အင်္ဂါနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ
မန်ယူကတော့ ဆန်ချို နဲ့ ဗာရန်း ၂ ယောက်ပေါင်းအတွက် ပေါင်သန်း ၁၀၀ ကျော်အသုံးပြုထားပြီးဖြစ်တာကြောင့် ဒီရာသီမှာတော့ ကိန်း အတွက် နောက်ထပ် ပေါင်သန်း ၁၀၀ ကျော်အသုံးပြုဖို့ ဆန္ဒမရှိတော့ဘူးလို့သိရပါတယ်။ တကယ်လို့ ကိန်း သာ ဒီရာသီမှာ အသင်းမပြောင်းဖြစ်ရင်တော့ နောက်ရာသီမှာ ခေါ်ယူဖို့ အစီအစဉ်ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။
PSG နဲ့ သတင်းထွက်နေတဲ့ ပေါ့ဘာ ရဲ့ အပြောင်းအရွှေ့ကတော့ ဖြစ်လာဖို့ရာခိုင်နှုန်းအတော်လေးနည်းနေပါပြီ။ ပြင်သစ်စူပါဖလား ဗိုလ်လုပွဲအပြီးမှာ ပေါ့ဘာ နဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို PSG နည်းပြ ပိုချက်တီနို က လက်ရှိအသင်းမှာရှိတဲ့ ကစားသမားတွေနဲ့တင် လုံလောက်နေပြီလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

စပါးအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို လာရောက်ဖို့ ပျက်ကွက်ခဲ့တဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်း ကို မန်ယူအသင်းက ဒီရာသီမှာခေါ်ဖို့အစီအစဉ်မရှိပဲ နောက်ရာသီမှသာ ခေါ်ယူဖို့ကြိုးစားမယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။
ကိန်း ဟာ မန်ချက်စတာမြို့ခံ ၂ သင်းရဲ့ ကာလရှည်ပစ်မှတ်ထားခြင်းကို ခံနေရတဲ့သူဖြစ်ပြီး ဒီရာသီမှာ အသင်းပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ မန်စီးတီးအသင်းဆီ ရောက်တော့မယ်ဆိုပြီး သတင်းတွေကျယ်ကျယ်လောင်ထွက်ပေါ်ခဲ့ပေမဲ့ သူ့ရဲ့အပြောင်းအရွှေ့ဟာ အခုထိမသေချာမရေရာသေးပါဘူး။
ဆန်ချို နဲ့ ဗာရန်း တို့ကို ဆက်တိုက်ခေါ်ယူခဲ့ပြီးသလို ပေါ့ဘာ ကလည်း အသင်းမှာဆက်နေဖို့များလာတာကြောင့် မန်ယူအသင်းအနေနဲ့ နောက်ထပ်ကစားသမားခေါ်ယူဖို့ အတော်လေးရာခိုင်နှုန်းနည်းနေပြီလို့ ဆိုရမှာပါ။
ဘရန့်ဖို့ဒ် နဲ့ ကစားခဲ့တဲ့ခြေစမ်းပွဲမှာ ကမ္ဘာ့အဆင့်သွင်းဂိုးတဂိုးကိုသွင်းပြခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ပါရဲရား ကတော့ ဒီရာသီ မန်ယူအသင်းမှာ အရေးပါတဲ့နေရာကနေပါဝင်ခွင့်မရရင် အသင်းပြောင်းဖို့အသင့်ရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။
မန်ယူအသင်းကခေါ်ယူမယ်လို့ သတင်းတွေထွက်နေတဲ့ ဝုဗ်လ် အသင်းရဲ့ ပေါ်တူဂီကွင်းလယ်လူ ရူဘင် နီဗက်စ် ကလည်း နည်းပြအသစ်နဲ့ အလုပ်တွဲလုပ်ရတာကို ပျော်ရွှင်နေပြီး အသင်းပြောင်းဖို့ စိတ်ကူးမရှိတော့ဘူးလို့ သိရပါတယ်။

