စပိန်ရောက်မှ ဝယ်ကြဦးမလားလို့ ဈေးဗန်းပေါ် တင် ရောင်းခံနေရတဲ့ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်းများ
ပရီးမီးယားလိဂ်မှာ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ ကြယ်ပွင့်တွေ ဖြစ်တဲ့ ကော်တင်ညိုနဲ့ အီဒင် ဟာဇက်တို့ဟာ စပိန်ကလပ် ဘာစီလိုနာနဲ့ ရီးရဲလ် မက်ဒရစ်တို့ ရောက်မှ ဈေးဗန်းပေါ်တင် ပြန်ရောင်းခံ နေရတဲ့ အနေအထားမျိုး ရင်ဆိုင်နေရပါတယ်။
ဘာစီလိုနာအသင်းဟာ လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အသင်းရဲ့ ကော်တင်ညိုကို စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ယူနိုက်တက် အသင်းဆီကို ရောင်းချလိုနေပါတယ်။

ကြွယ်ဝချမ်းသာလွန်းတဲ့ ပိုင်ရှင်သစ်လက်အောက်ကို ရောက်ရှိသွားခဲ့ပြီဖြစ်တဲ့ နယူးကာဆယ်အသင်းဟာ ဘာစီလိုနာအသင်းမှာ ရုန်းကန်နေရတဲ့ ပရီးမီးယားလိဂ် ကစားသမားဟောင်း ကော်တင်ညို ကို မျက်စိကျနေပါတယ်။
ဘာစီလိုနာကလည်း ကော်တင်ညို လို ကစားသမားကို အရန်အနေနဲ့ ထားပေမယ့် ပေးနေရတဲ့ လုပ်ခ များနေတာကြောင့် အပြီး ဝယ်ယူခွင့် ပါတဲ့ ကနဦး အငှားနဲ့ ဆိုရင်ကို လက်လွှတ်ချင်နေပါတယ်။
တဖက်မှာလည်း ချယ်ဆီးမှာ တောက်ပခဲ့တဲ့ ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်မှာ နည်းပြ အန်ဆယ်လော့တီ အကြိုက် ကစားသမား မဟုတ်တာကြောင့် နေရာ မရသေးဘဲ ရှိနေပြီး ဇန်နဝါရီမှာ အရောင်းစာရင်း တင်ခံရတော့မှာ ဖြစ်ပါတယ်။
စပိန်မှာ ၂ရာသီ ကြာခဲ့တာတောင် ဒဏ်ရာများနဲ့ ရုန်းကန်နေခဲ့ရဲ့ ဟာဇက်ဟာ ဒီရာသီ အစွမ်းကုန် ကြိုးစားမယ် ရည်ရွယ်ခဲ့ပေမယ့် နည်းပြရဲ့ မျက်နှာသာပေးခြင်း မခံရပါဘူး။ ရီးရဲလ်ဟာ မန်ချက်စတာ ယူနိုက်တက်ထံ ဆက်သွယ်ခဲ့ပြီး ဟာဇက်ကို ခေါ်ဖို့ မေးခဲ့ပေမယ့် မန်ယူကတော့ ပယ်ချခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ကတော့ ဟာဇက်ကို ရောင်းထုတ်ရေး ပြောင်ပြောင်တင်းတင်း ဆက်လုပ်သွားဖွယ် ရှိနေပြီး တချိန်က ပရီးမီးယားလိဂ် ကြယ်ပွင့်တွေဟာ လာလီဂါမှာ ကျရှုံးနေပြီ ဖြစ်ပါတယ်။

ZG
ပရီးမီးယားလိဂ္မွာ လွ်မ္းလွ်မ္းေတာက္ ေက်ာ္ၾကားခဲ့တဲ့ ၾကယ္ပြင့္ေတြ ျဖစ္တဲ့ ေကာ္တင္ညိဳနဲ႕ အီဒင္ ဟာဇက္တို႔ဟာ စပိန္ကလပ္ ဘာစီလိုနာနဲ႕ ရီးရဲလ္ မက္ဒရစ္တို႔ ေရာက္မွ ေစ်းဗန္းေပၚတင္ ျပန္ေရာင္းခံ ေနရတဲ့ အေနအထားမ်ိဳး ရင္ဆိုင္ေနရပါတယ္။
ဘာစီလိုနာအသင္းဟာ လာမယ့္ ဇန္နဝါရီလ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ေစ်းကြက္အတြင္းမွာ အသင္းရဲ႕ ေကာ္တင္ညိဳကို စိတ္ဝင္စားေနတဲ့ ပရီးမီးယားလိဂ္ ကလပ္ နယူးကာဆယ္ ယူႏိုက္တက္ အသင္းဆီကို ေရာင္းခ်လိုေနပါတယ္။
ၾကြယ္ဝခ်မ္းသာလြန္းတဲ့ ပိုင္ရွင္သစ္လက္ေအာက္ကို ေရာက္ရွိသြားခဲ့ၿပီျဖစ္တဲ့ နယူးကာဆယ္အသင္းဟာ ဘာစီလိုနာအသင္းမွာ ႐ုန္းကန္ေနရတဲ့ ပရီးမီးယားလိဂ္ ကစားသမားေဟာင္း ေကာ္တင္ညိဳ ကို မ်က္စိက်ေနပါတယ္။
ဘာစီလိုနာကလည္း ေကာ္တင္ညိဳ လို ကစားသမားကို အရန္အေနနဲ႕ ထားေပမယ့္ ေပးေနရတဲ့ လုပ္ခ မ်ားေနတာေၾကာင့္ အျပီး ဝယ္ယူခြင့္ ပါတဲ့ ကနဦး အငွားနဲ႕ ဆိုရင္ကို လက္လႊတ္ခ်င္ေနပါတယ္။
တဖက္မွာလည္း ခ်ယ္ဆီးမွာ ေတာက္ပခဲ့တဲ့ ဟာဇက္ဟာ ရီးရဲလ္မက္ဒရစ္မွာ နည္းျပ အန္ဆယ္ေလာ့တီ အၾကိဳက္ ကစားသမား မဟုတ္တာေၾကာင့္ ေနရာ မရေသးဘဲ ရွိေနျပီး ဇန္နဝါရီမွာ အေရာင္းစာရင္း တင္ခံရေတာ့မွာ ျဖစ္ပါတယ္။
စပိန္မွာ ၂ရာသီ ၾကာခဲ့တာေတာင္ ဒဏ္ရာမ်ားနဲ႕ ရုန္းကန္ေနခဲ့ရဲ့ ဟာဇက္ဟာ ဒီရာသီ အစြမ္းကုန္ ၾကိဳးစားမယ္ ရည္ရြယ္ခဲ့ေပမယ့္ နည္းျပရဲ႕ မ်က္နွာသာေပးျခင္း မခံရပါဘူး။ ရီးရဲလ္ဟာ မန္ခ်က္စတာ ယူနိုက္တက္ထံ ဆက္သြယ္ခဲ့ျပီး ဟာဇက္ကို ေခၚဖို႔ ေမးခဲ့ေပမယ့္ မန္ယူကေတာ့ ပယ္ခ်ခဲ့ပါတယ္။
ရီးရဲလ္မက္ဒရစ္ကေတာ့ ဟာဇက္ကို ေရာင္းထုတ္ေရး ေျပာင္ေျပာင္တင္းတင္း ဆက္လုပ္သြားဖြယ္ ရွိေနျပီး တခ်ိန္က ပရီးမီးယားလိဂ္ ၾကယ္ပြင့္ေတြဟာ လာလီဂါမွာ က်ရံႈးေနျပီ ျဖစ္ပါတယ္။