လာမယ့် ဇွန်မှာ ဆုံကြမယ်လို့ ဟယ်ရီကိန်းအား စပါးကွင်းထဲ အချက်ပြခဲ့ကြတဲ့ မန်ယူ ပရိသတ်များ
မနေ့ညက ပွဲမှာ မန်ယူအသင်း နိုင်ပွဲ မရခဲ့ပေမယ့် တော့တင်ဟမ် စပါး အသင်း တိုက်စစ်မှုး ဟယ်ရီကိန်း ကတော့ သူ့အနာဂါတ်အသင်းနဲ့တွေ့ဆုံမှုမှာ man of the match ခြေစွမ်းမျိုး ပြနိုင်ခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ လာမယ့်နွေမှာ မန်ယူကို ရောက်မယ်လို့ သတင်းတွေ အကြီးအကျယ် ထွက်ပေါ်နေတာပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မနေ့ည က ပွဲမှာလည်း စပါးကွင်းအတွင်းက မန်ယူ ပရိသတ်တွေဟာ ”လာမယ့် ဇွန်မှာ ငါတို့နဲ့တွေ့ကြမယ်”လို့ ဟယ်ရီကိန်းကိုရည်ရွယ်ပြီး သီချင်းလုပ်ဆိုခဲ့ကြပါတယ်။
တကယ်လည်း အင်္ဂလန် အသင်းခေါင်းဆောင်ဟာ အဲဒီပွဲမှာ သူဟာ မန်ယူ လိုအပ်နေတဲ့ကစားသမားမျိုး ဆိုတာ ပြနိုင်ခဲ့တာပါ။
သူဟာ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီး တိုက်စစ်ကစားဖော် ဆွန်ဟောင်မင်အတွက် အရေးပါတဲ့ဖြတ်ပို့ပေးမှု နှစ်ကြိမ် လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကိန်းဟာ အဲဒီပွဲက မန်ယူခံစစ်မှုးတွေဖြစ်တဲ့ လင်ဒီလော့ဖ်နဲ့ လုခ်ရှောတို့ကိုလည်း ပြသနာတွေအများကြီးပေးနိုင်ခဲ့တာပါ။
အထူးသဖြင့် ဒုတိယပိုင်းက ကိန်းရဲ့ အလုံးစုံပံ့ပိုးပေးနိုင်တဲ့ အကောင်းဆုံးခြေစွမ်းကြောင့် အဲဒီပွဲမှာ စပါးဟာ ပြန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဟယ်ရီကိန်းဟာ အဲဒီပွဲမှာ အခွင့်အရေးဖန်တီးနိုင်မှု အများဆုံးဖြစ်ခဲ့ပြီး ဘောလုံးပေးပို့တိကျနှုန်းကလည်း ၈၁ ရာခိုင်နှုန်း ရှိခဲ့တာပါ။ စပါးဥက္ကဌလီဗိုင်းကတော့ သူတို့ရဲ့ အကောင်းဆုံး ကစားသမားအတွက် ပေါင် သန်း ၁၀၀ ထက်မနည်းတောင်းဖို့ ရှိပါတယ်။
အင်္ဂလန်သား တိုက်စစ်မှုးကြီး ဟယ်ရီကိန်းကတော့ အခုရာသီကုန်မှာ သူ့အနာဂါတ်နဲ့ပတ်သက်လို့ ကြီးကြီးမားမား ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။ မန်ယူ ပရိသတ်တွေကတော့ သူတို့ လိုလားကြိုဆိုမှုကို စပါးကွင်းထဲမှာ အသိပေးခဲ့ပြီ ဖြစ်ပါတယ်။