မန်ယူတိုက်စစ်ထဲမှာ အန်တိုနီက ဆန်ချိုထက်တော့ သာတယ်လို့ ထောက်ပြသွားတဲ့ ဂျင်မီ ကာရေဂါ
မန်ချက်စတာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ကနေ ထွက်ခွာလိုက်ရတဲ့ ရှုံးပွဲ အပြီးမှာ လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါက အခြား မန်ယူကြယ်ပွင့်တွေကိုသာ ပြစ်တင်ခဲ့ပေမယ့် အန်တိုနီဘက်ကနေ ကာကွယ် ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။
ယူနိုက်တက် တစ်သင်းလုံးဟာ ဆီဗီလာကို ရင်ဆိုင်ပြီး သူ့ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ မလုပ်နိုင်ခဲ့ကြပေမယ့် ဆန်ချိုနဲ့ ဝမ်ဘစ်ဆာကာတို့ဟာ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်တွေကြောင့် ပွဲချိန်တဝက်မှာ လူစားလဲခံလိုက်ရပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဆန်ချိုဟာ ၂၀၂၁ မှာ ဒေါ့မွန်ကနေ ပေါင် ၇၃သန်းနဲ့ ပြောင်းလာပြီးနောက်ပိုင်း မျှော်လင့်ချက်တွေကို ရေစုန်မျော စေခဲ့တာဖြစ်သလို အန်တိုနီဟာ အိုးလ်ထရက်ဖို့ဒ်ဟာ သူ့ထက်စာရင် ပိုပြီးတော့တောင် လုပ်ပြနိုင်ပြီးသားဖြစ်တယ်လို့ ကာရေဂါက ယုံကြည်နေတာပါ။
အန်တိုနီဟာ ဒီရာသီမှာ ဝေဖန်မှုများစွာ ခံခဲ့ရပေမယ့် သူ့လောက် အပြစ်တင်မခံရတဲ့ ဆန်ချိုထက် ပိုမို သာလွန် ကောင်းမွန်ခဲ့တယ်လို့ ကာရေဂါက ဆိုပါတယ်။
“၂နှစ်အတွင်း ဆန်ချို လုပ်ခဲ့တာထက်ပိုပြိး အန်တိုနီက ၆လအတွင်းမှာ လုပ်ပြခဲ့တာပါ။ ဒါတောင်မှ အန်တိုနီက အတော်လေး ဝေဖန်ခံရပြီး ဆန်ချိုကတော့ နည်းနည်းလေးပဲ အပြောခံရတယ်”လို့ ကာရေဂါက မှတ်ချက်ပေးခဲ့ပါတယ်။
နည်းပြ အဲရစ်တန်ဟက်ကတော့ တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်ကို အပြစ်တင်ခဲ့ပါတယ်။
“ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင်လုပ်ရမယ်။ ဒါ တောင်းဆိုမှုပဲ။ ကျွန်တော်တို့မှာ တည်ငြိမ် ရင့်ကျက်မှုမရှိခဲ့ဘူး။ ဖိအားပေးတာတွေကို မကျော်လွှားနိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် အနောက်မှာ နေရာလွတ်တွေ အများကြီး ဖြစ်နေတယ်။ ယှဉ်လုတာတွေမှာ ရှုံးနိမ့်ခဲ့တယ်။
ပြိုင်ဘက်အသင်းက ပိုပြီး စိတ်ဓာတ်ပြင်းပြမှုရှိခဲ့တာကြောင့် ကျွန်တော်တို့အတွက် ခက်ခဲခဲ့ပါတယ်။ ဒီညမှာ ကျွန်တော်တို့က အဆင်သင့် မဖြစ်နေခဲ့ဘူး။ တကယ်ဆို ဒီလိုအဆင့်မှာ မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးရရင် ပွဲတိုင်းအတွက် အဆင်သင့် ဖြစ်နေရမှာပါ”လို့ တန်ဟက်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မက်ဂွိုင်းယားရဲ့ အမှားကနေ ဆီဗီလာဟာ စောစောစီးစီး ဂိုးရသွားခဲ့ပြီးနောက် ဒုတိယပိုင်း ပြန်စတဲ့အချိန်မှာ နောက်တကြိမ် ထပ်မံဂိုးသွင်းယူခဲ့တာပါ။ ဒီနှစ်ဂိုးလုံးမှာ ဒီဂီယာ အပြစ်မကင်းခဲ့ပေမယ့် တတိယဂိုးမှာတော့ သူ့ရဲ့ အမှား လုံးဝကို ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။