ZG
မန္ယူကေတာ့ ဆန္ခ်ိဳ နဲ႔ ဗာရန္း ၂ ေယာက္ေပါင္းအတြက္ ေပါင္သန္း ၁၀၀ ေက်ာ္အသုံးျပဳထားၿပီးျဖစ္တာေၾကာင့္ ဒီရာသီမွာေတာ့ ကိန္း အတြက္ ေနာက္ထပ္ ေပါင္သန္း ၁၀၀ ေက်ာ္အသုံးျပဳဖို႔ ဆႏၵမရွိေတာ့ဘူးလို႔သိရပါတယ္။ တကယ္လို႔ ကိန္း သာ ဒီရာသီမွာ အသင္းမေျပာင္းျဖစ္ရင္ေတာ့ ေနာက္ရာသီမွာ ေခၚယူဖို႔ အစီအစဥ္ရွိတယ္လို႔ သတင္းေတြအရ သိရပါတယ္။
PSG နဲ႔ သတင္းထြက္ေနတဲ့ ေပါ့ဘာ ရဲ႕ အေျပာင္းအေ႐ႊ႕ကေတာ့ ျဖစ္လာဖို႔ရာခိုင္ႏႈန္းအေတာ္ေလးနည္းေနပါၿပီ။ ျပင္သစ္စူပါဖလားဗိုလ္လုပြဲအၿပီးမွာ ေပါ့ဘာ နဲ႔ ပတ္သက္ၿပီး မီဒီယာေတြရဲ႕ ေမးျမန္းမႈကို PSG နည္းျပ ပိုခ်က္တီႏို က လက္ရွိအသင္းမွာရွိတဲ့ ကစားသမားေတြနဲ႔တင္ လုံေလာက္ေနၿပီလို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။
စပါးအသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္ကို လာေရာက္ဖို႔ ပ်က္ကြက္ခဲ့တဲ့ အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္း ကို မန္ယူအသင္းက ဒီရာသီမွာေခၚဖို႔အစီအစဥ္မရွိပဲ ေနာက္ရာသီမွသာ ေခၚယူဖို႔ႀကိဳးစားမယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။
ကိန္း ဟာ မန္ခ်က္စတာၿမိဳ႕ခံ ၂ သင္းရဲ႕ ကာလရွည္ပစ္မွတ္ထားျခင္းကို ခံေနရတဲ့သူျဖစ္ၿပီး ဒီရာသီမွာ အသင္းေျပာင္းေ႐ႊ႕ဖို႔ စိတ္အားထက္သန္ေနပါတယ္။ မန္စီးတီးအသင္းဆီ ေရာက္ေတာ့မယ္ဆိုၿပီး သတင္းေတြက်ယ္က်ယ္ေလာင္ထြက္ေပၚခဲ့ေပမဲ့ သူ႔ရဲ႕အေျပာင္းအေ႐ႊ႕ဟာ အခုထိမေသခ်ာမေရရာေသးပါဘူး။
ဆန္ခ်ိဳ နဲ႔ ဗာရန္း တို႔ကို ဆက္တိုက္ေခၚယူခဲ့ၿပီးသလို ေပါ့ဘာ ကလည္း အသင္းမွာဆက္ေနဖို႔မ်ားလာတာေၾကာင့္ မန္ယူအသင္းအေနနဲ႔ ေနာက္ထပ္ကစားသမားေခၚယူဖို႔ အေတာ္ေလးရာခိုင္ႏႈန္းနည္းေနၿပီလို႔ ဆိုရမွာပါ။
ဘရန္႔ဖို႔ဒ္ နဲ႔ ကစားခဲ့တဲ့ေျခစမ္းပြဲမွာ ကမာၻ႔အဆင့္သြင္းဂိုးတဂိုးကိုသြင္းျပခဲ့တဲ့ ဘရာဇီးလ္ကြင္းလယ္လူ ပါရဲရား ကေတာ့ ဒီရာသီ မန္ယူအသင္းမွာ အေရးပါတဲ့ေနရာကေနပါဝင္ခြင့္မရရင္ အသင္းေျပာင္းဖို႔အသင့္ရွိတယ္လို႔ ဝန္ခံခဲ့ပါတယ္။
မန္ယူအသင္းကေခၚယူမယ္လို႔ သတင္းေတြထြက္ေနတဲ့ ဝုဗ္လ္ အသင္းရဲ႕ ေပၚတူဂီကြင္းလယ္လူ ႐ူဘင္ နီဗက္စ္ ကလည္း နည္းျပအသစ္နဲ႔ အလုပ္တြဲလုပ္ရတာကို ေပ်ာ္႐ႊင္ေနၿပီး အသင္းေျပာင္းဖို႔ စိတ္ကူးမရွိေတာ့ဘူးလို႔ သိရပါတယ္။