ဖလားလက်မဲ့ ဖြစ်ပြန်တဲ့ ဒိုလေး၊ လီဗာကိုဗစ်ကို ကြိုးစားနေခြင်း၊ ဖာနန်ဒက်စ် လွဲမယ့် ပွဲနဲ့ နောက်ဆုံးရ မန်ယူ သတင်းများ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘရိုက်တန်ကြယ်ပွင့် ကွင်းလယ်ကစားသမား အယ်လီစတာ ကို ခေါ်ယူနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ် သတင်းရရှိပါတယ်။
ဝိန်းရူနီဟာ ခရစ္စတီယာနို ရော်နယ်ဒိုလိုသာ ကြိုးစားလေ့ကျင့်ခဲ့ရင် အခုထက် အများကြီးပိုကောင်းတဲ့ ကစားသမား ဘဝကို ရခဲ့လိမ့်မယ်လို့ ယူနိုက်တက် ဗဟိုနောက်ခံလူဟောင်း နီမန်ဂျာ ဗီဒစ်က ဆိုပါတယ်။
အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ် မှာ မန်ယူ အားထားရတဲ့ တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က ဒဏ်ရာ ရခဲ့တာကြောင့် တော့တင်ဟမ်နဲ့ ပွဲစဉ်ကို လွဲချော်ရနိုင်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒီရာသီမှာ ပွဲထွက်ခွင့်နည်းပါးနေတဲ့ ဆွီဒင်ကစားသမား လင်ဒီလော့ဖ်က ဝင်ဘာလေက အက်ဖ်အေပွဲမှာ ဘရိုက်တန် တိုက်စစ်ရဲ့ ဖိအားပေးမှုအတော်များများကို ကာကွယ်မှု ပြုလုပ်နိုင်ခဲ့တာကြောင့် ချီးကျူးမှုတွေ ခံယူနေရပါတယ်။
“ ကျွန်တော် အာဂျင်တီးနားအသင်းဂျာစီနဲ့အတူ သမိုင်းကြောင်းတွေ ရေးဖို့လိုအပ်ပါတယ်၊ ကျွန်တော် နည်းပြ တန်ဟက် ကို ကျေးဇူးပြုပြီး ယူ -၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ကျွန်တော့်ကို လွှတ်ပေးဖို့ တောင်းဆိုထားပါတယ် “ လို့ ဂနာချိုက ထုတ်ဖော် ပြောဆိုလာပါတယ်။
မန်ချက်စတာ ယူနိုက်တက်က ခရိုအေးရှား ထိပ်သီးအသင်း ဖြစ်တဲ့ ဒိုင်နမို ဇာဂရက်ဘ်ရဲ့ အသင်းခေါင်းဆောင်၊ ဂိုးသမား လီဗာကိုဗစ်ကို စာချုပ်ဖျက်သိမ်းကြေး ပေးကာ ခေါ်ယူရန် ကြိုးစားနေကြောင်း ခရိုအေးရှား အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
ကိန်းကို မရရင် ခေါ်ဖို့ မန်ယူ ချိန်ရွယ်နေတဲ့ နာပိုလီ တိုက်စစ်မှုး အိုဆင်ဟန်ကို ပီအက်စ်ဂျီ အသင်းက ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရသွားခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ရာသီက မန်ယူနဲ့ အတူ ဆုဖလားလက်မဲ့ရာသီ ပိုင်ဆိုင်ခဲ့တဲ့ စီ ရော်နယ်ဒိုဟာ ဒီရာသီဝက်မှာ ဆော်ဒီကလပ် အယ်နက်ဆာ ထံ ပြောင်းသွားပေမယ့် အာရှမှာလည်း အခြေမလှဘဲ ဖလားလက်မဲ့ ဒုတိယ ရာသီ ထပ်မံ ပိုင်ဆိုင်သွားရပါတယ်။