လို့ တန်ဟက် တည့်ပဲ အပြစ်တင် လိုက်ပါပြီ
မနေ့ညက မန်ချက်စတာ ယူနိုက်တက်က အဝေးကွင်းမှာ ဆီးဗီးလာကို ဂိုးပြတ် အရေးနိမ့်ပြီး ယူရိုပါလိဂ်ကနေ ထွက်လိုက်ရတဲ့နောက် မန်ယူ နည်းပြတန်ဟက်က သူ့အသင်းသားတွေကို အပြစ်တင်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ အညံ့ဆုံးသော အဝေးကွင်း ခြေစွမ်းမျိုးကို ပြသခဲ့ကာ ဆိုးရွားလွန်းတဲ့ အမှားတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီဂီယာရဲ့ ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်က မက်ဂွဲရားကို ဖိအားတွေ များစေခဲ့ပြီး သွင်းဂိုး ခွင့်ပြုစေခဲ့တာပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒီပွဲမှာ ဘရူနို ဖာနန်ဒက်စ်၊ မာတီနက်စ်နဲ့ ဗာရန်းတို့ မပါနိုင်ခြင်းက မန်ယူရဲ့ ပွဲ ရလဒ် ဆိုးရွားစေခဲ့သလားလို့ ပွဲ အပြီးမှာ တန်ဟက်ကို မေးခွန်းထုတ်ခဲ့ကြရာ တန်ဟက်ကတော့ ကွင်းထဲက သူတွေကိုပဲ ပြောရမှာ ဖြစ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။
” သူတို့နဲ့ မဆိုင်ပါဘူး။ ကွင်းထဲက ကစားသမားတွေကြောင့်ပါ။ သူတို့ စွမ်းဆောင်နိုင်မယ် ကျနော် ယုံကြည် ပေးခဲ့ ပေမယ့် သူတို့ကတော့ ယုံကြည်ပေးဖို့ မလုံလောက်ဘူး ဆိုတာကို ပြသသွားပါတယ်။ ” လို့ တန်ဟက်က တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ယူရိုပါလိဂ်ကနေ ထွက်ရပေမယ့် တနင်္ဂနွေနေ့ ဝင်ဘာလေမှာ ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ကို အာရုံစိုက်ဖို့ နည်းပြတန်ဟက်က သတိပေးရင်း သူ့ကစားသမားတွေကို ဝေဖန်သွားခဲ့ပါတယ်။
တန်ဟက်က ” ကျနော်တို့ ပိုကောင်းကောင်း လုပ်ရမယ်၊ ဒါက တောင်းဆိုမှုပဲ။ ဒီပွဲမှာ ကျစ်ကျစ်လစ်လစ် မရှိသလို တည်ငြိမ်မှုလည်း မရှိခဲ့ဘူး။ ဖိအားပေးမှုတွေ အနိုင်မယူနိုင်ဘဲ ခံစစ်မှာ နေရာလွတ်တွေ အများကြီး လုပ်ပေးခဲ့တယ်။ ပွဲစတည်းက ဒီလို ဖြစ်နေခဲ့ပါတယ်။
ထိပ်တိုက် တိုက်ပွဲတွေမှာ အရေးနိမ့်ခဲ့တယ်။ ဆီးဗီလာက ကျနော်တို့ထက် ပိုပြီး ပြင်းပြထက်သန်ခဲ့တယ်၊ လိုအင် ဆန္ဒရှိခဲ့တယ်၊ ပိုပြီးလိုချင်ခဲ့တယ်။ အဲ့တာတွေက ပွဲကို အနိုင်ရဖို့ ခက်ခဲစေခဲ့ပါတယ်။
ကျနော်တို့ ထွက်ပြေးမှာ မဟုတ်ပါဘူး။ တနင်္ဂနွေနေ့က နောက်ထပ် အခွင့်အရေးပါ။ ပိုကောင်းတဲ့ အမူအကျင့်နဲ့ စရိုက်ကောင်းတွေ ပြသရပါမယ် ” လို့ တုန့်ပြန်ခဲ့တယ်။