မန်ယူနဲ့ သက်တမ်းတိုး စာချုပ်သစ် ချုပ်ပြီးနောက် နာမည်ကျော် ဂျာစီ နံပါတ်ကို အလိုရှိကြောင်း ဂါနာချို ဖော်ထုတ်
မန်ချက်စတာ ယူနိုက်တက်နဲ့ သက်တမ်းတိုး နှစ်ရှည် စာချုပ်သစ် ချုပ်ဆိုခဲ့တာ ရက်ပိုင်းပဲရှိသေးတဲ့ ဂါနာချိုဟာ နောက်ထပ် ကစားသမားဘဝ မှတ်တိုင်တစ်ခုကို ရရှိနိုင်ဖို့ ရည်မှန်းနေပါတယ်။
ဆိုရှယ်မီဒီယာပေါ်က သူ့ရဲ့လှုပ်ရှားမှုတစ်ခုအရ ရေရှည်ကစားမယ့် မန်ယူအသင်းမှာ ရည်မှန်းချက် မြင့်မြင့်မားမား ထားရှိနေတာ သေချာသလောက်ပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဂါနာချို ရဲ့ အိုင်ဒေါက မန်ယူရဲ့အကောင်းဆုံး နံပါတ် ၇ ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ စီရော်နယ်ဒိုဖစ် ပြါတယ်။ စီရော်နယ်ဒိုဟာ မန်ယူ ကစားသမားဘ၀ နှစ်ကြိမ်စလုံးမှာ အဲဒီနံပါတ်ဝတ်ပြီး ခြေစွမ်းပြခဲ့တာပါ။
စီရော်နယ်ဒိုမရှိတော့တဲ့နောက်ပိုင်း လစ်လပ်နေတဲ့ အဲဒီနံပါတ်ကို သူက ဆက်ခံချင်နေတာ ဖြစ်ပါတယ်။ မန်ယူနဲ့ စာချုပ်သစ် ချုပ်နိုင်ခဲ့တဲ့သတင်းကို ကြေညာလိုက်ပြီး နာရီပိုင်းအကြာမှာပဲ ဂါနာချိုဟာ Twitter ပေါ်က ပရိသတ် တစ်ယောက်ရဲ့ကွန်မန့်ကို Like လုပ်ခဲ့တာပါ။
”ဂါနာချိုကို နံပါတ် ၇ ပေးပါ”လို့ မန်ယူအသင်း ပရိသတ်တစ်ယောက်က တောင်းဆို လိုက်တာဖြစ်ပြီး အဲဒါကို အာဂျင်တီးနား လူငယ်လက်ရွေးစင်က Like လုပ်ခဲ့ပါတယ်။
အဲဒီနံပါတ်ကို အရင်က ဝတ်ဆင်ခဲ့ကြသူတွေဟာ ဂျော့ဘတ်စ်၊ ဒေးဗစ်ဘက်ခမ်နဲ့ ကန်တိုနာတို့လို အသင်းရဲ့ ဂန္ထဝင် တွေပါ။
အသက် ၁၈ နှစ်အရွယ် ကစားသမားတစ်ယောက်ကို အဲဒီ နံပါတ်ပေးလိုက်ခြင်းဖြင့် သူ့အရည်အသွေးအပေါ် မန်ယူက ဘယ်လောက်ယုံကြည်တယ်ဆိုတာကို ပြသရာ ရောက်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ လောလောဆယ် မန်ယူဘက်က အသင်းရဲ့ဂန္ထဝင်ကျောနံပါတ်ကို ဘယ်သူ့ပေးမယ်ဆိုတာ မသိရသေးပါဘူး။ စီ ရော်နယ်ဒို ထွက်ခွာသွားတည်းက လစ်လပ်နေတဲ့ နံပါတ် ၇ ကို နောက်ရာသီမှာတော့ တစ်ယောက်ယောက်က ဆက်ခံနိုင်ဖွယ် ရှိပါတယ်။