ဗိုလ်လုပွဲ ရောက်ပြီးနောက် ပြိုင်ဘက် မန်စီးတီးကို အနိုင်ကန်မယ် လို့ ဒီဂီယာ ကြိုတင် စိန်ခေါ်
မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ဝင်ဘာလေမှာ ဘရိုက်တန်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ ယှဉ်ပြိုင်ခဲ့ရာ ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ဖိုင်နယ်ပွဲကို တက်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီပွဲဟာ ပုံမှန် ပွဲချိန် မိနစ် ၉၀ အတွင်း အဖြေမပေါ်ခဲ့သလို အချိန်ပို ၁၅ မိနစ် နှစ်ကြိမ် ကစားရာမှာလည်း ဂိုးမရှိ သရေ ရလဒ်ပဲ ထွက်ခဲ့တာကြောင့် ပင်နယ်တီ အထိ ရောက်ခဲ့တာပါ။ ပင်နယ်တီမှာမှ ယူနိုက်တက်က ၇-၆ ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဆီမီးဖိုင်နယ်မှာ မန်ချက်စတာ ယူနိုက်တက်အတွက် လက်စွမ်းပြခဲ့တဲ့ ဂိုးသမား ဒီဂီယာက အက်ဖ်အေဖလား ဗိုလ်လုပွဲ မှာ တွေ့နေတဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးကို အနိုင်ယူဖို့ စိတ်ပြင်းပြနေပြီး ကြိုတင် စိန်ခေါ်စကား ဆိုလာပါတယ်။
မန်စီးတီးကလည်း စနေနေ့မှာ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ရှက်ဖီးယူနိုက်တက်ကို ၃-၀ နဲ့ သက်တောင့် သက်သာ အနိုင်ယူပြီး ဖိုင်နယ်တက်ရောက်ထားတာပါ။
မန်ချက်စတာနှစ်သင်းမြို့ခံ ဟာ ဒီရာသီမှာ ၂ ကြိမ် တွေ့ဆုံရာမှာ တစ်ကြိမ်စီ အနိုင်ရထားတာ ဖြစ်ပါတယ်။
မန်ယူ ဂိုးသမား ဒီဂီယာ က ‘ ဖိုင်နယ်ပွဲ ကစားရဖို့ အဝေးကြီး လိုနေပါသေးတယ်။ ဥရောပရဲ့ အကောင်းဆုံးတွေထဲက တစ်သင်းကို ကျနော်တို့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီရာသီ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ပွဲတုန်းက မန်စီးတီးကို ကျနော်တို့ အနိုင်ယူ ပြခဲ့ပြီးပါပြီ။ ဖိုင်နယ်မှာ အစွမ်းကုန် အားထုတ် ကြိုးစားမှာပါ။ ’ လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာနှစ်သင်းဟာ ဒီရာသီ ၂ ကြိမ် တွေ့ဆုံရာမှာ တစ်ကြိမ်စီ အနိုင်ရထားတာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဘရိုက်တန် လို အသင်းကောင်း တစ်သင်းကို ခက်ခဲစွာ အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်ကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်ကာ ဗိုလ်လုပွဲကို ဇွန် ၃ ရက်နေ့ ဝင်ဘာလေကွင်းမှာ မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။