ဆရာကြီး ပေါမာဆန်ရဲ့ ဒီည မန်ယူ – အက်စတွန်ဗီလာပွဲ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ် ထွက်ပါပြီ
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနေ့ည ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာ အသင်းနဲ့ တွေ့ဆုံနေပါတယ်။ ဒီနှစ်သင်းဟာ အိုးထရက်ဖို့ဒ်မှာ ဒီ တနင်္ဂနွေနေ့ည ၇ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က မန်ချက်စတာ ယူနိုက်တက်နဲ့ အက်စတွန်ဗီလာ တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

” ဒီပွဲက စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။ ကြားရက်ညတုန်းက မန်ယူနိုက်တက်ဟာ ပထမပိုင်းမှာ ထိန်းချုပ် ကစားခဲ့ပေမယ့် ၂-၂ သရေရလဒ် ထွက်ပေါ်ခဲ့တယ်။ လူစားလဲမှု အနည်းငယ် ပြုလုပ်ခြင်းက ယူနိုက်တက်ကို ထိခိုက်စေခဲ့ပြီး စပါးတို့ အနိုင်ရဖို့တောင် ထိုက်တန်ခဲ့ပါတယ်။
အူနိုင်း အမ်မရီ လက်အောက်မှာ အက်စတွန်ဗီလာက အတော်လေးကို ခြေစွမ်း မြင့်တက်လာပါတယ်။ ဖူလ်ဟမ်ကို ရင်ဆိုင်တဲ့ ပွဲတုန်းက ဗီလာဟာ ပွဲကို လွှမ်းမိုးထားခဲ့ပြီး ပြိုင်ဘက်ကို ဂိုးပေါက်ကန်ချက် တစ်ကြိမ်တောင် ခွင့်မပေးခဲ့ဘူး။ ဗီလာက ယူနိုက်တက်ထက် ၆ မှတ်ပဲ လျော့နေပေမယ့် ၂ ပွဲပိုကစားထားတာ ဖြစ်ပါတယ်။
ကျနော့် တကိုယ်ရည် အမြင် အရတော့ ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာအတွက် လက်မှတ်ရထားပြီလို့ ထင်ပါတယ်။
ဒီပွဲက ပွဲကြီးတစ်ပွဲဖြစ်ပြီး ဗီလာတို့ အနိုင်ရမယ်ဆိုရင် ယူနိုက်တက်ရဲ့ ထိပ်ဆုံး ၄ သင်းဝင်ခွင့်ကို ဖိအား ဖြစ်လာ စေမှာပါ။ ဒါပေမယ့် လက်ကျန်ပွဲစဉ်တွေအရ ယူနိုက်တက်က အခွင့်အရေး ပိုကောင်းနေပါတယ်။ ဒီပွဲမှာတော့ နှစ်သင်း သရေကျသွားမယ် ထင်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၂ အက်စတွန်ဗီလာ ဖြစ်ပါတယ်။