ဖလား ၃ လုံး ရနိုင်ခြေ ရှိနေတဲ့ ပက် ဂွာဒီယိုလာက မြို့ခံ ပြိုင်ဘက် မန်ယူအသင်း ကို ရန်စ
စီးတီး နည်းပြ ပက် ဂွါဒီယိုလာက အက်ဖ်အေဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် အနေနဲ့ မန်စီးတီးက ယခုရာသီမှာ ဆုဖလား ၃ လုံးလမ်းကြောင်းပေါ်မှာ ရှိနေသေးတာကို ကြောက်ရွံ့နေစရာ မလိုဘူးလို့ ဟာသလုပ်ခဲ့ပါတယ်။
မန်ချက်စတာစီးတီးဟာ စနေနေ့ညက ရှက်ဖီးယူနိုက်တက်ကို မာရက်ဇ်ရဲ့ ဟက်ထရစ်နဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပြီးနောက် အက်ဖ်အေဖလားဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက် သို့မဟုတ် ဘရိုက်တန်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဂွါဒီယိုလာက သောကြာနေ့မှာ ဆုဖလား ၃ လုံးတပြိုင်နက်ရယူဖို့အတွက် ပြောဆိုမှုတွေကို ငြင်းပယ်ဖို့ ကြိုးစား ခဲ့ပေမယ့်လည်း မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေထဲမှာ မန်စီးတီးအနေနဲ့ ၎င်းတို့ရဲ့ ၁၉၉၉ ဖလား ၃ လုံး အောင်မြင်မှုအတိုင်း လိုက်လုပ်နိုင်မှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။
“သူတို့တွေ ကြောက်နေဖို့ မလိုပါဘူး။ ကျွန်တော်တို့က အိမ်နီးချင်းတွေပဲဟာ။ အိမ်နီးချင်းတွေက အမြဲတမ်း တစ်ယောက် အပေါ် တစ်ယောက် ကောင်းရမယ်လေ။ ” လို့ ဂွါဒီယိုလာ က ဆိုခဲ့တာပါ။
” ကျွန်တော် မနေ့က ပြောခဲ့တာက ဒီလို အခြေအနေမျိုးနဲ့ ကျွန်တော်တို့က အဝေးကြီးမှာလို့ ပြောခဲ့တာပါ။ ဆုဖလား ၃ လုံးတပြိုင်နက်ရဖို့နဲ့ ဒီ ဆွေးနွေးမှုတွေနဲ့ပေါ့။ အိုကေ။ ပျော်စရာ အခိုက်အတန့်အတွက် ပြောတာက အဆင်ပြေပါတယ်။ ပကတိအမှန်တရားက ဒီကို လာဖို့ပါ။ ကျွန်တော် အကြိမ်ပေါင်းများစွာပြောခဲ့တယ်။
ဒီအသင်းကို၊ အသင်း တာဝန်ရှိသူတွေကို၊ နည်းပြအဖွဲ့ကို ကျွန်တော် အထင်အကြီးဆုံးအရာက နှစ်ပေါင်းများစွာ၊ ၆ နှစ်လောက်ကြပြီးတဲ့ နောက်မှာ ဆုဖလားတွေ ရပြီးရင်း ရနေတာပါ” ”လို့ ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် က ဒီည ဝင်ဘာလေမှာ ဘရိုက်တန်နဲ့ အက်ဖ်အေ ဆီမီးပွဲ ယှဉ်ပြိုင် ရမှာ ဖြစ်ပြီး အနိုင်ရ ဗိုလ်လုပွဲ တက်ရင် မန်စီးတီးနဲ့ ရင်ဆိုင်ရမှာပါ။